ထားဝယ်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ကရာတေးဒိုသင်တန်းဖွင့်

0
473

ထားဝယ်တက္ကသိုလ်တွင် ပထမ ဆုံးအကြိမ် ကရာတေးဒိုသင်တန်းကို ဇူလိုင်လ ၅ ရက်က ဖွင့်လှစ်သင်ကြား ခဲ့ကြောင်း ထားဝယ်တက္ကသိုလ်မှ သိရသည်။


သင်တန်းအား တိုင်း အား/ကာ မှသင်တန်းဆရာများက လာရောက်ပို့ ချပြီး သင်တန်းကာလမှာ အချိန်တစ်လ ကြာမြင့်မည်ဟု ထားဝယ်တက္ကသိုလ် ဒဿနိကဗေဒဌာနမှကထိက ဦးစန်းယု ရှိန်က ဆိုသည်။ အခမဲ့သင်တန်းဖြစ်ပြီး သင်တန်းပြီးပါက ပြိုင်ပွဲပြုလုပ်ရန် စီစဉ် ထားသည်ဟု ဦးစန်းယုရှိန်က ပြောသည်။” ကိုယ့်ကိုလာပြီး အနိုင်ကျင့်လို့ ရှိရင် ပြန်ကာကွယ်လို့ ရအောင် သင်ဖြစ် တာ”  ဟု ထားဝယ်တက္ကသိုလ်မှ ရူပဗေဒ ဒုတိယနှစ် ကျောင်းသူ မလေးလေးဝါး က ဆိုသည်။
ယင်းသင်တန်းသို့ ထားဝယ်တက္က သိုလ်မှ ကျောင်းသူ ၃၃ ဦးနှင့် ကျောင်း သား ၁၆ ဦး တက်ရောက် သင်ကြား လျက်ရှိကြောင်းသည်။
ထို့အတူ အေရိုးဗစ်သင်တန်းကို ဖွင့်လှစ်လျက်ရှိရာ ကျောင်းသူ ၄၅ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း  ထားဝယ်တက္ကသိုလ်မှ သိရသည်။