ခရီးသွား လုပ်ငန်း ဖွံ့ ဖြိုးလာမှုနှင့် ရေသယံဇာတများ၏ အနာဂတ်

0
581

တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်းအရှည် ၅၅၀ မိုင် ရှည်လျား ကာ ကျွန်းပေါင်း ၈၀၀ ကျော်ပိုင်ဆိုင်ပြီး ကပ္ပလီပင်လယ်တွင် တည်ရှိသော သာယာလှပသော ကမ်းရိုးတန်းတိုင်း ဒေသကြီးတစ်ခု ဖြစ်သည်။ကမ်းရိုးတန်းတစ်လျှောက်တွင် သဲသောင်များရှိသော ကျွန်းများ၊ ကမ်း ခြေ သဲသောင်တန်းများ၊ ဒီရေတောများ၊ သဘာဝသစ်ပင်များနှင့်ကုန်းနေ ရေနေ သတ္တဝါများ၊ ငှက်မျိုးစုံ နေထိုင်ကျက်စား ကာ ရေအောက်သန္တာကျောက်တန်းမျိုးစုံ တည်ရှိနေပါတယ်။

ယင်းသယံဇာတများမှာ ဆိုးဝါးစွာ ပျက်စီးခြင်းမရှိဘဲ သဘာဝအတိုင်းနီးပါး ကောင်းမွန်နေဆဲဖြစ်သည့်အတွက် တိုင်း အတွက်တန်ဖိုးမဖြတ်နိုင်သော သယံ ဇာတများ ဖြစ်သည်။ ကမ်းရိုးတန်းဒေသရှိ ကျွန်းများသို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာပါက ပြည် တွင်း ခရီးသွားအပြင်နှင့် ပြည်ပခရီးသွား များ အိမ်းနီးချင်းထိုင်းနိုင်ငံနှင့် နယ်စပ်ဝင် ပေါက်များဖြစ်သော ထီးခီးနယ်စပ်၊ မော တောင်နယ်စပ်နှင့် ကော့သောင်းနယ်စပ် ပေါက်တို့မှတစ်ဆင့်အလွယ်တကူဝင် ရောက်နိုင်ပါသည်။
ထိုင်းနိုင်ငံတွင် ပင်လယ်ရေအောက် သန္တာ ကျောက်တန်းများ ကောင်းမွန်စွာ မရှိတော့၍ နိုင်ငံခြားခရီးသွားများအား ပင်လယ် ရေအောက်သန္တာ ကျောက်တန်း များနှင့် ငါးများကြည့်ရှုရန် ကော့သောင်း နယ်စပ်မှတစ်ဆင့် မြိတ်ကျွန်းစုဒေသသို့ စက်တပ်ရွက်လှေ၊ သင်္ဘောများဖြင့် ဝင် ရောက်ကာရေအောက်သန္တာ ကျောက် တန်းများကို လာကြည့်သည့် ခရီးစဉ် များကို လုပ်ကိုင်လျက်ရှိသည်။
for_travel_alot
သတင်းမီဒီယာများမှ မြိတ်ကျွန်း စုဒေသတွင် ကျွန်းများပေါ်တွင် ကုမ္ပဏီ၊ လုပ်ငန်းရှင်များမှ ဟိုတယ်များတည် ဆောက်ရန် မကြာခဏဖတ်ရသည်။ သဘာဝအတိုင်းတည်ရှိနေသော ကျွန်း များ စီးပွားရေးသမားလက်ထဲရောက်ပါက စိုးရိမ်စရာ ကောင်းပါသည်။
အခြားကြောင့်မဟုတ်။ လက်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေ ထုတ်ပြန်ပြီးဖြစ်သော်လည်း ဌာနကလည်းအသစ် နည်းဥပဒေလည်း ထွက်ပေါ်လာခြင်းမရှိသေးသဖြင့် အသက် ဝင်မှု အားနည်းနေမှုအပေါ် အခွင့်ကောင်း ယူကာ ဆောင်ရွက်နေတာတွေ တွေ့နေရ သောကြောင့် ဖြစ်သည်။

