အတွေးနှင့် ကြမ္မာ ဆက်စပ်ပါသည်

0
444

လူတစ်ယောက်က တစ်စုံတစ်ခုကို လုပ်သည့်အခါ ထိုသူနှင့်ရင်းနှီးသူ၊ အကြောင်းသိသူများက “ဒါ သူ့စရိုက် လေ” ဟု ပြောတတ်သည်။
လူတစ်ဦးနှင့်တစ်ဦးသည် အမူ အကျင့်၊ စရိုက်သဘာဝများ မတူကြ သည်ကို လူတိုင်းသိသည်။စိတ်သည်သာ အရာရာကိုဦးဆောင် သည်ဟူသည့်အချက်ကိုမူ ကောင်း ကောင်းသိထားသော်လည်း ခံယူချက်၊ အမူအကျင့်၊ စရိုက်သဘာဝများ တစ်ခု နှင့်တစ်ခု မည်သို့ဆက်စပ်သည်ကိုမူ လေးလေးနက်နက် မစူးစမ်းဖြစ်ခဲ့ပေ။

သင်တန်းတစ်ခုတွင်ဆွေးနွေးရန်အတွက် ဆရာကျော်ဝင်း ဘာသာပြန်သည့် “နှစ်ဆယ့်တစ်ရာစု သားရွှေဥ ” စာအုပ်ကို ပြန်ဖတ်ပြန်ဆင်ခြင်ရင်း အတွေး၊ အလုပ်၊ အကျင့်၊ စရိုက်နှင့် ကြမ္မာတို့၏ ဆက်စပ် နေမှုကို လင်းထင်းစွာ ပြန်မြင်ခဲ့သည်။ထိုစာအုပ်၏ အခန်း (၁) အကျင့် ထဲသို့ ဝင်ရောက်ခြင်းဟူသည့်အခန်းတွင် စာရေးဆရာကြီး ” ဆင်မျူရယ် စမိုင်း ” ကဗျာကို စာရေးဆရာ ကျော်ဝင်း ဘာသာပြန် ဖော်ပြထားသည်။
မူရင်းကဗျာ –

Sow a thought, and you reap an act;
Sow an act, and you reap a habit;
Sow a habit, and you reap a character;
Sow a character, and you reap a destiny;

ကို စာရေးဆရာ ကျော်ဝင်းက
အတွေးတစ်ခုစိုက်၊ ခြေလှမ်း တစ်ခု ရိတ်၊
ခြေလှမ်းတစ်ခုစိုက်၊ အကျင့်တစ်ခု ရိတ်၊
အကျင့်တစ်ခုစိုက်၊ စရိုက်တစ်ခု ရိတ်
စရိုက်တစ်ခု စိုက်၊ ကံကြမ္မာတစ်ခု ရိတ် ..။ ဟု ဘာသာပြန်သည်။
the_mon_thought
ကျောင်းသားဘ၀က ဖတ်ပြီးဖြစ် သော်လည်း ထိုစဉ်ကသဘောပေါက် မှု ခပ်ရေးရေးသာ။ စိတ်ထဲလည်း စွဲစွဲနစ် နစ်မဖြစ်ခဲ့။
ယခုအကြိမ်လောကထဲအတိုင်းအတာတစ်ခုအထိ ထဲထဲဝင်ဝင်ဖြတ်ပြီး ချိန် တွင် သင်တန်းတွင် လူငယ်များနှင့် အပြန်အလှန် ကောင်းမွန်စွာဆွေးနွေးနိုင် ရန်ပြန်ဖတ်စဉ် သဘောပေါက်မှုမှာ အတော်ကွာပေသည်။

ကဗျာကို နားလည်သလောက် အနက်ဖွင့်ရလျှင် မိမိစိတ် သဏ္ဍာန်တွင် တွေးတောနေမှုများသည်မိမိလုပ်သည့်အမှုကိစ္စများကို ဦးဆောင်နေသည်။
ထိုအမှုကိစ္စများကိုအဖန်ဖန်ပြုလာသည့်အခါ အကျင့်ဖြစ်လာသည်။ ထို အကျင့်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားပါမူ စရိုက် တစ်ခုမည်လာမည်။ ထိုစရိုက် ကပင် ကိုယ့်ကံကြမ္မာအကောင်းအဆိုးများ ကို ဖန်တီးမည်။

