ရဲတပ်ဖွဲ့များ မူးယစ်နှင့် လောင်းကစားမှုတွင် ပါဝင်က ပြတ်သားစွာ အရေးယူမည်ဟုဆို

0
474

မူးယစ်ဆေးဝါးနှင့် လောင်းကစား ကိစ္စများတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်ပါက ပြတ်ပြတ်သားသား အ ရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

ဘောလုံးလောင်းကစား၊ နှစ်လုံး သုံးလုံး ချဲထီလောင်းကစားတို့တွင် ရဲတပ်ဖွဲ့ဝင်အချို့ တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေပြီး အများအားဖြင့် လိုင်းကြေး ရယူကြောင်း စွပ်စွဲမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။ ထိုသို့သော ရဲတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်းဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း အထက်ပါ တိုင်းတာဝန် ရှိသူက ဆိုသည်။ “အရင်တုန်းက ဘုတ်ပြင်းတို့ တနင်္သာရီတို့ ဘက်မှာ အရေးယူထား တာရှိပါတယ်” ဟု ၎င်းက ဆိုသည်။

 
ရဲတပ်ဖွဲ့၏ ရက် ၁၀၀ စီမံချက်အရ ဘောလုံးလောင်းကစား၊ နှစ်လုံးနှင့် သုံးလုံးထီတို့ကို ထားဝယ်မြို့နယ် အ တွင်း ကင်းစင်အောင် လုပ်ဆောင်သွား မည်ဖြစ်ပြီး ပါဝင်ပတ်သက်သည့် ရဲတပ် ဖွဲ့ဝင် စစ်ဆေးပေါ်ပေါက်ပါက အရေး ယူသွားမည်ဟု ထားဝယ်မြို့နယ် ရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
” ပါဝင်ပတ်သက်တဲ့သူမှန်သမျှ အရာရှိ/တပ်သား ဘယ်သူဖြစ်ဖြစ် ပြတ် ပြတ်သားသား အရေးယူ သွားမယ်” ၎င်းက ပြောသည်။
မူးယစ်းဆေးဝါးနှင့်လောင်းကစား မှုတွင် ရဲတပ်ဖွဲ့ပါဝင်ပတ်သက်မှုကို ဖော် ထုတ်ရန် ပြည်သူလူထု၏ အကူအညီ ကိုလည်း လိုအပ်ကြောင်း ၎င်းက ဆို သည်။
“ပြောစကားထက် လက်တွေ့လုပ် ဆောင်မှု ရှိ/မရှိ ဆိုတာ ပြည်သူ တွေကတော့ စောင့်ကြည့်နေမှာပေါ့ ” ဟု အသက် ၃၈ နှစ်အရွယ် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

 
မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် လောင်းကစားမှုများ များလာခြင်းကြောင့် ထားဝယ်ဒေသတွင် ဆွဲကြိုးဖြတ်လုယက် မှုများနှင့် ဒုစရိုက်မှုများ လတ်တလော များပြားလာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ထင်မြင်ချက်ပေးသည်။တနင်္သာရီတိုင်းအတွင်း ဧပြီလ ၁ ရက်မှ မေလ ၁၈ ရက်အထိ လောင်း ကစားမှု ၆ မှု ဖမ်းဆီးရမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။