မြိတ်တွင် လူမြင်ကွင်း အုပ်စုလိုက်ရမ်းကား ဓားခုတ်မှု ဖြစ်ပွား

0
469

မြိတ်မြို့တွင် လူငယ်တစ်ခုက အုပ်စုဖွဲ့ရမ်းကားကာ လူမြင်ကွင်းတွင် လူမိုက်ဆန်ဆန် ဓားခုတ်မှုတစ်ခု ဖေဖော်ဝါရီလ ၃ ရက် ည ၉ နာရီ အချိန်ခန့်က မြိတ်ကမ်းနားလမ်း Lucky Star လက်ဖက်ရည်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဆိုင်အတွင်းရှိ မျက် မြင်သက်သေများထံမှ သိရသည်။
ယင်းဓားခုတ်မှုကြောင့် လူငယ် တစ်ဦး လက်နှင့် ဦးခေါင်းတို့တွင် ဒဏ် ရာရရှိခဲ့သည်ဟု ကူညီပေးခဲ့သည့် ချမ်း မြေ့အရေးပေါ်လူနာတင်ယာဉ်မှ တာဝန်ရှိသူများထံမှ သိရသည်။

“လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေ တာ ဆိုင်ကယ်တစ်စီးနဲ့ လူငယ် ၂ ယောက်က ဆိုင်ကယ်ကို ပစ်ချပြီး ဆိုင်အတွင်းကို ကြောက်အား လန့်အားနဲ့ ဝင်ပြေးလာတယ်၊ တစ်ယောက်က ဆိုင် အဝမှာလဲကျကျန်ခဲ့လို့ နောက်ကလိုက် လာတဲ့ ဆိုင်ကယ် ၁၀စီးနဲ့ အသက် ၂၀ နှစ်ကျော် လူငယ်အယောက် ၂၀ လောက် က ဒုတ်၊ ဓားတွေနဲ့ လာရောက်ပြီး ခုတ်သွားတယ်” ဟု အခင်းဖြစ်ပွားချိန်မှာ ဆိုင်အတွင်းရှိနေသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြော သည်။

လက်ရှိတွင် အုပ်စုဖွဲ့ရမ်းကားသည့် လူငယ်များကို စုံစမ်းနေပြီး ဓားခုတ် ခံထားရသူဘက်မှ လာရောက် အမှုဖွင့် ခြင်း မရှိသေးဟု မြိတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။ အခင်းဖြစ်စဉ်တွင် ပါဝင်သည့် လူငယ်တချို့၏ မိဘများကို သွားရောက် တွေ့ဆုံကာ သတိပေးထားပြီး ဓားခုတ် ခဲ့သည့် လူငယ် ၂ ဦးမှာ ထွက်ပြေး တိမ်းရှောင်နေသည်ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။

“ရန်ညှိုးရန်စ မရှိဘူး။ ဘာကြောင့် ခုတ်မှန်းလည်း မသိဘူး”ဟု ကလွင် ကျေးရွာအုပ်စု ၊ ငွေပုလဲ ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် မောင်ဝေဠုအောင် က ပြောသည်။
၎င်းသည် လက်ရှိတွင် မြိတ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသ ခံယူနေသည်။