အတွေးနှင့်အပြု
ကဗျာကိုခံစား ဆင်ခြင်သည့်အခါ မိမိ၏ ကံကြမ္မာအကောင်း အဆိုးသည် မိမိ၏ စိတ်သဏ္ဍာန်တွင် မည်သို့တွေး တောနေသည်နှင့် ဆက်စပ်နေသည်။ တွေးတောနေသည့်အမှု တိုင်းအား လုပ်ဖြစ် မည်မဟုတ်သော်လည်း တွေးတောမှု၊ ရှုမြင်မှု၊ ခံယူမှုများသည် မိမိပြုသမျှအမှု များ၏ အရင်းမူလဇစ်မြစ် ဖြစ်သည်။

မိမိမကျေနပ်သူတစ်ဦးအား စိတ် ထဲတွင်ဒေါသတကြီး ထိုးနှက်ကန်ကျောက် နေသော်လည်း တကယ့်လက် တွေ့တွင်မူ ယင်းတို့လုပ်ဖြစ်ချင်မှလုပ် ဖြစ်မည်။
သို့သော် ယင်းစိတ်အခံ ယင်းဒေါသ သည်စိတ်တွင်မိုင်းတစ်လုံးကဲ့သို့စုကိန်းနေပြီး ထိုသူနှင့်ဆက်စပ်သည့်အခြား အမှုများပြုသည့်အခါတွင် ဆင်ခြင်တုံ တရားအပေါ် မူတည်ပြီး အနည်းနှင့်အများ ပါဝင် ပတ်သက်တတ်၊ ပေါက်ကွဲတတ် သည်ကို တွေ့ရသည်။
အရပ်စကားဖြင့်ပြောကြသည့် တေး မှတ်ထားသည်နှင့် တူမည်ထင်ပါသည်။

လူမှုရေးအရသော်လည်းကောင်း၊ ဥပေဒေကိုကြောက်၍သော်လည်း ကောင်း၊ မိမိ၏ ကိုယ်ပိုင်အသိ ကျင့်ဝတ် စောင့်စည်း မှုအရသော်လည်းကောင်း စိတ်ထဲတွင် တွေးနေသည့်မကောင်းသည့် အတွေးအကြံများအား ထိန်းသိမ်း စောင့် စည်း တတ်ရသည်။ ယင်းဘောင်များကို မကျော်လွန်ဘဲ စိတ်ထဲဖြစ်နေသည့် ဒေါသသည် အမှတ်တကယ်ပြုလုပ်သည့် အဆင့်သို့ရောက်မည် မဟုတ်ပေ။
ဒေါသမဖြစ်၊ စိတ်ညစ်စိတ်ယုတ်များ မဝင်အောင် ကြိုးစားနိုင်လျှင်မူပိုကောင်း ပေသည်။ ယင်းသို့ဖြစ်ရန်မှန်ကန်သည့် စိတ်ခံယူချက်များ ကိန်းအောင်း တပ်စွဲနိုင် အောင်ကနဦး ကြိုးစားရပေမည်။ မိမိစိတ် ကိုမိမိ ရိုးသားစွာဖြင့် အဖန်ဖန်သုံးသပ် ခြင်း၊ ဆင်ခြင်ခြင်းက အဖြေဖြစ်ပေမည်။ တွေ့လာသည့်အဖြေကိုလည်း အမှန်တကယ်ကျင့်သုံးအားထုတ်ရန်လိုပေမည်။

