ရင်ဘတ်ပေါ်မှ နဂါးဒင်္ဂါး တံဆိပ်နှင့် စပ်လျဉ်း၍

599
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် က တနင်္သာရီတိုင်း ဒေသကြီး ယဉ်ကျေးမှု ပြတိုက် (ထားဝယ်) ဖွင့်ပွဲသို့ စာရေးသူ လည်း ” တနင်္သာရီ မြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့် တင့်ရေး ကော်မတီ” ကိုယ်စားပြုတက် ရောက်ခွင့်ရခဲ့သည်။

” ဆရာတို့က တနင်္သာရီစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့က ဟုတ်တယ် ဟုတ်။” ဟူ၍ စာရေးသူတို့ကို မြင်လိုက်တာနှင့် သိကျွမ်းသလိုမျိုး ပုံစံဖြင့် အန်တီကြီး တစ်ယောက်မှ မိတ်ဆက်စကား ဆို သည်။ ထိုအန်တီကြီးကို တစ်ခါမျှ မတွေ့ ဖူး မဆုံဖူးသော်လည်း မြင်လိုက်သည်နှင့် တနင်္သာရီသားတွေဟု မည်သို့သိသနည်း ဟူသည့် အချက်ကို  စာရေးသူ မေးချင် မိခဲ့သည်။
” အန်တီ လိုက်ရှာနေတာ။ တနင်္သာ ရီ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က လာပါ့ မလားလို့။ တော်သေးတယ်။ ဆရာ့ တိုက်ပုံမှာ ထိုးထားတဲ့ နဂါးပုံလေးကို တွေ့လို့ တနင်္သာရီကဖြစ်မယ်လို့ ထင် လိုက်တာ။ နဂါးဒင်္ဂါးတံဆိပ်မြင်လိုက် တာနှင့် ဒါတနင်္သာရီ အမှတ်သား ဆိုတာ သိနေရမှာပဲလေနော်။”
တနင်္သာရီ ယဉ်ကျေးမှုအတွက် အင်မတန် အားတက်ဖွယ်စကားပင် ဖြစ် သည်။
dingar
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့က တနင်္သာရီ ယဉ်ကျေးမှု အမွေအနှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် မြို့နယ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ခွင့်ပြုချက် ရယူလျက် စာရေးသူ ဝတ်ဆင်မည့် တိုက်ပုံအင်္ကျီ ရင်ဘတ်ပေါ်တွင် ရှေးခေတ် တနင်္သာရီ ပြည်သုံး ဒင်္ဂါးပါ နဂါးတံဆိပ်ကို ပုံဖော် ဖြစ်ခဲ့သည်။ ထိုသို့ အင်္ကျီတွင် ပုံဖော်ရန် ရိုးရာ ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အခမ်းအနားများတွင် တနင်္သာရီ စာပေ နှင့် ယဉ်ကျေးမှု ဆောင်ရွက်သူ အနေဖြင့် သာ ပုံထွင်းတံဆိပ်သုံး ခွင့်ပြုကြောင်း၊ တခြားမည်သည့် နေရာတွင်မျှ အသုံးပြု ဝတ်ဆင်ခြင်း ခွင့်မပြုကြောင်းကို သိရှိ ကြောင်း တနင်္သာရီစာပေနှင့် ယဉ်ကျေးမှု ကော်မတီသို့ ဝန်ခံ ကတိထား ရသည်။ ကြီးကျယ်မြင့်မြတ်လှသော ရှေးဟောင်း အမွေအနှစ် တနင်္သာရီတံဆိပ်တော် ဖြစ် သောကြောင့် တန်ဖိုးထား စောင့်ရှောက် ခြင်းဟု နားလည်ရပေသည်။
သမိုင်းစဉ်များကို လေ့လာကြည့်ကြ လျှင် တနင်္သာရီသားနှင့် တနင်္သာရီနဂါး တံဆိပ်ကို ခွဲခြား၍ မရနိုင်ပေ။ စာရေး သူတို့ တနင်္သာရီလူမျိုးများ တနင်္သာရီ သားများအနေဖြင့် တော်ဝင်နဂါး လှေ တော်၊ နဂါးအလံ၊ နဂါးတံဆိပ်တော် ကို ရှေးခေတ်ကတည်း ဘယ်လောက်အထိ အဘယ်သို့ တန်ဖိုးထား အသုံးပြု ခဲ့ကြ သည်ကို လေ့လာကြည့်လျှင် ရှေးခေတ် ကုန်သွယ်ဖလှယ်ရာ တနင်္သာရီ နေပြည် တော်ထုတ်ဟု ယူဆထားသော ရှေး ဟောင်း အမွေအနှစ် တနင်္သာရီ  ခဲဒင်္ဂါး ပါ သင်္ကေတက အထင်ကရပင် ဖြစ်သည်။

