ကြက်သွန်ဈေး ထက်ဝက်ကျ

0
435

ထားဝယ်ဈေးကွက်အတွင်းသို့ မြန်မာပြည်အလယ်ပိုင်းမှ ကြက်သွန်နီ အသစ်များ ဒီဇင်ဘာလ တတိယ အပတ် က ဝင်ရောက်လာပြီးနောက် ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းမှာ ထက်ဝက် ထိုးကျ သွားခဲ့ကြောင်း ထားဝယ်မြို့ရှိ ဈေးဆိုင် ရောင်းသူများက ပြောကြားသည်။

onion_market

နိုဝင်ဘာလ၊ ဒုတိယအပတ်မှ ဒီဇင် ဘာလ ဒုတိယအပတ်အတွင်း ကြက်သွန် နီတစ်ပိသာလျှင် ကျပ် ၄၀၀၀မှ ၄၅၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာမှ ကြက် သွန်နီအသစ်များ ဝင်ရောက်လာသည့် အချိန်တွင် ၂၁၀၀ကျပ်အထိ ဈေးကျသွား ကြောင်း ၎င်းတို့က ပြောသည်။
” ကြက်သွန်ဈေးကျသွားတာ ၂ ရက်လောက်ပဲ ရှိသေးတယ်” ဟု ဒီဇင် ဘာလ ၂၀ရက်က ထားဝယ်မြို့ရှိ ကမ်းနား ဈေးမှ ဈေးဆိုင်ရောင်းသူ တစ်ဦးက ဆိုသည်။

ကြက်သွန်နီဈေးနှုန်း မြင့်တက် ချိန်တွင် ထိုင်းကြက်သွန်နီများ တစ်ပိ ဿာလျှင် ကျပ် ၂၅၀၀ ဈေးဖြင့် ထားဝယ် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့ သော်လည်း ကြာရှည်မခံဟုဆိုကာ ဒေသခံများ မနှစ်သက်ကြောင်း ဈေးဆိုင် များထံမှ သိရသည်။