သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေးလုပ်ငန်း ပြန်စ

0
607

သုဝဏ္ဏဘူမိမြို့ဟောင်းကို ကျပ်သိန်း ပေါင်း တစ်ထောင်ကျော်ဖြင့် နိုဝင်ဘာ နောက်ဆုံးအပတ်မှ စတင် တူးဖော်နေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် စီမံ၊ စီးပွားဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။


ယခုနှစ် ပွင့်လင်းရာသီတွင် ဆက် လက်တူးဖော်ရန်အတွက် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဘတ်ဂျက် ကျပ်သိန်းပေါင်း ၈၀၀နှင့် အလှူရှင်များမှ ရရှိထားသည့် အလှူငွေကျပ်သိန်း ၃၀၀ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁၀၀ဖြင့် ဆက်လက် တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
” ဒီနှစ်အတွက်က ၆ နေရာ ရွေး ထားတယ်။ ၆ နေရာ တူးသွားမယ်”  ဟု ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
တူးဖော်ရန် ရွေးချယ် သတ်မှတ် ထားသည့် နေရာ ၆ ခုမှာ ဘီးလင်းမြို့နယ် ဝင်းကတွင် ၅ နေရာနှင့် ကျိုက်ထိုမြို့နယ် မလော့ချောင်းတွင် ၁ နေရာတို့ဖြစ်ပြီး ယခုတူးဖော်မှုသည် ထူးခြားသည့် မြို့ ရိုး၊ မြို့ဝင်ပေါက် နန်းတော်လိုနေရာမျိုး တွေ့ရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း လည်း ၎င်းက ပြောသည်။