အလုပ်မရှိတာလား၊ မလုပ်တာလား၊ ဘာလုပ်ကြမလဲ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဘာလုပ်ရမယ်မှန်း မသိဘူးရယ် ဆိုတဲ့ လူငယ်တွေ အများသား။ ကျောင်း ပြီးတာနဲ့ တန်းရမယ့် အလုပ်မရှိလို့၊ လစာမကောင်းလို့၊ အလုပ်ရှင်မကောင်း လို့၊ ပင်ပန်းလို့၊ ဘွဲ့မရသေးလို့၊ အဲလို မျိုးတွေနဲ့ဖြစ်နေကြတာ ခပ်များများပါ။

အခြား အကြောင်းရင်းခံတွေရှိပေမဲ့ လူငယ်တွေ တွေးပုံခေါ်ပုံအပေါ် ဒီနေရာ မှာ အဓိက ပြောချင်ပါတယ်။ အဓိက   ကျောင်းပြီးတဲ့နောက် ယောင်လည်လည် ဖြစ်နေတဲ့ အနာဂတ် ပဲ့ကိုင်ရှင်များကို ရည်ရွယ်ပါတယ်။ ကမ္ဘာကျော် ကွန်ပျူ တာလုပ်ငန်းရှင် သူဌေးကြီး ဘီလ်ဂိတ်ရဲ့ စကားအချို့ကို ရည်ညွန်း ရေးသားပါ တယ်။

၁။ ကျောင်းတုန်းက ဆရာက ကြမ်းလှ ချည်ရဲ့ ထင်နေလား။
တက္ကသိုလ်တက်တုန်းက ဖြစ်ဖြစ်၊ အထက်တန်းကျောင်းတက်တုန်းက ဖြစ်ဖြစ်ဆရာတွေ ကြမ်းလှချည်လို့ထင် နေလား၊ ကြပ်လှချည်ထင်နေလား။ ဘ၀ထဲက အလုပ်ရှင်က ပိုကြမ်း၊ ပိုကြပ် ပါလိမ့်မယ်။ ကျောင်းတုန်းက အမှားလုပ် လို့ ရတယ်၊ ပြင်ပေးမယ့် သူရှိတယ်။ ဒါပေမဲ့ အလုပ်ထဲမှာ အဲလောက်ထိ အမှား လုပ်လို့ မရတော့ဘူး။ ပြင်ပေးမဲ့သူရှိရင် လည်း ကံကောင်း။

ဒီတော့ ဒီအလုပ်ရှင်နဲ့ မတည့်လို့ တော်ပြီကွာ ဆိုရင်တော့ မဟုတ်သေးဘူး။သူ့ဆီမှာ သင်ယူစရာတွေ အများကြီးဆို တာ သိထားပါ။ စိတ်ရှည်ပါ။ လူ့လောက ကြီးက တက္ကသိုလ်စာသင်ခန်းတွေ လောက် မချောမွေ့ပါဘူး။
find_a_job
ဘယ်က ဘွဲ့ရလာတာပဲဖြစ်ဖြစ်ဘွဲ့ ရတယ်ဆိုတာနဲ့ တတ်သွားတာ မဟုတ် ပါဘူး။ တက္ကသိုလ်ဆိုတာ လောကကြီး ထဲမှာ ဘယ်လို ဆက်သင် ယူရမလဲ၊ ဘယ် လို တွေးခေါ်ရမလဲဆိုတာကို သင်ပေးတဲ့ နေရာပါ။ ကျောင်းပြီးတာနဲ့ လက်နက် အပြည့်အစုံ၊ တိုက်ရည်ခိုက်ရည်ဝသွားတာ မဟုတ်ပါဘူး။ ကျောင်းပြီးတာ ဆိုတာ ဘယ် လက်နက်ကို ဘယ်နေရာမှာ သုံးရ တယ်၊ ဘယ်လိုအချိန်မှာ ဘယ်လို သုံးတိုက်ရ တယ်စတဲ့ ဘ၀တိုက်ပွဲအတွက် နည်း ပေးတဲ့နေရာပါ။ လက်နက်က ကိုယ့်ဟာကိုယ်ကိုယ်တပ်၊ ရန်သူကို ကိုယ့်ဟာ ကိုယ်ရှာရမှာပါ။

