ကမ်းဝေးငါးမဖမ်းရရာသီ အမှန်တကယ်ဖမ်းနိုင်သည့်လှေ၏ လေးဆယ်ရာခိုင်နှုန်းသာ ခွင့်ပြု

0
450

ကမ်းဝေး ငါးမဖမ်းရ ရာသီ သုံးလ အတွင်း ငါးဖမ်းကိရိယာအမျိုးအစား အလိုက် အမှန်တကယ်ဖမ်းနိုင်သည့် ငါး ဖမ်းလှေ၏ လေးဆယ်ရာခိုင်နှုန်းသာ ဖမ်းခွင့်ပြုမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

boat_seaငါးမဖမ်းရရာသီဖြစ်သည့် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ သုံးလအတွင်း ကမ်းဝေးငါးဖမ်း လိုင်စင် (၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်အထိ သက်တမ်းရှိ) ရှိသည့် အမှန်တကယ် ဖမ်းဆီးနိုင်သည့် လှေများ၏ ၄၀ ရာနှုန်း ကို သာခွင့်ပြုမည်ဖြစ်သည်။မိုးရာသီ ငါးမဖမ်းရ ရာသီတွင် ဖမ်းဆီးလုပ်ကိုင်နိုင်သည့် ဒရွတ်ဆွဲပိုက် လှေ ၆၂၈ စီး ၊ မြုံးလှေ ၅၆ စီး၊ မျှောပိုက် ၃စီးနှင့် ငါးမျှားတန်းလှေ ၃၃ စီး စုစု ပေါင်းအစီးရေ ၇၂၀ စီးရှိအနက် ငါးဖမ်း ကိရိယာ အမျိုးအစားအလိုက် ၄၀ ရာနှုန်းကိုသာ ခွင့်ပြုမည်ဖြစ်သည်။

 
ငါးဖမ်းကိရိယာအမျိုးအစား အလိုက်ဆိုသည်မှာ ဥပမာအားဖြင့် ဒရွတ်ဆွဲပိုက်လှေ ၆၂၈ စီးတွင် လေးဆယ်ရာခိုင်နှုန်းဖြစ်သည့် ၂၅၁စီး ကိုခွင့်ပြုမည်ဖြစ်သည်။
ငါးဖမ်း ကိရိယာအမျိုးအစား အလိုက် ခွင့်ပြုထားသည့် ငါးဖမ်းမည့် လှေ ၄၀ ရာခိုင်နှုန်းတွင် ပါဝင်သည့် လှေများအား သက်ဆိုင်ရာ ငါးလုပ်ငန်း အဖွဲ့ချုပ်များက နယ်မြေအလိုက် စာရင်း ပြုစုကာ ရုံးချုပ်သို့ တင်ပြသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
” ရုံးက စာရင်းသွားလုပ်ရင် သူဖမ်း ခွင့်ရတယ် ငါဖမ်းခွင့်ရတယ်ဆိုပြီး ပြော စရာများမှာစိုးလို့ သက်ဆိုင်ရာနယ်မြေ ငါးလုပ်ငန်းအဖွဲ့ချုပ်တွေကိုပဲ စာရင်း ပြုစုခိုင်းထားတယ်” ဟု ယင်းတာဝန် ရှိသူက ဆိုသည်။

 
ပြီးခဲ့သည့်၂၀၁၅ ခုနှစ်ကမူ ကမ်းဝေးငါးဖမ်းလှေများ၏ ၅၀ ရာခိုင် နှုန်းအား ဖမ်းဆီးခွင့်ပြုခဲ့ကြောင်း တိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။
လက်ရှိတွင် တိုင်းအတွင်း ဒရွတ် ဆွဲပိုက်လှေ ၆၂၈ စီး၊ ဝိုင်းချုပ်ပိုက်လှေ ၂၄၁ စီး၊ မျှောပိုက် ၃ စီး၊ ငါးမျှားတန်းလှေ ၃၃ စီး၊ ကင်းမွန်ဖမ်းလှေ ၃၅၁ စီးနှင့် မြုံးလှေ ၉၉ စီး စုစုပေါင်း ၁၃၅၅ စီးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။