တနင်္သာရီဒင်္ဂါးဟု ဆိုလိုက်တာနှင့် အရွယ်အစားများ ပုံသဏ္ဌာန်များက သီးခြား ပေါ်လွင်သည်။ The Coins of Arkan, of Pegu and of Burma (Feb 1882) ဆောင်းပါးကို ရေးသားသူ ဆာအာသာ ဖယ်ရာ (A.P Phayre) သည် တနင်္သာရီမှ တနင်္သာရီ ဒင်္ဂါး အမျိုးမျိုးကို စုဆောင်းလေ့လာပြီး တနင်္သာရီဒင်္ဂါးများသည် ကိုးကွယ်သည့် ဘာသာအယူအဆနှင့် ဆက်နွယ်မှုရှိ ကြောင်း ဆက်စပ်ပေါင်းကူး မှတ်တမ်း တင် ခဲ့သည်။ ဆာအာသာ ဖယ်ရာ (A.P Phayre) ကဲ့သို့ပင် ဆာရက်ချက် တင် ပယ် (R.C Temple) ကလည်း မန္တလေး ဗြိတိသျှတပ်မတော်နှင့်အတူ ၁၈၈၅- ၁၈၉၂ ခုနှစ်များအတွင်း ရှေးခေတ် တနင်္သာရီပြည် နဂါးတံဆိပ် ဒင်္ဂါးများ အကြောင်းကို အချက်အလက် စုဆောင်း ရေးသားခဲ့သူတစ်ဦးပင် ဖြစ်သည်။

ဒင်္ဂါး အဝိုင်းများ ရှိသကဲ့သို့ ထူးခြားအချက် အနေဖြင့် ရှစ်ထောင့်ပုံသဏ္ဌာန် တနင်္သာရီ ဒင်္ဂါးပြားများကို တွေ့ရသဖြင့် အလေး ထား မှတ်တမ်း ပြုခဲ့ကြသည်။ တနင်္သာရီ ဒင်္ဂါးများတွင် နဂါးလှေတော် ပုံသဏ္ဌာန် ဆောင်သော နဂါးရစ်ခွေပုံနှင့် ဦးခေါင်း တော်မှာ ကြာဖူးလေး ကိုက်ချီ ထားသော သင်္ကေတအား စက်ဝိုင်းဖြင့် ဝိုင်းပတ်ထား ပြီး ပတ်ပတ်လည်လည်တွင် တနင်္သာရီ နေပြည်တော်၏ အရန်မြို့ ၃၂မြို့ကို ကိုယ်စားပြုသည်ဟု ယူဆရသော အစက် အသေးလေးများ ၃၂ခု ပါဝင်ပုံဖော် ထား သည်။ နောက်ကျောဘက်တွင်လည်း ရှေးဟောင်း အက္ခရာစာသား အရေး အသားများပါရှိသည်။ ထိုဖော်ပြချက် များနှင့် စပ်လျဉ်း၍ နဂါးသည် တနင်္သာရီ သား၊ တနင်္သာရီ လူမျိုးတို့အတွက် မပါ မဖြစ် မရှိမဖြစ်သော မြို့တည်သမိုင်း အစဉ်အလာကို ဂါရ၀ပြုထားသည့် သဘော ဖြစ်ပြီး ကြာဖူး ကိုက်ချီထားသည်ကို ကြည့်ခြင်းဖြင့် ဘာသာတရား ယုံကြည် သက်ဝင်ခြင်းနှင့် ငြိမ်းချမ်းရေးကို ဖော်ညွန်း ထားခြင်း ဖြစ်သည်ဟု ယူဆရသည်။ ရှေးခေတ် တနင်္သာရီသားတို့၏ အနုပညာ ဆန်းသစ်မှုနှင့် စိတ်ကူးစိတ်သန်း အင်မ တန် ကောင်းမွန်ခြင်းကို ဖော်ညွန်းနေ သည့် ပြယုဂ်တစ်ခုဟု ယူဆရပေမည်။