လက်ရှိအစိုးရက ခွင့်ပြုထားသော ထားဝယ်ဒေသတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်း ကျင်နှင့် ဒေသခံများအား ထိခိုက်မှု ဖြစ် သည့်အတွက် ကန့်ကွက်မှုများ မကြာ ခဏ ဖြစ်နေပါသည်။
ထို့ကြောင့်လည်း သဘာဝပတ်ဝန်း ကျင်ကို မထိခိုက်သော သဘာဝခရီးသွား လုပ်ငန်းဖွံ့ဖြိုးလာမှုအပေါ် ဒေသခံတစ် ယောက်အနေနဲ့ ကြိုဆိုပါသည်။
သို့သော် ခရီးသွားလုပ်ငန်းသည် လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက် သည့်အပြင် ဒေသခံများနှင့် သဟဇာတ ဖြစ်ရန် လိုအပ်ပေသည်။
ထားဝယ်ဒေသတွင် လောင်းလုံး ဘုတ်ကျွန်းသို့ ခရီးသွားလာမှုများရှိလာ ခြင်းနှင့် မြိတ်ဒေသတွင် မြိတ်အများပိုင် ကော်ပိုရေး ရှင်းမှ လေးကျွန်း၊ ပိန္နဲကျွန်း များသို့နေချင်းပြန် အမြန်ယာဉ်ဖြင့် ပို့ ဆောင်ပေးမည့်အစီစဉ်များ ဆောင်ရွက် နေကြောင်း သိရှိရပါသည်။

ထိုပင်လယ်ကမ်းခြေများ၊ ကျွန်း များနှင့် သဲသောင်များတွင် ဟိုတယ်များ တည်ဆောက်၊ ခရီးသွားဧည့်သည်များ ရောက်ရှိလာပါက ထိုဒေသတွင်နေထိုင် ကျက်စားနေသော ငါးပုစွန်များနှင့် ရှား ပါးရေနေသတ္တဝါများဖြစ်သော ပင်လယ် လိပ်၊ လင်းပိုင်၊ ဝေလငါးများ၊ ငါးမန်းများ၊ သန္တာကျောက်တန်းများနှင့် ပင်လယ် မြက်များအပေါ်တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော နည်းများဖြင့် ထိခိုက် နိုင်ပါသည်။

ပင်လယ် လိပ်သတ္တဝါသည် ကမ်းရိုး တန်းတစ်လျှောက်ရှိ သဲသောင်များနှင့် ပင်လယ်ကျွန်းသဲသောင်များတွင် တက် ရောက်ဥချတတ်သည်။ စိတ်ခံစားမှု ပြင်းထန်သော(sentient) သတ္တဝါဖြစ် သောကြောင့် အသံဆူညံခြင်း၊ အလင်း ရောင် မကြိုက်သောသတ္တဝါမျိုးဖြစ်ပြီး ခရီးသွားဧည့်များ၏ လှေ၊ သင်္ဘောများ စက်သံများကြောင့် ပင်လယ်လိပ်ဥချ မှုတွင် များစွာ အနှောင့်အယှက်ဖြစ်နိုင် သည့်အပြင် လိပ်ဥချရန်လိပ်သောင်များ ရှားပါးမှုများကြုံတွေ့ လာနိုင်ပါသည်။

ကျွန်းပေါ်တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်မည်ကိုခွင့်ပြုမည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ် လေ့လာချက် IEE,SIA,EIA ကို စနစ် တကျပြုလုပ်ပြီးထိခိုက်မှု နည်းနိုင်သမျှ နည်းအောင်လျှော့ချပြီး ပွင့်လင်းမြင် သာမှုရှိပြီးတာဝန်သိသော တာဝန်ခံသော ကုမ္ပဏီ၊ လုပ်ငန်းရှင်များကိုသာ စဉ်းစား သင့်ပါတယ်။

