ကော့သောင်းတွင် ဘတ်ငွေ ဈေးလှုပ်

0
380

ကော့သောင်း ဘတ်ငွေဈေးကွက်တွင် ယခုအပတ်အတွင်း မေလ ၂၆ရက် မှစပြီးငွေဈေး အလှုပ်အယမ်းများကြောင်း ကမ်းနားလမ်းတစ်လျှောက်ရှိ ဘတ်ငွေ လဲလှယ်နေသည့်ဆိုင်များမှ သိရသည်။

ယင်းနေ့ မတိုင်မီက ဘတ်ငွေဈေးသည် ၁ ဘတ် ဝယ်ဈေး ၃၃.၀၀ ကျပ်၊ ရောင်းဈေး ၃၃.၁၀ / ၃၃.၁၅ ကျပ် ရှိရာမှ မေလ ၂၆ ရက်နေ့တွင် ဝယ်ဈေး ၁ ဘတ် ၃၃.၅၀ ကျပ်မှ ၃၃.၆၀ ကျပ်သို့ တက်သွားပြီး ညနေပိုင်းတွင် ပြန်လည် ကျဆင်းခဲ့ ကြောင်း အဆိုပါဆိုင်များမှ သိရသည်။
“ေ ငွဈေးက အဓိကဒေါ်လာဈေး အတက်အကျပေါ်မူတည်ပြီး ပြောင်းလဲတာပါ၊ မြ၀တီဘက်နဲ့လည်းချိန်ပြီး အရောင်းအဝယ် လုပ်နေရတယ်၊ ကော့သောင်းမှာ ခုရက်တွေ ငွေရောင်းသူဝယ် သူအဝင်နည်းလာတော့ ဈေးလည်းမငြိမ်ဘူးဖြစ်နေတာပါ ” ဟု ဓမ္မာရုံ ကူးတို့ဆိပ်အနီးတွင် ဘတ်လဲလှယ်နေသူ ကိုညီညီက ဆိုသည်။

လက်ရှိတွင် ဘတ်ဈေး ပြန်ကျနေ ပြီး မေ ၂၇ ရက် ညနေပိုင်းတွင် ထိုင်းဘတ် ငွေ ၁ ဘတ်လျှင် ဝယ်ဈေး ၃၃.၃၀ ကျပ်၊ ရောင်းဈေး ၃၃.၄၀ထိ ထပ်မံကျသွားခဲ့ပြီး နောက်ထပ်လဲနေ့စဉ်ပြန်ကျနိုင်သည်ဟု ဘတ်ငွေလဲလှယ်သည့်ဆိုင်များက သုံးသပ် ပြောဆိုနေကြသည်။