ပြတိုက်အတွင်းဘက်တွင်လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း နေရာ အလိုက် တွေ့ရှိရသော ဒင်္ဂါးများကို ပုံ သဏ္ဍာန် အမျိုးမျိုးဖြင့် နှိုင်းယှဉ် ဖော်ပြ ထားသည်ကို လေ့လာနိုင်သည်။ ဒင်္ဂါး အများဆုံး တွေ့ရှိရာ အဓိက နေရာများ မှာ သာဂရမြို့ဟောင်း၊ ဝေဒီမြို့ ဟောင်း၊ ထားဝယ်နှင့် တနင်္သာရီမြို့ ဟောင်းဟူ၍ ဖော်ပြထားပြီး ရွှေ၊ ငွေ၊ ကြေးတို့ဖြင့် သွန်းလုပ်ခြင်းမျိုးမဟုတ်ဘဲ တမူထူး ခြားစွာ ခဲမဖြူ၊ အဖြိုက်နက်၊ ခဲမပုတ် တို့ဖြင့် သွန်းလုပ်ကြောင်း ဖော်ပြထား သည်။ အခြားဒေသများမှာ တွေ့ရသော ဒင်္ဂါးများထက် အရွယ် အစားကြီးသည်။ အဓိက ရှေးအကျဆုံးဟု ယူဆရသော ဒင်္ဂါးများကို ဝေဒီမြို့ ဟောင်းမှ အများ ဆုံး ရရှိပြီး အရှေ့ မျက်နှာစာတွင် စပါးနှံ ကိုက်ချီဟန် ဒေါင်းငှက်သဏ္ဌာန် ငှက်ရုပ် တစ်ခု ပါရှိသည်။ ကျောဘက်မျက်နှာစာ ဖောင်းကြွအဝိုင်းထဲတွင် ယနေ့တိုင် ဖတ် လို့ မရသေးသော ရှေးဟောင်းအက္ခရာ စာလုံးများကို တွေ့ရသည်။ ရှေးဟောင်း အာရှ ဒင်္ဂါးများကို လေ့လာသုတေသန ပြုခဲ့သည့် ဆာအာသာဖယ်ရာနှင့် ဆာရစ် ချက်တင်ပယ်တို့က ထိုဒင်္ဂါးကြီးများကို တနင်္သာရီတံဆိပ်တော်ဟု မှတ်တမ်းပြု ကြောင်း ဖော်ပြထားသည်။ ထိုဒင်္ဂါးသည် ပုံစံခွက်ထဲ လောင်းဟန်ရှိ၍ မိုထက်သွန်း လုပ်သော ဒင်္ဂါးများထက် ပို၍ရှေးကျ သည်ဟု ပြတိုက် ရှင်းလင်းချက်တွင် ဖော်ပြထားသည်ကို လေ့လာနိုင်သည်။

အခြားသော ဒင်္ဂါးတစ်မျိုးမှာ ဒင်္ဂါး တစ်ဖက်တွင် တိုးနယားပုံကို စက်ဝိုင်းနှင့် ဗိန္ဒုပြောက်များဖြင့် ဝန်းရံကာ ကျော ဘက်တွင် အလယ်၌ စက်ဝိုင်းနှင့် လှည်း ဘီးစကြာပုံကြားတွင် ” မဟာသုခံ ဏာ ဂရံ” (ကြီးကျယ် ချမ်းသာသော မြို့ပြ နိုင်ငံ)ဟု ရေးထိုးထားသည်ကို မှန်ဖြင့် ပြောင်းပြန်ဖတ်ရှုနိုင်သည်ဟု သိရသည်။ ဤဒင်္ဂါးအမျိုးအစားကိုမူ အင်းဝ ဒုတိယ ခေတ် မွန်တို့ မအုပ်ချုပ်မီ ကာလအထိ သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။
နောက်ဒင်္ဂါးတစ်မျိုးမှာ ညောင်ရမ်း ခေတ် မွန်တို့ အုပ်ချုပ်သော ကာလက ထုတ်လုပ်ခဲ့သော ဒင်္ဂါးဖြစ်ပြီး တစ်ဖက် တွင် တဝဲ (တဝ်) ဟူ၍လည်းကောင်း၊ ကျောဘက်တွင် ဘဲဟင်္သာ သပြေညွန့် ကိုက်ချီဟန်ဖြင့်လည်းကောင်း တွေ့ရ သည်။ ” မဟာသုခံ ဏာဂရံ” စာတန်း ပါသော ဒင်္ဂါးအများစုသည် တိုးနယား တံဆိပ်နှင့် ကြက်တံဆိပ်များပါပြီး ခဲမဖြူ ဖြင့် သွန်းလုပ်ကြောင်းနှင့် ဒင်္ဂါးသွန်း လုပ်ရာတွင် အသုံးပြုသော မိုဟု ယူဆ ရသော အရာများကိုလည်း လေ့လာတွေ့ ရှိရသည်။

