ထားဝယ်သင်္ကြန်အတွက် ဟိုတယ်အချို့ အခန်းပြည့်လုနီး

0
411

ထားဝယ်သင်္ကြန်အတွက် ဟိုတယ် အချို့တွင် အခန်းကြိုတင်မှာယူမှု (ဘွတ် ကင်) ပြည့်လုနီးပါးဖြစ်နေပြီ ဖြစ်ကြောင်း ထားဝယ်မြို့ပေါ် ဟိုတယ်အချို့ထံမှ သိရသည်။ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက သင်္ကြန်ကာလအတွက် အခန်းကြိုတင် ငှားရမ်းမှုများရှိခဲ့သော်လည်း ဖေဖော်ဝါရီ လ ပထမအပတ်မှ စတင်လက်ခံခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်အထိ အခန်း ၆၀ ခန့် ကြိုတင်ငှားရမ်းထားကြသည် ဟုပန်းဥယျာဉ်ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အကုန်လုံးကတော ပြည်တွင်းခရီး သွားတွေချည်းပဲ”ဟု ပန်းဥယျာဉ်ဟို တယ်မှ အဆိုပါတာဝန်ရှိသူက ပြော သည်။
သင်္ကြန်ကာလအတွက်အခန်းကြိုတင်ငှားရမ်းမှုမှ နှစ်တိုင်းနီးပါးမြင့်တက် လေ့ရှိပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အခန်းပေါင်း၅၀ခန့်အား ကြိုတင်ငှား ရမ်းထားကြကြောင်း GOLDEN GUESTဟိုတယ်မှ တာဝန်ရှိသူ တစ်ဦး ကဆိုသည်။

ဟိုတယ်အချို့ကမူ သင်္ကြန်ကာလ အတွက် ကြိုတင်အခန်းငှားရမ်းမှုကို လက်မခံသေးကြောင်း သိရသည်။
ထားဝယ်ဒေသသို့သင်္ကြန်ကာလ အတွင်း လာရောက်လည်ပတ်သူများပြား ပြီး လက်ရှိအချိန်ကတည်းကပင် ရှင်ကိုး ရှင်ဘုရားဖူးအဖွဲ့များ ယခင်နှစ်ထက် အခေါက်ရေ ခပ်စိပ်စိပ်လာရောက်ခဲ့ကြ သည်ဟု ထားဝယ် မြို့ရှိ “သည်းဦးပန်း” တည်းခိုခန်းမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။
“လမ်းပန်း ဆက်သွယ်ရေး ကောင်း လာတာ လည်း ပါမယ်ထင် တယ်”ဟု “သည်းဦးပန်း” တည်းခိုခန်းမှ အဆိုပါ တာဝန်ရှိသူက ပြောသည်။
သင်္ကြန်ကာလအတွက်မူ နှစ်တိုင်း ငှား ရမ်းနေကျ ဖြစ်သည့်ပြည်တွင်းဘုရား ဖူးပို့ဆောင်းရေးအဖွဲ့တစ်ဖွဲ့က အခန်း အားလုံးနီးပါး ကြိုတင်ငှားရမ်းပြီးဖြစ် သည်ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် ဟိုတယ် ၉ လုံး၊ အခန်းပေါင်း ၃၀၀ ကျော်နှင့်တည်း ခိုခန်း ၃၀ ကျော် ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။