IS သတင်းကြောင့် နယ်စပ်ဂိတ်များနှင့် မြို့အဝင်အထွက် ဂိတ်များတွင် စစ်ဆေး

0
413

ထိုင်းနိုင်ငံအတွင်း ရောက်နေသည် ဆိုသည့် IS သတင်းကြောင့် တနင်္သာရီ တိုင်းတွင် လုံခြုံရေးတိုးမြှင့်ပြီး နယ်စပ် ဂိတ် များနှင့် မြို့အဝင်အထွက်ဂိတ်များ၊ တံတားများတွင် စစ်ဆေးလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။


နယ်စပ်ဂိတ်ပေါက်များဖြစ်သည့် ထီးခီး၊ မောတောင်နှင့် ကော့သောင်း တို့အပြင် တနင်္သာရီတံတား၊ မေတ္တာ တံတား၊ လေညာတံတား၊ ကျွဲကူးတံတား၊ ပုလောတံတားစသည့်အဓိကလမ်း ကြာင်းနေရာများတွင် စစ်ဆေးလျက်ရှိပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ကြီး သုံးမြို့၏ အဝင်အထွက်နှင့် မြို့တွင်း လုံခြုံရေးတို့ကို ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ကာ လုံခြုံရေးအဆင့် တိုးမြှင့် လိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကြည်လင်းက ပြောသည်။
” ကျွန်တော်တို့ဆီက တံတိုင်းလုံရင် ပြည်မကို မရောက်တော့ဘူးပေါ့။ သတင်းတွေအရ ထိုင်း၊ တရုတ် စတဲ့ နိုင်ငံတွေကို ရောက်နေတယ်လို့ သိထား ရတော့ ကိုယ့်ဆီဝင်မလာအောင် တား ထားတဲ့ သဘောပါ” ဟု ရဲမှူးကြီး ကြည်လင်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး၏ လုံခြုံ ရေးကို မူလက သာမန်အဆင့်ဖြစ်သည့် အပြာရောင်အဆင့် သာသတ်မှတ်ထား ခဲ့သော်လည်း ယခုဒီဇင်ဘာလမှစတင်ပြီ အဆင့်တစ်ဆင့်တိုးမြှင့်ကာ သတိထား စောင့်ကြည့်ရမည့်အဆင့်ဖြစ်သည့် အဝါရောင်အဆင့်ကို တိုးမြှင့်ထား ကြောင်း ၎င်းက ပြောသည်။
မြို့ကြီး ၃ မြို့တွင် ညဘက် ကားလှည့်ကင်းများအပြင် စက်ဘီးလှည့် ကင်းများဖြင့်ပါ လုံခြုံရေး ရယူလျက် ရှိကြောင်း ရဲမှူးကြီးက ဆိုသည်။
” ဂိတ်တွေမှာ စစ်ဆေးတဲ့ အချိန် ဆိုရင် တစ်ဖက်မှာလည်း ခရီးသည် တွေ စိတ်အနှောင့်အယှက်မဖြစ်အောင်၊ တစ်ဖက်ကလည်း လုံခြုံရေး မလစ်ဟင်း အောင် စစ်ဆေးနေရတာမျိုးရှိလို့ ခရီး သည်တွေအနေနဲ့ နားလည်ပေးစေ ချင်ပါတယ်”  ဟု ရဲမှူးကြီးက ဆိုသည်။
လုံခြုံရေး အဆင့်မြှင့်တင်ထားသည့် ကာလအတွင်း ခရီးသွားပြည်သူများ အနေဖြင့်နိုင်ငံသားဖြစ်ကြောင်း အထောက် အထား ပြည့်စုံစွာ ကိုင်ဆောင်သွားလာ ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
” အခုချိန်က  သတိကြီးကြီးထားပြီး ဆောင်ရွက်နေရတာဖြစ်လို့ ဘယ်သူ့ ဘယ်သူမှ မယုံရဲဘူး” ဟု ၎င်းက ဆို သည်။
ယင်းသို့ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့ ဝင်များအပြင် သက်ဆိုင်ရာဌာနပေါင်းစုံမှ ဝန်ထမ်းများပါဝင်သည့် အဖွဲ့ဖြင့် စစ်ဆေး လျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ကလည်း ယင်းသို့စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ရန် ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
” လုံခြုံရေးကို တတ်နိုင်သလောက် သေချာလုပ်စေချင်တယ်။ သူတို့ (ရဲတပ် ဖွဲ့ဝင်များ) လုံခြုံရေးပေါ့ဆလို့ တစ် ခုခုဖြစ်လာရင် လူတွေပဲ အဓိက ခံရမှာ။ ဒါကြောင့် သေချာလုပ်စေချင်တယ်” ဟု ပိန္နဲတောရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
လုံခြုံရေးဆောင်ရွက်ရာတွင် ပိုမို ထိရောက်မှုရှိစေရန် ပြည်သူလူထု အနေ ဖြင့် အနီးအနား ပတ်ဝန်းကျင်တွင် မသင်္ကာသူများ၊ လူစိမ်းများကို တွေ့ရှိ ပါက နီးစပ်ရာရဲတပ်ဖွဲ့သို့ သတင်း ပေးရန် လိုအပ်သည်ဟု ရဲမှူးကြီးက ပြောသည်။
အစ္စလာမ်မစ်နိုင်ငံတော် စစ်သွေး ကြွအဖွဲ့(IS) အတွက် အလုပ်လုပ် နေသည့် ဆီးရီးယား ၁၀ ဦးသည် ထိုင်း နိုင်ငံအတွင်းရှိရုရှားများကို ပစ်မှတ်ထား ရန် နိုင်ငံအတွင်းရောက်ရှိနေကြောင်း  ထိုင်းရဲတပ်ဖွဲ့ဝင်များကိုရုရှားက သတိ ပေးထားသည်။