ကျွန်းများပေါ်တွင် တားမြစ်ဆိုင်းဘုတ်များမထားရှိရန် ခရီးသွားကုမ္ပဏီများအား စာထုတ်

0
484

ကော့သောင်းခရိုင် မြိတ်ကျွန်းစုများ အတွင်းရှိ ခရီးသွားလုပ်ငန်းများလုပ်ကိုင် နေသည့်  ကျွန်းများပေါ်တွင်  ကျွန်းပေါ် မတက်ရ၊ ငါးမဖမ်းရ စသည့် တားမြစ် ဆိုင်းဘုတ်များ မထားရန် ကော့သောင်း မြို့နယ် အထွေအထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက ခရီးသွား ကုမ္ပဏီများကို ဇူလိုင် လ ၇ နေ့က စာထုတ်ထားသည်ဟု ကော့ သောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။


သဘာဝဘေး အန္တရာယ် ကြုံလာပါ က ရေလုပ်သားများကို ကျွန်းပေါ် တက်ခွင့်ပြုရန် အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့်  မြိတ် ကျွန်းစုရှိ ကျွန်း ၁၁ ကျွန်း မှ ခရီးသွား လုပ်ငန်း ကုမ္ပဏီများထံစာ ထုတ်ခဲ့သည် ဟု သိရသည်။
“ခရီးသွား လုပ်ငန်းလုပ်နေတဲ့ ကျွန်းအတော်များများက ကျွန်တော်တို့ ကမ်းနီးရေလုပ်သားတွေ ပင်လယ်မှာ မုန်တိုင်းလို အန္တရာယ်နဲ့ အရေးပေါ်ကြုံ လို့နီးရာကျွန်းတွေပေါ်ကို စက်လှေကပ် လို့မရပါဘူး၊ ကပ်ခွင့်မပေးဘူး” ဟု ကမ်းနီးရေလုပ်သား ဦးလေးကြီး တစ်ဦး က ပြောသည်။

kt_islands
ကျွန်းအနီး  ငါးမဖမ်းရဟု တား မြစ်ထားခြင်းမှာ ကျွန်းအနီးရှိ  ရေ အောက် သန္တာကျောက်တန်းများ၊ ငါးမျိုး စိတ်များ၊ ပျက်စီး ပျောက်ပျက်သွားမည် စိုးသည့်အတွက်ဖြစ်နိုင်သည်ဟု   ကော့ သောင်းခရိုင် ဟိုတယ်နှင့် ခရီးသွား ဌာန တာဝန်ရှိသူ တစ်ဦးကဆိုသည်။
ကျွန်းပေါ်တွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများက ယင်းသို့ တားမြစ်ဆိုင်း ဘုတ်ထားခြင်းကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇူလိုင်လ ၄ ရက်က ကော့သောင်းခရီးစဉ်တွင် ဝန်ကြီးချုပ်က ပြောပြီးနောက် ယင်းသို့ စာထုတ် လိုက် ခြင်းဖြစ်သည်။
“ကျွန်းတွေကို လုပ်ကိုင်ခွင့်ပေးတာ ကလည်း ကျွန်း ဧရိယာ သတ်မှတ်ပေးပြီး ငှားတာပါ၊ အပိုင်ပေးတာ မဟုတ်ပါဘူး၊ ကျွန်းငှားပြီးပင်လယ်ကိုပါ အဆစ်ပေး သလိုထင်နေရင်တော့မရဘူး”ဟု ၎င်းက ဆိုသည်။
ရာသီဥတုဒဏ်၊ သဘာဝဘေး အန္တရာယ်တစ်စုံတစ်ခုကြုံရပါက ငါးဖမ်းစက်လှေများသည် မည်သည့် ကျွန်းပေါ်မဆို တက်ရောက် ခိုကပ် နိုင်ရမည်ဖြစ်ပြီး သောက်သုံးရေ ရေချို အလိုရှိ၍ကျွန်းပေါ် ရေတက်ဖြည့်ခြင်း များကိုလည်း လုပ်ကိုင်ခွင့်ရ ကျွန်းများက ခွင့်ပြုပေးရန် ဝန်ကြီးချုပ်က မှာကြား ထားသည်။