မော်လမြိုင်နှင့် ဖို့တ်ဝိန်း ညီအစ်မ မြို့တော်အဖြစ် သဘောတူ

0
523

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် အမေရိကန်ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့တ်ဝိန်းမြို့တို့ကို ညီအစ်မ မြို့တော် တည်ထောင်ရေး သဘောတူညီ မှုစာချွန်လွှာကို ဖေဖော်ဝါရီလ ၄ ရက်က မွန်ပြည်နယ်အစိုးရ အဖွဲ့နှင့် လက်မှတ် ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးပွဲတွင်Fort Wayne Sister Cities International Inc. ၏ ဥက္ကဋ္ဌဖြစ်သူ Ms.Dorothy Kittak နှင့် ဖို့တ်ဝိန်းမြို့တော်ဝန်ြMr. Thomas C.Henry တို့ ဦးဆောင်သည့် ၁၀ ခန့် ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့တို့နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ စည်ပင်ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်တို့ ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်ကြသည်။

ဖို့တ်ဝိန်းနှင့် မော်လမြိုင် ညီအစ်မ မြို့တော်ဖြစ်ရေးကို လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ခန့်က ကြိုးပမ်းဆောင်ရွက်လာ ခဲ့သည်ဟု Fort Wayne Sister Cities International Inc. မော်လမြိုင် ကော်မတီ ဥက္ကဋ္ဌ ဒေါ်မင်းမြင့်နန်းတင်က ပြောသည်။
“ညီအစ်မမြို့တော်အဖြစ် သဘော တူပြီဖြစ်လို့ ပညာရေး၊ ကျန်းမာရေး ယဉ်ကျေးမှုဆိုင်ရာ အချင်းချင်း အပြန် အလှန် ဖလှယ်သွားမယ်”ဟု ၎င်းက ပြောသည်။
ညီအစ်မမြို့တော်အဖွဲ့သည် ဇန်န ဝါရီ ၂၅ ရက်က ဖို့တ်ဝိန်း မြို့တော်ဝန် ရုံးခန်း၌ သဘောတူ လက်မှတ်ရေးထိုး ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် မွန်ပြည် နယ်အစိုးရအဖွဲ့နှင့် သဘောတူညီ လက် မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ဖို့တ်ဝိန်းမြို့သည် ဂျပန်နိုင်ငံ တကာအိုကာမြို့ (Takaoka)၊ ပိုလန် နိုင်ငံ ပလော့မြို့(Plock)၊ ဂျာမနီနိုင်ငံ ဂီရာမြို့ (Gera) နှင့် တရုတ်နိုင်ငံ တိုင်စုန်း မြို့ (Taizhou) တို့ဖြင့် ညီအစ်မ မြို့အဖြစ် သဘောတူထားပြီးဖြစ်ကာ မော်လမြိုင်မြို့သည် ၅ ခုမြောက် မြို့တော်အဖြစ် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။