ကျောင်းဆရာအလုပ် လုပ်ကြတော့မယ်ဆိုရင်

0
674

ကျောင်းဆရာအလုပ်ကို ရွေးချယ် တဲ့သူဟာ အင်မတန်မှ တာဝန်ကြီး ပါတယ်။ ဆရာ၊ ဆရာမတွေဆိုတာ ကျောက်သွေးသူပါ။ စိန်အရိုင်းတုံးလေး တွေဟာ ကျွမ်းကျင်တဲ့ ကျောက်သွေး သမားနဲ့တွေ့မှ အရောင်တောက်လာ တာပါ။

ကျောင်းသားလူ ငယ်လေးတွေ ဟာ အနာဂတ်မှာ ထွန်း တောက်လာမယ့် ကျောက်အရိုင်းတုံးလေးတွေပါ။ ကျောက် သွေးသူ ဆရာဆရာမတွေရဲ့ ကျွမ်းကျင် မှုနဲ့ စေတနာပေါ် မူတည်ပြီးတော့ ပိုမို တောက်ပလာမှာပါ။ ဒါကြောင့် ဆရာ တွေဟာ ကျွမ်းကျင်တဲ့ ကျောက်သွေး သမားကောင်းဖြစ်အောင် အမြဲတမ်း ကြိုးစားနေရမှာပါ။
နောက်ပြီးတော့ ဆရာတစ် ယောက် ဆိုတာ ဆရာဝန်တစ်ယောက်ထက် ပိုပြီး တော့ သတိထားရမှာပါ။ ဆရာဝန် တစ်ယောက်ဆေးမှားရင် လူနာတစ် ယောက်ပဲ သေမှာပါ။ ဆရာတစ်ယောက် က မှားယွင်းတဲ့ အတွေးအခေါ်တွေကို မိမိရဲ့ တပည့်တွေကို ပြသပေးမိမယ်ဆိုရင် တော့ တပည့်ပေါင်း များစွာရဲ့ဘ၀တွေ သေသွားမှာပါ။
အရင်တုန်းကတော့ ဆရာဆိုတာ စေတနာ၊ ကရုဏာ၊ အနစ်နာဆိုတဲ့ နာသုံးနာနဲ့ ပြည့်စုံရမယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ပြည့်လည်းပြည့်စုံ ကြပါတယ်။
မျက်မှောက်ခေတ် ဆရာတွေ မှာတော့ နာသုံးနာတည်းနဲ့ မလုံလောက် တော့လို့ နောက်ထပ်တစ်နာ ထပ်တိုး ထားရပါတယ်။ အဲဒါက ဘာလဲဆိုရင် စာဖတ်နာကြရမှာပါ။ ဆရာဆရာမတွေ စာနာနာဖတ်ကြပါလို့ တိုက်တွန်း လိုက် ပါရစေ။ ဒါမှသာ စာသင်ရာမှာ တပည့် တွေကို စိတ်ဝင်စားလာအောင် သင်ကြား ပေးနိုင်မှာပါ။ မိမိရဲ့ တပည့်တွေ ပိုထူး ချွန်လာအောင်၊ ပိုပြီးတော့ အသိဥာဏ် တိုးပွားလာအောင် လုပ်ပေးနိုင်မှာပါ။ ဆရာတွေဆိုတာ တပည့်တွေကို စာသင် ပေးရုံနဲ့တော့ တာဝန်မကျေကြပါဘူး။ သူတို့လေးတွေရဲ့ စိတ်ဓာတ်တွေ၊ အတွေး အခေါ်တွေပါ ပြောင်းလဲသွားအောင် လုပ်ပေးနိုင်ပါမှ ဆရာ့တာဝန် ကျေမှာပါ။ အောင်မြင်နေသူတိုင်း စာဖတ်ကြသလို၊ စာအုပ်တွေကိုလည်း ချစ်မြတ်နိုးကြပါ တယ်။ သူတို့တွေဟာ ကိုယ်ပိုင်စာကြည့် တိုက်လေးတွေ ပိုင်ဆိုင်ကြပါတယ်။ ဆရာဆိုတာ ထာဝရကျောင်းတော်သား ကြီးပါ။ ဒါကြောင့် စာပေကို အမြဲမပြတ် လေ့လာဖတ်မှတ်နေဖို့ လိုအပ်မှာပါ။ ဒါမှ လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်နေ မှာပါ။
ကွန်ပြူတာနဲ့ အင်္ဂလိပ်စာကိုလည်း  သင်ယူတတ်မြောက်အောင် လုပ်ထားပါ။
