ဆရာ/ဆရာမ ၄၀၀ အား မူလတန်းအဆင့် မွန်စာသင်ပြနည်း သင်တန်းပို့ချ

0
529

လာမည့်ပညာသင်နှစ်အတွက် အစိုးရ စာသင်ကျောင်းများ၌ ကျောင်း ချိန်အတွင်း မွန်စာသင်ကြားမည့် ကျောင်း ဆရာ^ဆရာမ ၄၀၀ ဦးကို ဇန်နဝါရီလ ၂၃ ရက်မှစကာ အခြေခံ မူလတန်းအဆင့် မွန်စာသင်ပြနည်း သင်တန်းကို မော်လမြိုင် မြို့အမှတ် ၁ ကျောင်းတွင် သင်ကြားပို့ချ ပေးလျက်ရှိသည်။

သင်တန်းကို မွန်၊ ကရင်နှင့် တနင်္သာရီ တိုင်းဒေသတို့မှ လက်ရှိ မွန်စာ သင် ကြားပေးနေသည့် ဆရာ ဆရာမများ၊ စေတနာ့ ဝန်ထမ်း ဆရာ ဆရာမများ ပါဝင်ပြီး ပထမအသုတ် သင်တန်းသား ၂၀၀ ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၆ ထိ၊ ဒုတိယအသုတ်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှ ၃၁ ရက်ထိ သင်ကြား ပို့ချသွား မည်ဖြစ်ကြောင်း မွန်ပြည်နယ် ယဉ်ကျေးမှု တာဝန်ခံဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးထံမှ သိရသည်။ “ဒီသင်တန်းပြီးသွားရင် မွန်စာကို သမာရိုးကျ သင်ကြားနည်းကနေ ခေတ် နဲ့လိုက်လျောညီထွေတဲ့ သင်ကြားနည်းကို အသုံးပြုသွားနိုင်တော့မှာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုပ်မြင့် က သင်တန်းဖွင့်ပွဲတွင် ပြောသွားခဲ့သည်။

ကျောင်းချိန်အတွင်း မွန်စာသင် ကြားခြင်းကို မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြည်နယ်အစိုးရမှ တဆင့် ပညာရေးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင် အကောင်အထည် ဖော်နေသော်လည်း သင်ရိုးညွှန်းတမ်း၊ သင်ကြားမည့်ဆရာ၊ ကျောင်းအရေ အတွက် ကျောင်းသား အရေအတွက် စသည့်အခြေခံအချက်အလက်များ စနစ် တကျမရှိခဲ့သည့်အတွက် ထိရောက်မှု မရှိခဲ့ဟု ယဉ်ကျေးမှုတာဝန်ခံဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မွန်စာကိုစနစ်တကျသင်ကြားသွား နိုင်ရန်အတွက် အခြေခံကာ မူလတန်း အဆင့် ဖတ်စာအုပ်၊ အခြေခံမွန် စကား စာအုပ်၊ ဆရာလက်စွဲစာအုပ် အစရှိသည့် မွန်စာသင်ရိုးညွှန်းတမ်း အသစ်ကိုလည်း ရေးဆွဲထားပြီးဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးစ ဦးနု အစိုးရ လက်ထက်က အစိုးရကျောင်းစာများတွင် မွန်စာပေသင်ကြားခွင့် ရရှိခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် မွန်ပညာရေးဘုတ် အဖွဲ့ကို ဖွဲ့စည်း ပေးကာ မွန်ကျောင်းဆရာများကို ခန့်အပ် ပေးပြီး မူလတန်းအဆင့်တွင် မွန်စာပေ ကို တရားဝင် သင်ကြားခွင့်ပေးခဲ့သော် လည်း မဆလ အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှစပြီး မွန်စာပေကို တရားဝင် သင် ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့တွင် သာ နားလည်မှုယူကာ အချိန်ပိုင်းအနေနှင့် အနည်းငယ် သင်ကြားခွင့် ရရှိခဲ့သည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင်မူ အစိုးရကျောင်းများ၌ မွန်စာပေ သင်ကြား မှုကို အလုံးစုံပိတ်ပင်ခဲ့ကာ အစိုးရသစ် လက်ထက်၌ မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်၊ ပြည်နယ်အစိုးရ၏ အကောင်အထည်ဖော်မှုဖြင့် အစိုးကျောင်း များတွင် မွန်စာ ပြန်လည်သင်ကြားခွင့် ရပြန်သည်။