ပေါင်မြို့နယ်တွင် အသည်းရောင် အသားဝါရောဂါ ပုံမှန်ထက် ထူးကဲဖြစ်ပွား

0
486

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသည်းရောင် အသားဝါရောဂါ (ဗ) အမျိုး အစားဖြစ်ပွားမှုပုံမှန်ထက်ထူးကဲ ဖြစ်ပွားနေကြောင်းမွန်ပြည်နယ် ကျန်းမာ ရေး ဦးစီးဌာနမှ သိရသည်။ မေလ ၇ ရက်နေ့က စတင်ဖြစ် ပွားပြီး မေလ ၃၀ ရက်အထိ ရောဂါဖြစ် ပွားသူ ၁၅၃ ဦး ရှိသည်ဟု အထက်ပါ ဌာနမှ သိရသည်။

ပေါင်မြို့နယ်၊ တစ်ခုတည်းတွင်သာ ထူးခြားဖြစ်ပေါ်နေပြီး မေလ ၁၉ ရက်တွင် ဇင်းကျိုက်မှ ပြင်ပဆရာဝန် များ၏ သတင်းပေးချက်အရ စတင် သိရခြင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာ ရေးမှူး ဒေါက်တာဇော်မင်းထွန်းက ပြော သည်။” အသေးစား သုတေသန လုပ် ကြည့်တော့ မသန့်ရှင်းတဲ့ အစား အသောက်နဲ့ ရေကနေ တဆင့် ကူးစက် တာ တွေ့ရတယ်၊ တခြားမြို့နယ်တွေ မှာတော့ မရှိသေးပါဘူး ” ဟု ဒေါက်တာ ဇော်မင်းထွန်းက ဆိုသည်။

ရောဂါကူးစက်မှု မဖြစ်ပွားစေရန် မြို့နေလူထုအားရေကို ကျိုချက်သောက် သုံးရန်၊ ကျောင်းများတွင် ရောဂါဖြစ်ပွား နေသည့် ကလေးများရှိပါက တစ်လ နားချိန်ပေးရန် မှာကြားထားသည်ဟု ၎င်းက ပြောသည်။ရောဂါကူးစက်ခံရသူများသည် ပျို့ ခြင်း၊ အန်ခြင်း၊ မျက်လုံးဝါခြင်း လက္ခဏာများ ဖြစ်ပွားတတ်ပြီး ရောဂါ လက္ခဏာသည် တစ်လကြာမှသာ ပေါ် လာတတ်သည်ဟု ၎င်းက ရှင်းပြသည်။

ရောဂါမဖြစ်ပွားအောင် တစ်ကိုယ် ရေသန့်ရှင်းမှုရှိအောင် နေထိုင်ခြင်း၊ ပြင်ပအစားစာမစားခြင်း၊ အစာမစား မီနှင့် အစာစားပြီး နောက် လက်ကို စင်ကြယ်အောင် ဆေးကြောခြင်းများ ပြုမူနေထိုင်ရန်လိုကြောင်းလည်း ပြော သည်။