ဒါမှလည်း ခေတ်ရဲ့ အပြောင်း အလဲတွေ နောက်ကို လိုက်နိုင်မှာဖြစ်သလို၊ အင်္ဂလိပ်ဘာသာနဲ့မှ လေ့လာလို့ရမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ အဆင်ပြေမှာပါ။
ပြီးတော့ ငွေနောက် သိပ်မလိုက်ကြ ဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ ငွေ နောက်လိုက်တာနဲ့အမျှ ကိုယ့်ရဲ့သိက္ခာ တွေ တစ်စစ ပွန်းပဲ့လာမှာပါ။ သိက္ခာကို ရိက္ခာနဲ့ မလဲမိဖို့ ဆင်ခြင်ကြရမှာပါ။ ပိုက်ဆံ မချမ်းသာပေမယ့် သိက္ခာချမ်းသာ အောင်၊ အကျင့်စာရိတ္တချမ်းသာအောင်၊ ပညာဂုဏ်တိုးတက်အောင် ကြိုးစားနိုင် မယ်ဆိုရင်တော့ တပည့်တွေက လေးစား ဂုဏ်ယူရမယ့် ဆရာတစ်ယောက် ဖြစ်လာ မှာပါ။ သူတို့ရဲ့ ရင်ဘတ်ထဲမှာ တစ်သက် လုံး ရှိနေမှာအမှန်ပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဘ၀မှာ ဆရာပေါင်း များစွာနဲ့ ကြုံခဲ့ဖူးကြပေမယ့် ရင်ဘတ်ထဲ မှာတော့ သိပ်မကျန်ကြပါဘူး။ အသပြာ ဆရာထက် စေတနာဆရာဖြစ်အောင် ကြိုးစားကြပါ။ တပည့်ကျောင်းသားလေး တွေဆီက အမြတ်မထုတ်မိကြပါစေနဲ့။
ကျွန်တော်တို့ မြန်မာလူမှုအသိုင်း အဝိုင်းမှာ ဆရာဆိုတာကို ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားကြတာပါ။ အနန္တ ဂိုဏ်းဝင်အဖြစ် သတ်မှတ်ထားကြပါ တယ်။ အနန္တဂိုဏ်းဝင် ဖြစ်တာနဲ့အမျှ သီလသမာဓိနဲ့ ပြည့်စုံအောင် ကျင့်ကြံ အားထုတ်ကြရမှာပါ။ လူတစ်ယောက် အောင်မြင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အချက် တစ်ချက်က အကျင့်စာရိတ္တကောင်းဖို့ပါ။ အကျင့်စာရိတ္တ မကောင်းသူ၊ ကိုယ်ကျင့် သီလမကောင်းသူ တစ်ယောက်ကို ဘယ် သူကမှ ရိုသေလေးစားမှာ မဟုတ်ပါဘူး။ ဆရာဆိုတာ တပည့်တွေအတွက် စံပြ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ ဆရာကိုယ်တိုင်က ကွမ်းစား၊ ဆေးလိပ် သောက်၊ အရက်သောက်လုပ်နေ ပြီးတော့ ကျောင်းသားတွေကိုကျတော့ မလုပ်ပါနဲ့ လို့ သွားပြောလို့ရမှာ မဟုတ်ဘူး။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဂန္ဒီအကြောင်း နည်းနည်းပြောချင် ပါတယ်။ တစ်ရက်မှာ ဂန္ဒီဆီကို မိခင်တစ်ယောက်ဟာ သူ့သား လေးကို လက်ဆွဲပြီးတော့ ရောက်လာ ပါတယ်။ သူ့သားလေးဟာ အချိုကြိုက် လွန်းလို့ ဂန္ဒီကို ဆုံးမခိုင်းဖို့ လာတာပါ။

