ရေးတွင် ဒီရေတောထိန်းသိမ်းရေး ဧရိယာ ဧက ၃၀၀ နီးပါးရှိ

0
656

ရေးမြို့နယ်တွင် ဒီရေတော ထိန်းသိမ်းဧရိယာ ဧက ၂၉၉ နီးပါးရှိကြောင်း ရေးမြို့နယ် သစ်တောဦးစီးဌာနရုံးမှတောအုပ်ကြီးဦးစံလွင်ကပြောသည်။


အစင်ကျေးရွာကစုံးမကျွန်းနှင့်ကော့ဒွတ်-နှစ်ကရင်ချောင်းဝန်းကျင်တွင် သဘာဝ တောအဖြစ် ထိန်းထားပြီး ထပ်မံတိုးချဲ့ရန်လည်း အစီအစဉ်ရှိသည်ဟု ဦးစံလွင်က ပြောသည်။
” ဗျူးခြေထောက်၊ လမု၊ ကနစို၊ လမဲ့ တွေ အဓိက ပေါက်ပါတယ်”  ဟု ၎င်းက ဆိုသည်။
သစ်တောဦးစီးဌာနအနေဖြင့် ဒီရေ တောများထိန်းသိမ်းမှုများ ပြုလုပ်နေသော် လည်း လက်ရှိအခြေအနေထက် ပိုမိုပြုစု ပျိုးထောင်ရန်လိုအပ်နေကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာနေသူ ဦးညီသွေးနှင့် ရေးမြို့အကြောင်း စာတမ်းဖတ် သူများက ပြောသည်။
“မြန်မာပြည်မှာက ဧရာဝတီတိုင်း ဒေသကြီးမှာ ဒီရေတောအများဆုံး။ ဒုတိယက ရခိုင်ပြည်နယ်၊  တတိယက တနင်္သာရီ၊ မွန်ပြည်နယ်က အနည်း ဆုံးပဲ။ ဒါကြောင့် အများကြီး ပြန်ပျိုး ထောင်ဖို့လိုတယ်”  ဟု ဦးညီသွေးက ပြောသည်။
ရေးမြို့နယ်အတွင်း  ငါး၊ ပုစွန် ထုတ်လုပ်မှုနှုန်းမှာတဖြည်းဖြည်း ကျဆင်းလာ သဖြင့် ယင်းနှင့်ဆပ်စပ်နေ သော လမုပင်များကိုထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း တို့ကို ဦးစားပေးအဆင့် (၁) အနေဖြင့် လုပ်ဆောင်သင့်ကြောင်း ယခုနှစ်အတွင်း ရေးမြို့နယ်တွင်ကျင်း ပသည့် ရေးသုတတေသနစာတမ်းဖတ် ပွဲတွင် စာတမ်းရှင်များက ပြောသည်။