၂။ အလုပ်ဝင်ဝင်ချင်း လခမကောင်း လို့လား။
အမွေရလို့၊ ကိုယ့်အဖေက လုပ်ငန်း ရှင်မို့လို့ ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါမှမဟုတ်ရင်တော hဝင်ဝင်ချင်း မြိုးမြိုး မြက်မြက် လခရဖို့၊ မန်နေဂျာကြီးတန်းဖြစ် ဖို့ဆိုတာ သိပ်စိတ်ကူးမယဉ်ပါနဲ့။

ဘီလ်ဂိတ်က ပြောတယ်။ ” တဖြည်း ဖြည်းတည်ဆောက်ပါ။ ကြီးလာ ပါလိမ့် မယ်။ တစ်ညတည်းနဲ့တော့ လိုချင်တာ အားလုံး မရနိုင်ဘူး။ ဖြတ်လမ်းသုံးမယ့် အစား ကိုယ့်ပန်းတိုင် သေချာချ၊ ကြိုးစား လုပ်ကိုင်ပါ” တဲ့။ ဒါဆိုရင်တော့ အိပ်မက် တွေ တကယ် ဖြစ်လာပါလိမ့်မယ်တဲ့။
ကျောင်းပြီးတာနဲ့ ကိုယ်က အလုပ် ထဲမှာ တန်းသုံးလို့ရတဲ့သူ မဟုတ်ဘူး ဆိုတာ လေးလေးနက်နက် သိထားဖို့လို ပါတယ်။ ဒါကြောင့် အလုပ်ရှင်ဘက်က စဉ်းစားရင် လခလည်းပေးရဦးမယ်၊ လုပ် ငန်းကိုင်ငန်းလည်း သင်ပေးရဦးမယ်။ဒီ တော့ မစို့မပို့ လခလေး ဖြစ်နေရင်တောင် လခလည်းရတယ်၊ အလကားလည်း သင်   ပေးတယ်နေတယ်သာ မှတ်ထားလိုက်ပါ။

ကိုယ့်ကိုယ်ကို တည်ဆောက်ပြီး ကိုယ်သာ တကယ်တတ်လာပြီ၊ ဆရာကြီး ဖြစ်လာပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့၊လခကောင်းတဲ့အလုပ်ကို ခေါင်းခေါက် ရွေးလို့ရပြီ။ အဲဒီနေရာကို တစ်ည တည်းတော့ ရောက်မှာ မဟုတ်ဘူး။ ကျော်ဟိန်းစကားနဲ့ ပြောရင်ဆယ်နှစ်၊ ဆယ်နှစ်။ အဲဒါ အနည်းဆုံးပါပဲ။

၃။ သေချာတဲ့ အလုပ် မရလို့လား။
ပြောလေ့ရှိတာက အစိုးရအလုပ်က တည်မြဲတယ်တဲ့လေ။ ပိုသေချာတယ်တဲ့ ။ ဒါက မြန်မာ့ခေတ် အနေအထားအရဖြစ် သွားတာပါ။ အခုခေတ်က ပြောင်းနေပြီ။
တည်မြဲပြီး ဘာမှ ဖန်တီး၊ သင်ယူ နိုင်စွမ်းမရှိတဲ့အလုပ်၊ ကိုယ်ပေး လိုက်ရ တဲ့ အချိန် အလိုက်ပြန်မရ တဲ့ အလုပ် အစား၊ စိတ်ဝင်စားစရာ ကောင်းပြီးစိန် ခေါ်မှုတွေ ပြည့်နေတဲ့ အလုပ်လုပ်     ကြည့်ကြစမ်းပါလို့ ပြောချင်ပါတယ်။ အခု NLD ဖွဲ့မယ့် အစိုးရက ဝန်ကြီးဌာန တွေ လျှော့မယ်ပြောထားလို့ မလှုပ်၊ မရှုပ်၊ မပြုတ်ဝန်ထမ်းတောင် မျက်ခုံး လှုပ်နေရပြီ။

ရေစီးလေး မျှောလိုက်၊ ရုံးချိန်လေး မှန်မှန်လေးသွားလိုက်၊ လကုန်လခထုတ် အဲဒါသေချာတဲ့ အလုပ်မဟုတ်ပါ။ အဲဒါ ထက်ပိုပြီး သင်ယူစရာတွေများတဲ့အလုပ် ကို နှစ်ခြိုက်ကျေနပ်တတ်ဖို့ လိုပါတယ်။အဲယားကွန်းအခန်းထဲမှာ ပင်ပင်ပန်းပန်း မလုပ်ရဘူးဆိုတာနဲ့ ရွေးမိရင် တော့ ငါးပါးမှောက်မှာပါပဲ။ တကယ့်ဘ၀ဆိုတာ အဲဒါထက် ပိုပါ တယ်။ ငယ်တုန်း ကိုယ့်ကိုယ်ကို ခိုင်းပါ။ ငယ်တုန်းကတည်းက ပါ လာတဲ့ ရေသာခိုစိတ်၊ သက်သာလိုစိတ် ဆိုတာ ကြီးလာရင် ကိုယ့်ကို ဒုက္ခပေးမယ့် စိတ်မျိုး။