ထို့အပြင် တနင်္သာရီမြို့ဟောင်းတွင် တွေ့ရှိရသော တနင်္သာရီနဂါးတံဆိပ်ပါ ဒင်္ဂါး အများစုမှတဆင့် တနင်္သာရီနှင့် နဂါး၊ ဆက်စပ်မှုရှိသည့် တနင်္သာရီ သမိုင်းကြောင်း အခြေခံများကို ကြည့်ရှု လေ့လာ၍ သုံးသပ်ခန့်မှန်းဖို့ လိုအပ် သည်။ ထိုသို့ သုံးသပ်နိုင်ရန်လည်း တန င်္သာရီသမိုင်း အခြေခံအားဖြင့် မြန်မာ သက္ကရာဇ် ၅၁၄ အောင်သာဝရ မြို့ တည်မှုမှ အခြေပြု၍ ၅၁၅ခုနှစ်မှ စတင် ခဲ့သော တနင်္သာရီ ရိုးရာ နဂါးလှေ တော်သမိုင်းလာ မြို့တည်ရာတွင် ပါဝင် ကူညီသော နဂါးမင်းကြီးကို ရည်ညွန်း ဂုဏ်ပြုသောအားဖြင့် နဂါးလှေတော်၊ နဂါးအလံ၊ နဂါးတံဆိပ်တော် သုံးစွဲမှုနှင့် ဆက်စပ်နိုင်သလို နောက်ထပ်တဆင့် တက်၍ ထိုထက်စောသော ပျူခေတ် ဒင်္ဂါးများအထိတိုင် ပြန့်ကား လေ့လာနိုင် ရန်အတွက် တနင်္သာရီဒင်္ဂါးများသည် သမိုင်းအချိတ်အဆက် သက်သေတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။ ထို နည်းတူပင် ဒေါင်းငှက်၊ ဟင်္သာ၊ တိုး နယားကောင်၊ ကြက်စသော သင်္ကေ တပါသည့် တနင်္သာရီတိုင်းဒေသကြီး၏ ရှေးဟောင်း မြို့ဟောင်းများမှ ရရှိသော ဒင်္ဂါးများကိုလည်း သမိုင်းကြောင်း ဆက် စပ်၍ အထူးမှတ်တမ်းပြု လေ့လာထားဖို့ လိုအပ် လှပေသည်။ အခြေခံ သမိုင်းသိမှ တန်ဖိုးမြင့်၍ လူမျိုးနှင့် ယဉ်ကျေးမှု ဂုဏ် လည်း မြှင့်တင်ရာ ရောက်ပေသည်။
နင်္ဂါးတံဆိပ်ဒင်္ဂါးကို မြင်လိုက်တာ နှင့် ဒါတနင်္သာရီသားဟု အသိအမှတ်ပြု ခံရသည့်အတွက်လည်း စာရေးသူ ထပ် ဆင့် ကျေးဇူးတင် စကားဆိုဖြစ်သည်။  ပြတိုက်ဖွင့်ပွဲတွင် နဂါးလှေတော်နှင့် တနင်္သာရီတိုင်း အမည် ဆင်းသက်လာ သည့် သမိုင်းအခြေခံ စုစည်း ရေးသား ထားသော လက်ကမ်း စာစောင်လေး များကို ဝေငှဖြစ်ခဲ့သည်။

တကယ့် တနင်္သာရီတိုင်းအမည် ဆင်းသက်လာသော တနင်္သာရီ နဂါး လှေတော် အခြေခံသမိုင်းကို တနင်္သာရီ တိုင်းသား မှန်ရင်သိကို သိရမည်ဖြစ်သလို ပြတိုက်တွင်လည်း နဂါးလှေတော်ပွဲတော် နှင့် ပတ်သက်သော အချက်လက်များ၊ ပွဲတော် မြင်ကွင်းများကို ဖော်ပြဖို့ သင့် သည်။ ကျွဲခတ်ပွဲ၊ နွားခတ်ပွဲတို့ထက် သမိုင်းအစဉ်လာ မြင့်ပြီး အထင်ကရဖြစ် သော နဂါးလှေတော်ကျင်းပမှု မြင်ကွင်း များကိုမူ တစ်နေရာ တစ်ကွက်စာမျှပင် မဖော်ပြထားသဖြင့် တနင်္သာရီသား တစ် ယောက်အနေဖြင့် အထူးစိတ်မကောင်း ဖြစ်ရသေးသည်။

