မြိတ်တွင် ယခုနှစ် ကုန်ပစ္စည်းကြော်ငြာမှ အခွန်အခ သိန်းရာချီတိုး

0
397

ယခုနှစ် မြိတ်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့၏ နယ်န မိတ်အတွင်း ကုန်ပစ္စည်းကြော်ငြာ အခွန်အခကောက်ခံမှုများ သိန်းရာ ချီတိုးလာကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရ သည်။

မြိတ်မြို့နယ်တွင် ပြီးခဲ့သည့် ၂ နှစ် စည်ပင်သာယာရေး နယ်နမိတ် အတွင်း လမ်းဘေးဝဲယာနှင့် နေအိမ်များတွင် ကြော်ငြာခ အခွန်အခ တစ်နှစ်လျှင် ကျပ် သိန်း ၂၅၀ မှ ၃၀၀ အထိ ရရှိခဲ့သည်။
myeik_ads
သို့သော် ယခုနှစ် ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်တွင်ပင် ကြော်ငြာခ ၂၁၉ သိန်းကျော် ရရှိနေပြီဖြစ်သဖြင့် ယမန်နှစ်များထက် အခွန်အခတိုးလာကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ တာဝန် ရှိသူ ဒေါ်သန်းသန်းခိုင်က ပြောသည်။

” ဒီနှစ်တွေထဲမှာက ကုမ္ပဏီကုန် ပစ္စည်းကြော်ငြာဆိုင်းဘုတ်တွေ ထဲမှာ လမ်းဘေးဆိုင်းဘုတ်အကြီးတွေ လျှော့နည်းသွားတယ်။ အများ စုမှာ အိမ်ဆိုင် ကြော်ငြာဆိုင်းဘုတ်တွေ တော်တော်များလာပါတယ်” ဟု ၎င်းက ဆိုသည်။

အဓိက ကြော်ငြာများမှာ ဆက်သွယ်ရေးကုန်ပစ္စည်း၊ စားသောက် ကုန်နှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ ခေါင်း လျှော်ရည်နှင့် ကော်ဖီမစ်ကြော်ငြာများ အများဆုံးဖြစ်ကြောင်း သိရ သည်။

တရားဝင်ခွင့်ပြုထားသည့် ကုန်ပစ္စည်းများကို ကြော်ငြာခွင့်ပြု ထားပြီး အရက်သေစာနှင့် ဆေးလိပ်ထုတ်ကုန်ပစ္စည်းများကိုမူ ကြော်ငြာ ခွင့်မပြုထားကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒေါ်သန်းသန်းခိုင်က ပြော သည်။
တရားပွဲဆိုင်းဘုတ်များ၊ ယာဉ် စည်းကမ်းလမ်း စည်ကမ်းဆိုင်း ဘုတ်များနှင့် ဌာနဆိုင်ရာကြော်ငြာဆိုင်းဘုတ် များကိုမူ အခမဲ့ကင်းလွတ် ခွင့်ပေးထားကြောင်း သိရသည်။