ဂန္ဒီကတော့ တစ်လလောက်ကြာပြီးမှ ပြန်လာဖို့ ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ တစ်လပြည့်လို့ အဲဒီသားမိပြန်လာတော့ ဂန္ဒီက သူကိုယ်တိုင်က အချိုကြိုက်လွန်း လို့ အချို ဖြတ်နေရကြောင်း၊ အခုတော့ အချိုပြတ် သွားပြီဖြစ်လို့ ဆုံးမပေး             နိုင်ပြီဖြစ်ကြောင်း ပြောပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် လိုက်နာသင့်တဲ့ သင်ခန်းစာကောင်း တစ်ခုပါ။ ကိုယ်ကိုယ် တိုင် မလိုက်နာနိုင်တဲ့ စည်းကမ်းကို သူများကို လိုက်နာခိုင်းလို့ မရပါဘူး။ ကိုယ်တိုင် အရင်လိုက်နာနိုင်အောင် ကြိုး စား ကြရမှာပါ။
ကျောင်းသားလေးတွေကို ဆုံးမတဲ့ နေရာမှာ သတိထားဆင်ခြင်စရာတွေ ရှိ ပါတယ်။ ကျွန်တော်တို့ဆီမှာ အားလုံး ဟာ အကြောက်တရားနဲ့ အုပ်ချုပ်ကြ တာပါ။ အစိုးရကလည်း ပြည်သူတွေကို ကြောက်အောင် လုပ်တယ်။

 

မိဘကလည်း သားသမီးကို ကြောက်အောင် လုပ်ထား တယ်။ ဆရာတွေကလည်း တပည့်တွေကို အကြောက်တရားနဲ့ အုပ်ချုပ်တယ်။ ကလေးတွေမှာ ငယ်စဉ်ကတည်းက အ ကြောက်ရောဂါစွဲလာတော့ ကြီးလာတဲ့ အချိန်မှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ် စေ ပြန်မပြောရဲတော့ပါဘူး။ ပြောသမျှ ခေါင်းညိတ်တတ်တဲ့ အကျင့်တွေ စွဲကုန် ပါတော့တယ်။ ကျောင်းသားတွေမှာ လည်း ဆရာတွေကို သိချင်တာကို မမေး ရဲတော့ဘူး။ တစ်ချို့ဆရာ ဆရာ မတွေက ကျောင်းသားတွေကို အ ပြစ်ပေး ရာမှာ ကိုးရီး ဇာတ်ကားတွေထဲကလို အတန်း ပြင်ထွက်ပြီးတော့ ဒူးထောက် လက် မြှောက် ခိုင်းတတ်ကြပါတယ်။ အဲဒီလို အပြစ်ပေးတာဟာ ကျောင်းသားလေး တွေကို ရှက်ကြောက် ပြီးတော့ သိမ်ငယ် စိတ်တွေ ဝင်သွားစေနိုင်ပါတယ်။ တစ်ချို့ သော ဆရာဆရာမတွေက ကလေးတွေ အပေါ် ကရုဏာ ဒေါသောနဲ့ ရိုက်နှက် ဆုံးမရာမှာ လက်လွန်သွားတတ် ကြပါတယ်။

 

