မောင်းမကန်ကမ်းခြေ အမှိုက် ကောက်လုပ်ငန်း လုပ်လိုသူရှိက လုပ်ကိုင်ခွင့်ပေးမည်

0
448

ထားဝယ်ဒေသရှိ မောင်းမကန် ကမ်းခြေသာယာလှပရေးအတွက် အ မှိုက်ကောက် လုပ်ငန်းဆောင်ရွက် လုပ် ကိုင်လိုသူများရှိပါက လုပ်ကိုင်ခွင့် ချ ထား ပေးမည်ဖြစ်ကြောင်း မောင်းမ ကန်ကမ်းခြေ သာယာလှပရေး ကော်မတီ (ယာယီ)မှ သိရသည်။


ကမ်းခြေရှိ စားသောက်ဆိုင် ပိုင် ရှင်များနှင့် ရပ်^ကျေး တာဝန်ရှိသူများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ကမ်းခြေ သာယာလှပရေး ကော်မတီ(ယာယီ)၏ မေလအတွင်းပြုလုပ်သည့် အစည်းအဝေး တွင်ယင်းသို့ချထားပေးရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ယင်းကော်မတီ နာ. ယ.က မောင်းမကန်ရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။

mgmagan_rabbish
” ဒီလို လုပ်သင့်နေတာက ကြာပြီ၊ နိုင်ငံခြားသားတွေက မောင်းမကန် ကမ်း ခြေကို အမှိုက်တွေနဲ့ ညစ်ပတ်တယ်လို့ အမြဲပြော နေကြတာ ” ဟု ထားဝယ် အခြေစိုက် ခရီးသွားကုမ္ပဏီတစ်ခုမှ တာ ဝန်ခံတစ်ဦးက ဆိုသည်။
မောင်းမကန်ကမ်းခြေ သာယာလှပ ရေးကော်မတီ(ယာယီ)၏ ရန်ပုံငွေ ရှာ ဖွေရေးကော်မတီကကမ်းခြေတွင် ရောင်း ချနေသည့် စားသောက်ဆိုင်များအား ငွေကြေးထည့်ဝင်စေကာ အမှိုက်ကောက် သည့် ဝန်ဆောင်မှုလုပ်ငန်းအား အခ ကြေးငွေပေးမည်ဖြစ်ကြောင်း ယင်း ကော်မတီထံမှ သိရသည်။
လက်ရှိတွင် မောင်းမကန်ကမ်းခြေရှိ စားသောက်ဆိုင်များမှ မိမိဆိုင်ဝန်းကျင်ရှိ အမှိုက်များကို နေ့စဉ်လိုက် ကောက် လျက်ရှိပြီးတနင်္လာနေ့တိုင်း ကမ်းခြေ တစ်လျှောက်ရှိဆိုင်များမှ တစ်ဆိုင်လျှင် တစ်ဦးနှုန်းဖြင့် အုပ်စုနှစ်စုခွဲ ကောက် လျက်ရှိကြောင်း မောင်းမကန်ကမ်းခြေ သာယာလှပရေးကော်မတီ(ယာယီ)မှ သိရသည်။
ကောက်ပြီးသည့် အမှိုက်များအား သတ်မှတ်နေရာတွင် သွားရောက်စွန့်ပစ် ရန် ဆိုင်ကယ်ဘေးတွဲများဖြင့် သယ် ဆောင်နေရသဖြင့်အမှိုက်သိမ်းမည့် ကား တစ်စီးရှိပါက အဆင်ပြေနိုင်မည် ဖြစ် ကြောင်း ဦးသန်းနိုင်က ဆိုသည်။
ထားဝယ်ဒေသရှိ မောင်းမကန် ကမ်းခြေသည် ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှု နှစ်စဉ်မြင့်တက်လာသည့် ကမ်းခြေ ဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကြောင့် ပျက်စီးသွားနိုင်သည်ဟု ဝေဖန် ခံနေရသည့် ကမ်းခြေတစ်ခုလည်း ဖြစ် သည်။