သစ်တောများ အပြောင်ရှင်းစနစ် ရပ်ဆိုင်းပေးရန်

0
406

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ဘောဆနွေးကျေးရွာ ဧရိယာအတွင်း ဆီအုန်းကုမ္ပဏီတစ်ခုက သစ်တောများ အပြောင်ရှင်း လုပ်ငန်းများ လုပ်ကိုင် နေသည်ကို ရပ်ဆိုင်းပေးရန် ရွာသား များက လက်မှတ်ရေးထိုး ပေးပို့ခဲ့ကြောင်း အဆိုပါ ရွာသားများထံမှ သိရသည်။


ယင်းသို့ သစ်တော အပြောင်ရှင်း သည်ကို ခေတ္တရပ်ဆိုင်းပေးထားရန် ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာထံ လိပ်မူပြီး မေလ ၁၂ ရက်က ရွာသား ၆ ဦးက လက်မှတ်ရေထိုး ပေးပို့ခဲ့ခြင်း ဖြစ်သည်။
Myanmar Stark Prestige Plantation (MSPP)  ဆီအုန်းကုမ္ပဏီမှ သစ်တော အပြောင်ရှင်း စနစ်ဖြင့် ခုတ် ထွင် ရှင်းလင်းမှုတို့ကြောင့် ဘောဆနွေး၊ သိမ်ပြင်၊ သာယာကုန်း၊ သရဘွင် အရှေ့ ကမ်းကျေးရွာ များတွင် သောက်သုံးရေ မရရှိသည့် အခက်အခဲများ ဖြစ်ပေါ်နေ ရပြီး ကျွဲနွား တိရိစ္ဆာန်များ သေဆုံးနေရ ကြောင်း ရွာသားတချို့က ပြောသည်။
ထို့အပြင် ဆီအုန်းစီမံကိန်းအတွက် ရွာသား ၃၇ ဦးထံမှ ဥယျာဉ် လယ်ဧက ၁၀၀၀ ကျော် သိမ်းဆည်းခံ ထားရသည့် အတွက် ယင်းကဲ့သို့ စာတင်ပြရခြင်း ဖြစ် ကြောင်း ရွာသားတစ်ချို့က ပြောသည်။
” ရွာသားတွေရဲ့ ဥယျာဉ်ပျိုးပင် တွေကို ဘတ်ဟိုးနဲ့ဝင်ရောက် ဖျက်ဆီးမှု တွေရှိနေသည့်အတွက် ရပ်ဆိုင်းပေးထား စေချင်တယ် ‘ ဟု ဘောဆနွေးရွာသား စောမောင်ထွေး က ပြောသည်။
MSPP ဆီအုန်းကုမ္ပဏီအနေဖြင့် ဘောဆနွေး နှင့် စွယ်ချောင်းရွာတို့တွင် အဝိဇီတွင်းနှစ်တွင်းနှင့် ရေတွင်း ၈ တွင်း တူး ပေးထားပြီးဖြစ်ကာ လက်ရှိ ရေရှား ပါးမှုတွင် နေ့စဉ် ရေကားနှစ်စီး ပို့ပေး နေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။သို့သော် ရွာသားများကမူ ရေတွင်းမှ ရေ အလုံအလောက် မထွက်သည့်အပြင် ရေ ကားများလည်း ပုံမှန်မလာဟု ပြောသည်။