အဲဒီအချိန် မိဘတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ တိုင်တန်း တာတွေ ဖြစ်လာရင် နှစ်ဖက်မျက်နှာပျက်ရသလို ကိုယ့်အတွက်လည်း မကောင်းပါဘူး။ ဆရာ ဆရာမတွေဟာ မိမိကျောင်းသားလေးတွေရဲ့ နောက်ကြောင်းလေးတွေကို လက်လှမ်းမီသလောက် လေ့လာထား သင့်ပါတယ်။ ဒါမှသာ သူတို့ကို ဆုံးမရာမှာ ပုံစံအမျိုးမျိုးနဲ့ နားလည် အောင် ပြောပြနိုင်မှာပါ။ ကျောင်းသား တွေကို ဆိုးလို့ဆိုပြီးတော့ ဥပေက္ခာ မပြုမိကြပါစေနဲ့။ စာမေးပွဲ မအောင်သည့်တိုင် အတွေးအခေါ်နဲ့ စည်းကမ်းတွေ တိုးတက်ကောင်းမွန်သွားအောင်လောက်တော့ ဆုံးမ ပေးသင့်ပါတယ်။ ဒါမှလည်း ကျောင်းကထွက်သွားတဲ့အချိန် အရပ်ထဲ မှာ လူကောင်းသူကောင်း တစ်ယောက်အဖြစ်နဲ့ ဘ၀ကိုရပ်တည်နိုင်မှာပါ။
အနာဂတ်ကာလမှာ ကျွန်တော်တို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုရင် လူသားအရင်းအမြစ်ကိုပဲ အားကိုးရတော့မှာပါ။ ဘာဖြစ် လို့လဲဆိုရင် နိုင်ငံပိုင် သဘာဝသယံဇာတတွေဟာ ကုန်သလောက်ဖြစ်နေ ပါပြီ။ စင်ကာပူနိုင်ငံဟာ သဘာဝသယံဇာတမရှိလို့ လူသားအရင်း အမြစ်ကိုပဲ အားကိုးရပါတယ်။ လူသားအရင်းအမြစ် တိုးတက်အောင် လုပ်ဖို့ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေ မွေးထုတ်ပေးရမှာပါ။ အဲဒီတာဝန်ဟာ ဆရာ ဆရာမတွေအပေါ်ကို ကျရောက်လာတော့မှာပါ။ ဒါကြောင့် ဆရာ ဆရာမတွေဟာ အခုထက်ပိုမို ပြီးတော့ အရည်အချင်း တွေ တိုးတက်လာအောင် ကြိုးစားကြရတော့မှာပါ။ အကျင့်စာရိတ္တ ကောင်းမွန်ပြီး၊ စိတ်ဓာတ်ဖြောင့်မတ်မှန်ကန်တဲ့ တပည့်လေးတွေ မွေးထုတ်ပေးကြပါ။ အနာဂတ် နိုင်ငံတော်တည်ဆောက်ရေးမှာ စွမ်းစွမ်းတမံနဲ့ ပါဝင်ဆောင်ရွက်နိုင်မယ့် တပည့်မျိုးတွေ များများမွေး ထုတ်ပေးနိုင်အောင် ကြိုးစားကြပါ။ နောက်တက်လာမယ့် အစိုးရ သစ်လက်ထက်ရောက်ရင် လွှတ်တော်အမတ်တွေတောင် အရင်တုန်း ကလို အိပ်ငိုက်နေလို့ ရမှာမဟုတ်တော့ပါဘူး။ အင်္ဂလိပ်စာကအစ အခြေခံဥပဒေအဆုံး အားလုံးဖတ်မှတ်လေ့လာကြရတော့မှာပါ။ မိမိတို့ရဲ့အရည်အချင်း တိုးတက်အောင် လုပ်ဆောင်ကြရတော့မှာပါ။ အနာဂတ်ကာလမှာ အရည်အချင်းရှိသူတွေပဲ နေရာရကြမှာပါ။