၎။ ငါက အလုပ်သမားလား။
ငါက အလုပ်သမားဆိုတော့ အလုပ်သမားလိုပဲ လုပ်မှာပေါ့ဆိုတဲ့ သူတွေရှိတယ်။ ဒါဆိုရင်တော့ အမှားကြီးမှားနေပါပြီ။ အလုပ်လုပ် နေရင်း အလုပ်ရှင်နေရာ ကဝင် စဉ်းစားတတ်မိပါစေ၊ မန်နေဂျာနေ ရာက ဝင်စဉ်းစားတတ်ပါစေ။
ငွေရဖို့ တစ်ခုတည်း ကြည့်ပြီး အလုပ်မလုပ်ပါနဲ့။ အလုပ်ရှင်လို၊ မန်နေဂျာလို စဉ်းစားပြီး အလုပ်လုပ်ကြည့်ပါ။ တာဝန် ကျေတယ်ဆို တာထက် ပိုလုပ်ကြည့်ပါ။ ငွေကအလိုလို နောက်ကလိုက်လာပါလိမ့် မယ်။ ကိုယ်က ထာဝရအလုပ်သမားမဟုတ်ဘူး။ အနာဂတ်သူဌေး၊ အနာဂတ်အလုပ်ရှင်ဆိုပြီး စဉ်းစားအလုပ်လုပ်ပါ။ အလုပ်သမား လိုစဉ်းစားနေရင် ထာဝရအလုပ်သမား ဖြစ်နေမှာပဲ။

၅။ အခွင့်အလမ်းဆိုတာတွေ ပြောင်းနေပြီ။
ဟိုးအဖိုးတို့ ခေတ်က ဒါက အခွင့်အရေး ကောင်းပဲဆိုတာနဲ့ အခုခေတ်အခွင့်အလမ်းဆိုတာနဲ့ အခြေအနေခြင်းမတူတော့ဘူး၊ ကွာသွားပါပြီ။ ဆက်ကွာ သွားဖို့ပဲ ရှိတယ်။ အဘိုးတို့ခေတ်၊ အမေတို့ ခေတ်က ဘေးပန်းဝင်ငွေကောင်းတယ်ဆိုတဲ့ အစိုးရဌာနတွေကို ဝင်တိုးခိုင်းလေ့ရှိတယ်။ အဲဒီဌာနမှာ အလုပ်ရရင် တကယ့်အခွင့် အကောင်းကြီးပဲ ဆိုတာမျိုး။

ကျေးဇူးပြုပြီး အဲဒါမျိုးတွေ နားမဝင်ပါနဲ့တော့။ မိဘတွေကိုလည်း အဲလိုနေရာတွေမှာ လုပ်ရတာကို ဂုဏ်ယူခိုင်းပြီး သူခိုးအကြီးစားတွေ မဖြစ်ခိုင်းပါနဲ့တော့။
ခေတ်တွေ ပြောင်းနေပြီ။ အခွင့်အလမ်းတွေ ပြောင်းနေပြီ။ ဒါကို မြင်တတ်ကြပါ။
ဥပမာ အရင်က စားပွဲထိုးဆိုတာ အောက်ခြေသိမ်းအလုပ်၊ သိက္ခာ ကျစရာ အလုပ်လို့ ထင်ရင်ထင်မယ်။ အခုကျတော့ စားပွဲထိုးဆိုတာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ဖို့၊ စားသောက်ဆိုင်တစ် ဆိုင်လည်ပတ် အောင် မောင်းနှင်နိုင်တဲ့ မန်နေဂျာဖြစ်ဖို့ အခွင့်အလမ်းကောင်း ဖြစ် နေပြီ။

၆။ ဝါသနာပါ စွဲလမ်းတာကို လုပ်ပါတဲ့၊ ဘာစွဲလမ်းမှန်းကို မသိရင် ဘာလုပ်မလဲ။
ကမ္ဘာကျော် ပုဂ္ဂိုလ်တွေပြောတာ ရှိတယ်။ ကိုယ်တကယ် ချစ်မြတ် နိုး ဝါသနာပါတဲ့ အလုပ်၊ တန်းတန်းစွဲတဲ့ အလုပ်ကို ဦးတည်လုပ်ပါတဲ့။ ဒါဟာ လုံးဝမလွဲနိုင်တဲ့ လမ်းညွှန်ချက်ပါပဲ။

