ယာဉ်အန္တရာယ်လျော့ချရေး လှုံ့ဆော်မှု ပြုလုပ်မည်

0
498

ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု များကြောင့် ထိခိုက် သေဆုံးမှု လျော့ချ နိုင်ရန် ထားဝယ်မြို့ လမ်းဆုံကြီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိ ပေး လှုံ့ဆော်မှုကို ဒီဇင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ညပိုင်းများတွင် ပြုလုပ် သွားမည်ဟု ဇမ္ဗူသိရိ မွန်မြတ်သော ကုသိုလ်ပြု အရေးပေါ် လူနာကူညီသယ် ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက် မှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြား လာပြီး သေဆုံးမှုများ ရှိလာသည့်အတွက် လူသွားလာများသော လမ်းဆုံကြီးတွင် ထားဝယ် အနုပညာရှင်များက တီးဝိုင်း ဖြင့်ဖျော်ဖြေ၍ လူစုဝေးပြီး ယာဉ် အန္တ ရာယ်လျော့ချရေး လှုံ့ဆော်မှုများကို ပြုလုပ် သွားမည်ဟု ယင်းအဖွဲ့မှ ဦးနေမျိုးသွင်က ပြောသည်။

” လမ်းနဘေးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး အသိ ပညာပေးပြခန်းတွေကို ယာဉ်ထိန်းတပ်ဖွဲ့ က ဖွင့်ထားမယ်၊ ကျွန်တော်တို့ အသိ ပညာပေး လက်ကမ်းစာစောင်တွေ ဝေမယ်” ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

ယင်းအစီအစဉ်ကို တိုင်းရဲတပ်ဖွဲ့ နှင့် ဇမ္ဗူသီရိတို့ ပူးပေါင်း လုပ်ဆောင် ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှုကြောင့် အရေး ပေါ်ဆေးဝါးကုသရန် ဆေးရုံသို့ နိုဝင်ဘာလအတွင်း လူနာ ၁၀၀ဦးကို ပို့ ဆောင်ပေးခဲ့ကြောင်း ဇမ္ဗူသိရိ မွန်မြတ် သော ကုသိုလ်ပြု အရေးပေါ် လူနာကူညီ သယ်ဆောင်ရေး မှတ်တမ်းအရ သိရသည်။