အပြုနှင့်အကျင့်
ကာယကံမြောက် ပြုမူသည့်အဆင့် အထိ ရောက်ခဲ့သည့်အရာတိုင်းသည်မှာ မူ ကံကြမ္မာနှင့် တိုက်ရိုက် ပတ်သက်သွား ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အကျင့်နှင့် စရိုက်များသည် ကာယကံမြောက်ပြုမှုသည့်အမှုကိစ္စတိုင်းနှင့် ဆက်စပ်နေသည်။
ငယ်စဉ်ကတည်းက စောစောအိပ်ရာ မထတတ်သည့်သူတစ်ယောက်အား အသက် ကြီးလာမှ စောစောအိပ်ရာထ အောင် ပြုပြင်ရသည်မှာ အလွန်ခက်ပေသည်။
သူ၏ ကိုယ်ခံအားကလည်း ညဥ့် ဘယ်လောက်နက်နက်နေထိုင်ပြီး မနက် စောစောထရလျှင် တနေကုန်နှုံးချိသည် ဟူသည့်အခြေအနေမျိုး ဖြစ်နေတတ် သည်။
အဖန်ဖန် စောစီးစွာအိပ်ယာ မထ ခြင်းက ထိုသူအား ယင်းအခြေအနေသို့ တွန်းပို့ခဲ့ခြင်း ဖြစ်သည်။
ဘယ်လောက်စောစောအိပ်အိပ် မနက်စောစောမထနိုင်သည်မှာ အကျင့် ကြောင့်ဖြစ်ပြီး ဘယ်လောက်နောက်ကျမှ အိပ်အိပ်မနက်မိုးလင်းလျှင် မအိပ်တတ် တော့သည်မှာ အကျင့်ကြောင့် ဖြစ်သည်။
ယင်းတို့သည် ဖန်တရာတေပြုမူလာ သည့်ပြုမူမှုများကြောင့်ပင်ဖြစ်သည်။

အကျင့်နှင့် စရိုက်
စိတ်ရှိတိုင်း လုပ်တတ်သည့်အလေ့ အထစွဲနေသည့် သူတစ်ယောက်အား ဆင်ခြင်တုံတရားအကြောင်း တရား ဟောရမည်ဆိုပါက ဟောရင်း ပျံလွန် တော်မူရမည့်ကိန်းနှင့် နီးစပ်သည်မှာ သေချာပေသည်။
အခြားကြောင့် မဟုတ်သူ၏ အရိုး စွဲနေသည့် အကျင့်ကြောင့်ဖြစ်သည်။ ယင်းသို့ အရိုးစွဲနေသည့် အကျင့် ကပင်သူအား အထိန်းအကွပ်အား နည်း သည့် စရိုက်နှင့် လူတစ်ယောက်အဖြစ် တွန်း ပို့ခဲ့သည်။ လူအမျိုးမျိုး စရိုက်အဖုံဖုံ တွေ့ဖူးကြသည်။ ဟောဟောဒိုင်းဒိုင်း သမား၊ အေးတိအေးစက်၊ ခပ်ဗွင်းဗွင်း၊ လက်ရဲဇတ်ရဲ၊ ကုပ်တိကုပ်ချောင်း၊ ဆပ်ဆ လူး၊ နှုတ်ကြမ်း လျှာကြမ်းစသဖြင့် အပြု အမှုနှင့်ဆက်နွယ်နေသည့် စရိုက်များကို နိစ္စဓူဝ မြင်တွေ့ကြရမည် ဖြစ်သည်။

စရိုက်နှင့် ကြမ္မာ
ယင်းသို့အတွေး၊ ခံယူမှု၊ စိတ်ကူး ကစကာအပြု၊ အကျင့်၊ စရိုက်များက လူတစ်ယောက်ကို မည်သူမည်ဝါဖြစ် မည်ကို ပုံဖော်ပြီး ဘ၀၏ အကောင်းအဆိုး ကြမ္မာများကိုလည်း ဖန်တီးပေသည်။ တချို့သူများအတွက် အိမ်မှုကိစ္စပြု လုပ်ရသည်မှာအပန်းဖြေမှုတစ်မျိုးဖြစ် ပြီး အချို့သူများ အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်၊ သိမ်ငယ်စရာအချိန်ကုန်စရာအလုပ်များ ဖြစ်နေတတ်သည်။

အချို့အတွက် စာဖတ်ခြင်းသည် အနားယူခြင်းဖြစ်ပြီး အချို့အတွက် မူစိတ်ပင်ပန်း လူပင်ပန်း ဖြစ်စေသည်။
အချို့သူများသည် ပစ္စည်းများကို စနစ်တကျကိုင်တွယ်သုံးစွဲတတ်၊ ထား သိုတတ်ပြီး တချို့သူများမှာ ပစ်စလတ် ခတ်ပရမ်းပတာသုံးစွဲထား သိုတတ်ကြ သည်။
ယင်းသို့ပြုမူသည့် အလေ့အထများ သည်ပင် ဘ၀၏ အချို့ကိစ္စရပ်များကို အပြောင်းအလဲ ဖြစ်စေတတ်သည်။