အရင်က ပန်းချီဆွဲ တယ်ဆိုတာ ကလေးတွေ ဆော့စရာကိစ္စ၊ ဘောလုံးကစားတယ်ဆိုတာ ငယ်တုန်းဆော့တဲ့ ကိစ္စလောက်ပဲ။ ကြီးလာရင် အဲဒါတွေအစား ပိုက်ဆံရှာဆိုတာမျိုး မြင်တတ်တယ်။ ဒါပေမဲ့ ပန်းချီဆွဲတာဖြစ်ဖြစ်၊ ဘောလုံးကန်တာဖြစ်ဖြစ် တန်းတန်း စွဲ ပေါက်မြောက်အောင်လုပ်နိုင်ရင် အခုခေတ်မှာ အောင်မြင်ဖို့ လမ်းစ ဖြစ်နေပါပြီ။ အိုဘားမားပုံလေး လမ်းဘေးမှာ ဂရပ်ဖ်တီဆွဲခဲ့တဲ့ အသက်၂၀ ကျော်အရွယ် ပန်ချီးရူးကောင်လေးတစ်ယောက် တစ်လ သိန်းဆယ်ချီ ဝင်ငွေရနေတဲ့ အောင်မြင်သူဖြစ်နေပြီ။ ဒါမျိုးတွေ အများကြီးပါ။
ဘာစွဲလမ်းနေမှန်းကို မသိဘူးဖြစ်နေလား။ ဒါဆိုရင်တော့ အကောင်းဆုံးက စာဖတ်ပြီး ကိုယ်အာရုံကျတာကို ရှာဖွေပါ။ စာဖတ် တယ်ဆိုတာ လောကကြီးဆီက သင်ယူတာ၊ လောကကြီးကို ရှာဖွေ တာပါ။

ဘာဖတ်ရမှန်း မသိဘူးဖြစ်နေလား။ စာအုပ်ဆိုင်ထဲ ဝင်သွားပြီး ကိုယ်ဖတ်ချင်တယ်လို့ ထင်ရတဲ့ စာအုပ်မျိုးတွေ ရွေးဖတ်လိုက်ပါ။ စိတ်တိုင်းမကျသေးဘူးလား။ ဆက်ရှာ၊ ဆက်ဖတ်ပါ။ ဒီလိုနဲ့ ကိုယ် ဘာကို အာရုံကျလဲတွေ့လာပါ လိမ့်မယ်။
ဒါကြောင့် အချုပ်ပြောရရင် အလုပ်မရှိဘူး ဆိုတာမရှိပါဘူး။ မလုပ်တာပါ။ ပထမဆုံး ကိုယ်ဘာလုပ်ချင်လဲ ရှာဖွေပါ။လုပ်ချင်တာ ဘာမှန်းမသိရင်တော့ နီးရာတစ်ခုခု ကောက်လုပ်နေပါ။ အဲဒီကနေ စပါ။ စာဖတ်ပါ။ အိပ်မက်တွေတစ်ထိုင် တည်းတော့ ဖြစ်မလာပါဘူး။ ကိုယ့်ပန်းတိုင်အိပ်မက်ကို ပုံဖော်လှမ်းချီ နေဖို့ပဲလိုပါတယ်။ တစိုက် မတ်မတ်ပေါ့။

ခေတ်မကောင်းဘူး ထိုင်ပြောရုံနဲ့ တော့ ခေတ်ကကောင်းလာမှာ မဟုတ်ပါဘူး။ ခေတ်ကောင်းချိန် ကိုယ်ကအသင့် ဖြစ်နေအောင် ဖြည့် ထားဖို့ လိုပါတယ်။
ခေတ်က ကိုယ့်ကို ပုံဖော်တာ၊ သူများတွေ ကိုယ့်ကို ပုံဖော်တာကို မခံပါနဲ့။ ကိုယ့်ကိုယ်ကိုရှာဖွေပါ၊ ပုံဖော် ပါ၊ ကိုယ်ဘာဖြစ်ချင်လဲရှာ ပါ။အခုပဲ စလိုက်ကြရအောင်လား။

ကိုယ်သာလျှင် ကိုယ့်ဘ၀ရဲ့အရှင်သခင်ပါ။