ရေလုပ်သားတစ်ဦး လုပ်ဖော်ကိုင်ဖက်များကို ဓားဖြင့်ခုတ်၊ စက်လှေကို မီးရှို့ဖောက်ခွဲ

0
536

မြိတ်ကျွန်းစု မလိကျွန်းလှအနီး ရေပြင်တွင် ရေလုပ်သား ၅၀ ကျော် ပါ မြတ်နိုးသူ ငါးဖမ်းစက်လှေတွင် နိုဝင်ဘာလ ၄ ရက်၊ နံနက် ၃ နာရီ ခွဲခန့်က ရေလုပ်သားတစ်ဦး လှေပေါ်ရှိ အခြား ရေလုပ်သားများကို ဓား ၂ လက် ဖြင့် လိုက်ခုတ်ကာ စက်လှေကို မီးရှို့ ဖောက်ခွဲပစ်လိုက်ကြောင်း အဆိုပါစက် လှေပါ ရေလုပ်သားများက ပြောသည်။

အခင်းဖြစ်ပွားသည့် ဝါတန်း ငါး ဖမ်းစက်လှေသည် ပြီးခဲ့သည့် ရက်ပိုင်း က မြိတ်မှ စတင်ထွက်ခွာခဲ့ပြီး ငါးဆရာ နှင့် ရေလုပ်သားများအပါအဝင် ၅၀ဦး လိုက်ပါခဲ့ကာ အများစုမှာ ထားဝယ် ဇာတိများဖြစ်သည်ဟု သိရသည်။

” စက်လှေ မလိုက်တော့ဘူး၊ ရွာပြန် ချင်တယ်” ဟု ပြောနေသည့် အထက်ပါ ရေလုပ်သားအား ပြန်ပို့ရန် စီစဉ်နေစဉ် ယင်းသို့ အခင်းဖြစ်ပွားခဲ့ ခြင်းဖြစ် ကြောင်း ရေလုပ်သားများက ပြောသည်။

ဓား ၂ လက်ဖြင့် ဝှေ့ရမ်းပြီး လိုက် ခုတ်နေ၍ ရေလုပ်သားတစ်ဦး သေဆုံး ခဲ့ပြီး ကျန်သူများမှာ ရေထဲခုန်ချခဲ့သည် ဟု ၎င်းတို့က ရှင်းပြသည်။
” စိတ်ဖောက်ပြီး ဓားနဲ့ လိုက်ခုတ် တယ်လို့ ထင်ပါတယ်၊ လှေကိုလည်း မီးရှို့ပစ်လိုက်ပါတယ်၊ လှေသားတွေ အားလုံး ရေထဲခုန်ချလိုက်ပြီး ခပ်ဝေး ဝေးရောက်မှာ စက်လှကြီးပေါက်ကွဲ သွားတယ်” ဟု မျက်မြင်သက်သေ တစ် ဦးဖြစ်သူ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်မှ ရေလုပ်သား ကိုမင်းနိုင်က ပြောသည်။

လှေပေါ်တွင် အထက်ပါ ဓားဖြင့် လိုက်ခုတ်သူ တစ်ဦးတည်း ကျန်ချိန်တွင် ဂက်စ်ပိုက်ကို ဓားဖြင့်ဖြတ်ပြီး စက်ခန်း အတွင်း ဓာတ်ငွေ့လွှတ်သွင်းကာ မီးရှို့ ပစ်သဖြင့် လှေတစ်စီးလုံး မီးလောင် ပေါက်ကွဲသွားသည်ဟု ထားဝယ်ဇာတိ ရေလုပ်သား ဦးမြင့်စိုးက ရှင်းပြသည်။
ရေထဲ ခုန်ချခဲ့သည့် ရေလုပ်သား များကို အနီးအနားရှိ ကျေးရွာများမှ ကမ်းနီး ငါးဖမ်းစက်လှေငယ်များက လာ ရောက် ကယ်ဆယ်ပေးခဲ့ကြောင်း သိရ သည်။
ယင်းကိစ္စနဲ့ ပတ်သက်ပြီး မြိတ် မြို့နယ်ရဲစခန်းမှ အမှုဖွင့် စစ်ဆေး အရေး ယူနေကြောင်း သိရသည်။