အမှန်တကယ် အလုပ်မလုပ်သဖြင့် အများပိုင်ကုမ္ပဏီ မှတ်ပုံတင်ကြေးတိုးမြှင့်

0
501

အများပိုင်ကုမ္ပဏီများ အမှန်တကယ်အလုပ်မလုပ်ခြင်းကြောင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ကြေးကို ယခုနှစ်တွင် တစ်ဆကျော် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။

ယခင်နှစ်က အများပိုင်ကုမ္ပဏီကို မှတ်ပုံတင်ကြေး ၁၀သိန်းကျပ်နှုန်း ကောက်ခံ ပြီး ယခုနှစ်တွင် ၂၅ သိန်းကျပ် နှုန်းတိုးမြင့်ကောက်ခံမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ပြောသည်။

” အများပိုင်ကုမ္ပဏီတွေကို လေ့လာစောင့်ကြည့်တဲ့အချိန်မှာ အမှန်တကယ် အလုပ်မလုပ်တဲ့အတွက် အခုလိုတိုးမြှင့်ကောက်ခံတာပါ ” ဟု ၎င်းက ဆိုသည်။
သာမန်ကုမ္ပဏီများကိုမူ အာဆီယံစံနှုန်းအတိုင်း ကောက်ခံသွားမည် ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ပြောသည်။ လက်ရှိ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၁၅ ခုနှင့် သက်တမ်းလာတိုးသည့် ကုမ္ပဏီမှာ ၂ခုသာရှိကြောင်း သိရသည်။

ယင်းကုမ္ပဏီများအနက် အများစုမှာ ဆောက်လုပ်ရေးကုမ္ပဏီများဖြစ်ပြီး ကျန်လုပ်ငန်းများမှာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြောင်း သိရသည်။