တနင်္သာရီရိုးရာ ခေါသရပ်ပွဲ မြင် ကွင်း၊ မြစ်ဆုံ ဆီမီးမျှောပွဲဓလေ့၊ တနင်္သာရီ ရိုးရာ လူကျားအက၊ နန်းတွင်း ဖျော်ဖြေမှု စတင်ခဲ့သော အဆို အက အတီးသုံးမျိုးစပ် တနင်္သာရီရိုးရာ ဂေါင်စည်တော်အက (ဗျိုင်းတောင်အက)၊ တနင်္သာရီမြို့နယ် အတွင်း သဘာဝကျောက်တောင်၊ ခြေ တော်ရာတောင် စသော ရှုခင်းအလှ မြင် ကွင်းများကိုလည်း ဖော်ပြပေးနိုင်ဖို့ ပြော ဖြစ်ခဲ့သည်။ ဖွင့်ပွဲအမီ အမြန်နည်း စီစဉ် ရသဖြင့် မပါဖြစ်ခဲ့တာဖြစ်မည်ဟု နား လည်ပေးဖြစ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ယဉ် ကျေးမှုပြတိုက်(ထားဝယ်)အတွင်းတွင် တနင်္သာရီမြို့မှ ရှေးဟောင်းအမွေအနှစ် တော်တော်များများကို ခင်းကျင်းပြသ ပါဝင်နေသည့်အတွက် များစွာ ဂုဏ်ယူ မိပါသည်။ နှလုံးသားနှင့်ထုဆစ်ပြီး ယဉ် ကျေးမှု တည်တံ့ဖို့အရေး အမွေအနှစ် ပစ္စည်းများကို ပါဝင် လှူဒါန်းပေး ခဲ့ကြ သော တနင်္သာရီသားများ၏ ယဉ်ကျေးမှု အလှူအတွက် မုဒိတာပွား သာဓုခေါ် မိခဲ့သည်။

ပြတိုက်မှ ခင်းကျင်းပြသထားသော အမွေအနှစ်များကလည်း တနင်္သာရီတိုင်း ဒေသကြီးရဲ့ ယဉ်ကျေးမှု အစဉ်အလာကို ကိုယ်စားပြုရင်း သမိုင်းအရှိန်မြှင့် အမျိုး ဂုဏ်ဝင့်အောင် ထပ်ဆင့် ဖော်ထုတ် ပေးမည့် ပညာရှင်များကို ရှာပေးမည့်  အညွန်း ကိရိယာအဖြစ် ရှိနေကြလိမ့်မည် ဟု စာရေးသူ မျှော်လင့်မိသည်။ ဒေသ တစ်ခုအတွင်း တည်မှီနေသော ရိုးရာ ဓလေ့ အစဉ်အလာများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ရာတွင် မျှမျှတတဖြစ်အောင် တိကျသောအချက် အလက်များဖြင့် စုဆောင်း ဖော်ပြကြရင်း မထင်မရှားဖြစ်နေသော နယ်မြေအလှ အပများနှင့် ယဉ်ကျေးမှု ဓလေ့ရိုးရာ အမွေအနှစ်ကို လာရောက် ကြည့်ရှုသူများ ပိုမိုသိရှိပြီး ထိုနယ်မြေသို့ ကိုယ်တိုင်သွားရောက် လေ့လာချင် စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်သည်အထိ ဆောင်ရွက်ကြရမည် ဖြစ်သည့်အပြင် ထင်ရှားနေပြီဖြစ် သော နယ်မြေများနှင့် အမွေအနှစ်များ ကိုလည်း ပိုမိုသိရှိအောင် စိတ်ဝင်စားဖွယ် တင်ပြရပေဦးမည်။ ထို့နေ့ စာရေးသူ ဝတ်ဆင်ထားသော အင်္ကျီရင်ဘတ်ပေါ်မှ နဂါးဒင်္ဂါး တံဆိပ် ကို မြင်တာနှင့် ” ဒါ တနင်္သာရီသား တနင်္သာ ရီယဉ်ကျေးမှု” ဟု ဆက်စပ်သိသလိုမျိုး လာရောက်လေ့လာသူများ စွဲမြဲသိရှိအောင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ တခြားခြားသော သမိုင်းအစဉ် အလာရှိရှိ ဒေသ အမွေအနှစ်များကိုလည်း ဖော်ထုတ်ခင်းကျင်း ပြသဖို့ အထူးပင် လိုအပ်နေပေပြီ ဖြစ်ပါတော့သည်။