နောက်ဆက်တွဲပြဿနာမှာ ခရီး သွားဧည့်သည်များ ပင်လယ်ထဲသို့ စွန့် ပစ်သော ပလပ်စတစ်အိတ်နှင့် အမှိုက်များ အားရေခူထင်ပြီးစားသုံးမိပါက အစာချေ ဖျက်မနိုင်ပဲအစာအိမ်နှင့်အူလမ်းကြောင်း ပိတ်ဆို့ပြီး သေဆုံးနိုင်သည်။ပလပ်စတစ်အိတ်များနှင့် အမှိုက် များ ပင်လယ်ကြမ်းပြင်ရှိ သန္တာကျောက် တန်းများတွင် တွယ်ကပ်ပြီး သန္တာကျောက် တန်းများ သေဆုံးနိုင်သည်။ခရီးသွားလှေသင်္ဘောများ သန္တာ ကျောက်တန်းများရှိသော ဧရိယာတွင် ကျောက်ချရပ် နားပါကကျောက်ဆူးများ ကြောင့် သန္တာကျောက်တန်းများ ကျိုးပဲ့ ပျက်စီးနိုင်သဖြင့် ကျောက်ချရပ်နား ဧရိ ယာများ သတ်မှတ်ထားရန် လိုအပ်ပါ သည်။
လှေသင်္ဘောများမှ ဒီဇယ်ဆီ၊ အင် ဂျင်ဝိုင်များစည်းကမ်းမဲ့စွာ ပင်လယ်ထဲသို့ စွန့်ပစ်ပါက ရေထုညစ်ညမ်းပြီး ငါးပုစွန် များ၊ သန္တာကျောက်တန်းများ သေဆုံးနိုင် ပါသည်။

သန္တာကျောက်တန်းများသည် ရှင် သန်ပေါက်ဖွားရန် နှစ်ပေါင်းများစွာ ကြာ မြင့်ရာထိခိုက်ပျက်စီးမှုရှိပါက ပင်လယ် ဂေဟစနစ်ကိုပါထိခိုက်နိုင်သဖြင့် ပင်လယ်ပြင်ခရီးသွား လှေသင်္ဘောများ တွင်အမှိုက်ပုံးများ စနစ်တကျ ထားရှိ ရန်လိုအပ်သည်။
ကမ်းခြေ သဲသောင်များတွင်လည်း အမှိုက်ပုံး၊ အမှိုက်ပစ်နေရာများ သတ်မှတ် ထားရှိရန်၊ အမှိုက်သိမ်းစနစ်ပါ တစ်ပါ တည်း ဆောင်ရွက်ထားရန် လိုအပ်သည်။ ယင်းတို့အတွက် ပညာပေးစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါ သည်။

ထားဝယ်ဒေသရှိ မော့စကော့ကျွန်း (Mouscos Island)) မှာ မြန်မာပြည်ကို အင်္ဂလိပ်အုပ်ချုပ်စဉ်ကတည်းက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြင်နှင့် သစ်တောကြိုးဝိုင်း ဧရိယာဖြင့် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့အတွက် ယခု အခါ သစ်တောသစ်ပင်များ သဘာဝ အခြေခံကောင်းများစွာ ကျန်ရှိနေပါသည်။
ထိုမော့စကော့ကျွန်းတွင် လောင်း လုံးဘုတ်ကျွန်း၊ မောင်းမကန်ဘုတ်ကျွန်း နှင့် ဟိန်းဇဲဘုတ်ကျွန်းတို့ပါဝင်ပြီး ကျွန်း ပတ်ပတ်လည်တွင်လည်း သန္တာကျောက် တန်းများ (Corals) နှင့် ပင်လယ်မြက်များ (Seagrasses)တည်ရှိနေသဖြင့် ပင်လယ် ဂေဟ စနစ်ကောင်းမွန်သော၍ ခရီးသွား များစိတ်ဝင်စားသောနေရာ ဖြစ်လာနိုင် ပါသည်။

သဘာဝရေပြင်တွင် မျိုးတုံးပျောက် ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ သော ပင်လယ်လိပ်များ ရေရှည်အသက် ရှင်သန်ရပ်တည်နိုင်ရေး လောင်းလုံး ဘုတ်ကျွန်း၊ သိုင်းလိပ်သောင်တွင် ၂၀၀၅ ခုနှစ်မှစပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ပြင်သာလိပ် (ဒေသအခေါ် ဘုတ် လိပ်)များမှလိပ်သောင်ပေါ်သို့ တက် ရောက်ဥချလာသော လိပ်ဥ ၅၅၇၁ လုံး အား လိပ်သောင်စောင့်ဝန်ထမ်းများမှ သားဖောက်ကာ ပင်လယ်လိပ်သားပေါက် ၂၃၀၅ ကောင်အား ပင်လယ်ပြင်သို့ ပြန်လည်လွှတ်ပေးနိုင်ခဲ့သည်။
ပင်လယ်လိပ် သုတေသနပြုချက် အရ ထိုလိပ်သောင်တစ်ဝိုက်တွင် ပင် လယ်လိပ်မျိုးစိတ်များဖြစ်သည့် ပြင်သာ လိပ်၊ လိပ်လှောင်း၊ လိပ်ကြက် တူရွေး လိပ်များ နေထိုင်ကျက်စားလျက်ရှိသော ကြောင့် လိပ်ကျွန်း၊ လိပ်သောင် များသို့ ခရီးသွားများ လာရောက် လည် ပတ်ပါက ပင်လယ်လိပ်များ ဂေဟစနစ်များ ထိခိုက် မည်ကို စိုးရိမ်မိပါသည်။

