နှစ်ပေါင်းရှစ်ရာ သက်တမ်းရှိ ရှေးဟောင်းရိုးရာ နဂါးလှေလှော်ပွဲတော် ကျင်းပ

0
550

နှစ်ပေါင်း ၈၆၂ သက်တမ်းရှိ တနင်္သာရီမြို့နယ်၏ ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော ရိုးရာ နဂါးလှေလှော်ပွဲတော်ကို နိုဝင်ဘာလ ၁ ရက်က တနင်္သာရီမြစ်အတွင်းတွင် ကျင်း ပပြုလုပ်ခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရ သည်။

ရိုးရာလှေလှော်ပွဲတော်ကို တန င်္သာရီမြို့မှ ရွှေနန်းသာရီ၊ ငွေနန်းသာရီ အမည်ရှိ နဂါးလှေတော် ၂ စင်းနှင့် လယ်သစ်ကျေးရွာမှ ရန်ကြီးအောင်၊ မြကြီးအောင်၊ ပတ္တမြားသွယ်၊ စိန်ပန်း သွယ် အမည်ရှိ နဂါးလှေတော် ၄ စင်း စုစုပေါင်း ၆ စင်းတို့ဖြင့် တနင်္သာရီ မြစ်အတွင်း လှေအလှလှော်ခတ်ပွဲ ကျင်းပ ခဲ့သည်ဟု သိရသည်။
nagar_myeik
တနင်္သာရီက ရွှေနန်းသာရီ လှေ တော်တွင် လှေသား ၁၂ ဦးနှင့် ကျန် လှေတော်များတွင် တစ်စီးကို ၄၂ ဦးစီဖြင့် ပါဝင်လှေလှော်ခဲ့ကြကြောင်း လယ်သစ် ကျေးရွာမှ လှေတော်သား တစ်ချို့က ပြောပြသည်။
ယင်းကဲ့သို့ လှော်ခတ်ရာတွင် နဂါးလှေဦးစီး မင်္ဂလာ ဦးပေါက်ဖြစ်သူမှ ဧဇာရစ်ကျူးရင်း နဂါးလှေတော်များမှ နဂါးကပ်တောင်ဘုရား၊ ဝင်္ဂဘာတောင် ဘုရားတို့ကို ဦးခိုက်ကြပြီး မြစ်အတွင်း လှေအလှ လှော်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းရိုးရာ နဂါးလှေတော်ကို အစဉ်အဆက်ကျင်းပနိုင်ရန် နဂါးလှေ တော်များကို စနစ်တကျ ထိန်းသိမ်း ထားရှိပြီး လှေတော်သားများအဖြစ် စိတ်အားထက်သန်ကြသည့် လူငယ်များ ကို လက်ဆင့်ကမ်း ခေါ်ယူသွားမည် ဟု လယ်သစ်ကျေးရွာ နဂါးလှေတော် တစ်စီး မှ လျှာတက်ကိုင် ဦးလှိုင်အေးက ပြောပြ သည်။

သမ္မတ ဦးသိန်းစိန်၏ တနင်္သာရီ တိုင်းဒေသကြီး ခရီးစဉ်အတွင်း ယင်း နဂါးလှေလှော်ပြိုင်ပွဲကို တက်ရောက် ခဲ့သည်။
” ဒီနှစ်မှာ သမ္မတခရီးစဉ်နှင့် တိုက် ဆိုင်နေတာကြောင့် ပွဲကပိုစည်ပြီး ယဉ် ကျေးမှုအမွေအနှစ်တွေကို တနင်္သာရီ သားများက ပိုပြီး အားသက်သရောထိန်း သိမ်းချင်တဲ့စိတ် ဂုဏ်ယူ တန်ဖိုးထားတဲ့ စိတ်ဖြစ်ပေါ်ခဲ့ပါတယ်” ဟု ယင်းမြို့နယ် စာပေနှင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်း သိမ်း မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။

အဆိုပါ ရိုးရာနဂါးလှေ လှော်ခတ် ပွဲတွင် ယခင်နှစ်များက လယ်သစ် ကျေး ရွာမှလှေတော် ၄ စင်းနှင့် တနင်္သာရီမှ လှေတော် တစ်စင်း စုစုပေါင်း ၅ စီးဖြင့် လှော်ခတ်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ်မှစပြီး ရွှေနန်းသာရီ နဂါးလှေတစ်စင်းကို ထပ် တိုးထားသဖြင့် စုစုပေါင်း ၆ စင်းဖြင့် လှေလှော်ပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

တနင်္သာရီမြို့၏ ရိုးရာနဂါးလှေ လှော်ပွဲတော်ကို ချောင်းကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဒီပမှ ဦးစီးပြီး နှစ်စဉ် ယင်းကျောင်း ဘုံကထိန်ရက် ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။