အလေ့အထများနှင့် ပတ်သက်ပြီး မည်မျှသတိထားသင့်သည်ကို မိတ်ဆွေ တစ်ယောက်ပြော ပြဖူးသည့် ကိုယ်တွေ့ ဖြစ်ရပ်က ထောက်ခံနေသည်။
အဆိုပါမိတ်ဆွေ၏ အဆိုရ ဟင်း ရွက်ကို ရေတစ်ကြိမ်သာ ဆေးတတ် သည့်အလေ့အထစွဲနေ သည့်ဇနီးသည်နှင့် ဟင်းရွက်များကို အနည်းဆုံး ရေ ၂ ကြိမ် ခန့်ဆေးပြီးမှသာ ကြော်ချက်တတ် သည့် အလေ့အထစွဲနေသည့် ခင်ပွန်း သည်တို့ အခြေအတင်ဖြစ်ရသည်မှာ တခါတရံလင် မယား ကွဲတော့မည့် အလားဟူ၏။
ဟင်းရွက်အပေါ် ရှုမြင်ပုံကွာသည့် အချက်က ကွဲပြားသည့် စရိုက်သဘာဝ များကို ဖြစ်စေပြီး ယင်းကပင်သူတို့ ဇနီး မောင်နှံ၏ အိမ်ထောင်မှု ဘ၀အပေါ် မကောင်းသည့် သက်ရောက်မှု ဖြစ်စေသည်။

အဆိုပါ “နှစ်ဆယ့်တစ်ရာစု သားရွှေဥ ” စာအုပ်အခန်း (၁) တွင်ပင် ကဗျာတစ်ပုဒ်မှ ကောက်နှုတ်ဖော်ပြချက် တစ်ခုကိုတွေ့ရသည်။

We first make
Our habits,
Then our habits
Make us.

အစကတော့
ငါတို့ကအကျင့်တွေကိုလုပ်
နောက်တော့
အကျင့်တွေကတို့ကိုပြန်လုပ်
ဟူ၏။

မိတ်ဆွေဘာတွေတွေးနေပါသလဲ။
ထိုအတွေးသည် ကျွန်တော်တို့ကြမ္မာ အား ပုံဖော်မည့် ရွှေလက်ပိုင်ရှင်လည်း ဖြစ်နိုင်သကဲ့သို့ နတ်ဆိုးတစ်ပါးလည်း ဖြစ်နိုင်သည်။
တောက်ပသည့်မနက်ကိုလည်း ဖန်ဆင်းသလို၊ မှောင်ရီမဲမဲညကိုလည်း ထုဆစ်နိုင်သည်။ ထို့ကြောင့်အတွေးမှသည်အပြုအမူမဖြစ်ဖို့၊ အကျင့်မဖြစ်ဖို့၊ စရိုက် မဖြစ်ဖို့ ဆင်ခြင်ကြိုးစားသင့် ပေမည်။ကိုယ့်စိတ်ကိုယ် အဖန်ဖန်ဆင်ခြင်ဖို့ ရှုမြင်သုံးသပ်ဖို့၊ စိတ်၏ဖြစ်စဉ်ကို သိဖို့၊ သတိတရား လက်ကိုင်ထားနိုင်ဖို့ နည်းလမ်း များစွာရှိသည့်အနက် အကောင်းဆုံးနည်း မှာ တရားအားထုတ်ခြင်း ဖြစ်သည်။

နိဗ္ဗာန်ရောက်ကြောင်းဟူသည့်အဆင့်အထိ မရည်ရွယ်သော်လည်း တရား အားထုတ်ခြင်း အမှုကိုစွဲမြဲစွာ လုပ်ကိုင် သင့်ပေသည်။
သို့မှသာ အတွေးများကိုတဖြည်း ဖြည်း ရှင်းသန့်အောင်ပြုလုပ်နိုင်မည် ဖြစ်ပြီး အားထုတ်သူ၏ ကြမ္မာသည်လည်း တဖြည်းဖြည်း ရှင်းသန့်လာမည်ဖြစ်ပေ သည်။