ပုလောတွင် မွေးကင်းစ ကလေးငယ်တစ်ဦး လာရောက် စွန့်ပစ်မှုဖြစ်ပွား

0
427

ပုလောမြို့နယ် မင်းထိန်ကျေးရွာရှိ မြိတ်-ပုလော ပြည်ထောင်စုလမ်း မကြီး ပေါ် တွင် နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအချိန်ခန့်က မွေးကင်းစ ကလေး ငယ်တစ်ဦး လာရောက်စွန့်ပစ်မှု ဖြစ် ကြောင်း မျက်မြင်တွေ့ရှိသူ မင်းထိန် ကျေးရွာဒေသခံ ကိုသားပုက ပြောသည်။


“ရော်ဘာစေးခြစ်ဖို့ အိမ်ကနေ ထွက်သွားတာပါ၊ လမ်းရောက်တော့ ကလေးငိုသံ ကြားလို့ ကြောက်အား လန့် အားနဲ့ ဝင်ကြည့်တာ အနှီးပိုင်းနဲ့ပတ် ထားတဲ့ကလေး ဖြစ်နေမှန်းသိရပါတယ်”  ဟု ကိုသားပုက ပြောသည်။
လာရောက်စွန့်ပစ်ထားသည့် ကလေးငယ်သည် ယောက်ျားလေး မွေးကင်းစ ၅ ရက်သား ခန့်သာရှိပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း မင်းထိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ပြောသည်။
” ဘယ်သူတွေက လာစွန့်ပစ်ထား လဲဆိုတာ မသိသေးဘူး”  ဟု ဦးအောင် မြင့်ဦးက ဆိုသည်။
ကလေး ချက်ကြိုးတွင် ကလစ်ပါသည့် အတွက် သားဖွားဆရာမဖြင့် စနစ် တကျ မွေးထားသည်ဟု ယူဆရပြီး ကလေးပိုင်ရှင် ကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြော သည်။လက်ရှိ မွေးကင်းစ ကလေးငယ်ကို မင်းထိန်ကျေးရွာနေ ဒေါ်မြင့်မြင့်ခိုင်က ခေတ္တစောင့်ရှောက်ထားပြီး ကလေး မိဘကို စုံစမ်းမရပါက မွေးစားချင်သူ များကို စာရွက်စာတန်းဖြင့် မွေးစားခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။