ထို့အပြင် ရေဖြူမြို့နယ် ဟိန်းဇဲ ဘုတ်ကျွန်းပတ်လည်တွင် ခွင့်မပြုသော မိုင်းခွဲ ငါးဖမ်းလှေများ မိုင်းခွဲငါးဖမ်း နေသဖြင့် သန္တာ ကျောက်တန်းများအတွက် ဆိုးဝါးစွာ အန္တရာယ် ကျရောက်နေပြီး ထိရောက်သော အရေးယူမှု ပြုလုပ်ရန် လိုအပ်နေသော နေရာတစ်ခုဖြစ်သည်။
မိုင်းခွဲလှေများအား ဖမ်းဆီးအရေးယူမှု များရှိရာတွင် အချို့မှာ ပိုင်ရှင်မဲ့ ၊ အချို့မှာ ရေလုပ်သားများပါတရားစွဲဆို အရေးမှု ရှိနေသော်လည်း ပြစ်ဒဏ်ပေးမှု အားနည်း နေသဖြင့် ထပ်မံကျူးလွန်မှုများ ရှိနေ ကြောင်း သိရသည်။

မိုင်းခွဲငါးဖမ်းခြင်းမှာ အရွယ်ရောက် နေသောငါးများနှင့် အရွယ်မရောက်သော ငါးသားပေါက်များ၊ သားလောင်းများ၊ သန္တာကျောက်တန်းများ၊ ရှားပါးရေနေ သတ္တဝါများ (ပင်လယ်လိပ်၊ ငါးမန်း၊ ဝေလငါး၊လင်းပိုင်စသည့်) သေကြေပျက် စီးနိုင်ပြီး ငါးပုစွန်စားကျက်များ ပျက် စီးကာ ဂေဟစနစ်ပါထိခိုက်လာနိုင်သဖြင့် နိုင်ငံတော်၏ ရေသယံဇာတကိုပါ ခြိမ်း ခြောက်လာနိုင်တဲ့အတွက် ဥပဒေအရ အရေးယှုမှုတွင် နောင် မလုပ်ရဲအောင် ထိရောက်သောအရေးယူမှု လိုအပ်နေ ပါသည်။

ထီးခီးနယ်စပ်မှတဆင့် ထိုင်းနိုင်ငံ သားများသည် မြန်မာနိုင်ငံသား မိတ်ဆွေ များ အကူအညီဖြင့် လောင်းလုံး ဘုတ်ကျွန်း၊ ဟိန်းဇဲဘုတ်ကျွန်းများတွင် ပင်လယ်ပြင် ငါးမျှား ထွက်ခြင်းနှင့် ရေအောက်သန္တာကျောက်တန်းများနှင့်ငါးများ ကြည့်ရှု လေ့လာခြင်းများရှိကြောင်း ကြားသိ ရပါသည်။
သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းပါးသည်ဟု ဆိုသော်လည်း သဘာဝ ခရီးသွားလာမှုနှင့်အတူ ပင်လယ်ပြင် ဂေဟစနစ်၊ ပင်လယ်လိပ်၊ သန္တာကျောက် တန်းများအား ထိခိုက်လာနိုင်သဖြင့် သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသ အစိုးရများအနေဖြင့် လုပ်ငန်း လုပ်ကိုင် ခွင့်များ ချထားရန်စဉ်းစားချိန်၊ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားစဉ်၊ ပြုထားပြီး စသည့်အခြေအနေတိုင်းအတွင်း အထူး ဂရုတစိုက် သတိထားဆောင်ရွက်သင့်ပါ ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။