လက်ဆင့်ကမ်းအမွေ

0
408

ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့တုန်းက ကျွန်တော့် ဝမ်းကွဲအစ်မတွေက မွေးတဲ့ တူလေးနှစ်ယောက် ကျွန်တော့်ကို လာ ကန်တော့ ကြပါတယ်။ လာကန်တော့ ကြတဲ့ တူလေးနှစ်ယောက်ထဲက တစ် ယောက်ကတော့ ကျွန်တော်ထိုင်ပြီး ကန် တော့ခံနေတဲ့ နံဘေးက ဆွမ်းအုပ်ကြီး ဆီကို ခဏခဏ လှမ်းကြည့်နေတာကို သတိထားမိပါတယ်။ သူတော်တော် စိတ် ဝင်စားနေပုံရပါတယ် ။

ကန်တော့ ပြီးလို့ ပြန်ခါနီးမှာ ဆွမ်းအုပ်ကြီးကို လှမ်းလှမ်း ပြီး ကြည့်နေတဲ့ တူတော်မောင်က စိတ် ဝင်တစားနဲ့ ကျွန်တော့်ကို မေးပါတော့ တယ်။
“လေးလေး . . . အဲဒါ ဘာကြီးလည်း ဟင်” တဲ့။
ဆယ်တန်းကျောင်းသားအရွယ် ကျွန်တော့်တူလေးရဲ့ မေးမြန်းချက်ကို ကြားရတော့ တော်တော်လေး စိတ်မ ကောင်း ဖြစ်သွားမိသလို ဝမ်းလည်းသာ မိပါတယ်။ စိတ်မကောင်း ဖြစ်မိတာက မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်း တစ်ခုဖြစ်ပြီးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့တဲ့ ဆွမ်းအုပ်ကို အသက် ၁၆နှစ်အရွယ် ကလေးတစ်ယောက်က ဘာပစ္စည်းမှန်း မသိတော့တာကိုပါ။
တကယ်တော့ ဒီကလေးဟာ ကျွန် တော့်ဆီမှာရှိတဲ့ ဆွမ်းအုပ်ကို ပထ မဆုံး မြင်ဖူးခဲ့တာတော့ မဟုတ်လောက် ပါဘူး။ တခြား တစ်နေရာရာတွေမှာလည်း တွေ့ဖူး မြင်ဖူးခဲ့မှာပါ။ ဒါပေမယ့်လည်း စူးစမ်းခွင့်မရလို့ မြန်မာ့ ယဉ်ကျေးမှု လက်ရာစစ်စစ် ယွန်းဆွမ်းအုပ်ကြီးကို ဘယ်နေရာမှာ သုံးတဲ့အရာလဲ၊ ဘယ်လို ခေါ်သလဲဆိုတာကို မသိတော့တာ ဖြစ် မယ်လို့ ထင်ရပါတယ်။ သူမေးမြန်း တာကို အကြောင်းပြုပြီး သူတို့နှစ် ယောက်ကို ဒီဆွမ်းအုပ်အကြောင်းပြောပြ ခွင့်ရတော့မှာမို့ ဝမ်းသာမိတယ်လို့ ပြောရတာ ဖြစ်ပါတယ်။
hand_by_hand_
ဒီဆွမ်းအုပ်လေးကို တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက မင်းရပ်ရွာမှာ ရရှိခဲ့တာပါ။ တစ်နည်းအားဖြင့် ကျွန်တော် တို့ မင်းရပ်ရွာ တလိုင်းမော်ပိုင်းမှာ နေထိုင်တဲ့ ဦးမောင်နှင်း ဒေါ်ကြည်ပိုတို့ အိမ်က ရခဲ့တာ ဖြစ်ပါတယ်။ ဒီဆွမ်း အုပ်က ဒေါ်ကြည်ပိုရဲ့ အဖွားအသုံးပြုခဲ့တဲ့ ဆွမ်းအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အခု လက်ရှိ ဒေါ်ကြည်ပိုဟာ အသက် ၇၅ နှစ်ဝန်းကျင်လောက်ရှိပြီဆိုတော့ သူ့ အဖွား ပစ္စည်းဖြစ်တဲ့ ဒီဆွမ်းအုပ်ရဲ့ သက်တမ်းကလည်း နှစ်ပေါင်းတစ်ရာ ကျော်နေလောက်ပါပြီလို့ ခန့်မှန်းမိပါ တယ်။ ဆွမ်းအုပ်ကို ကျွန်တော်စတွေ့ စဉ်တုန်းက အခုလို ပုံစံမျိုး မဟုတ်ပါဘူး။ ဆွမ်းအုပ်ရဲ့ ကိုယ်ထည်နဲ့ အောက်ခြေ အနားမှာ ကြွက်ကိုက်ထားတဲ့ အပေါက် နှစ်ပေါက်တွေ့ရပြီး ဆွမ်းအုပ်ကိုလည်း တစ်နေရာမှာ ချောင်ထိုးထားခဲ့တာပါ။ အိမ်သားတွေ အနေနဲ့ကလည်း ဒီဆွမ်း အုပ်ကို လက်ရှိခေတ်တွေမှာ အသုံးမပြု ကြတော့ဘူးဆိုတော့ ဒီအတိုင်း အမှုမဲ့ အမှတ်မဲ့နဲ့ထားရှိတဲ့ အနေအထားမျိုးနဲ့ တွေ့ရပါတယ်။ အဲဒီဆွမ်းအုပ်ကို တွေ့ လိုက်ရတဲ့ ကျွန်တော်က ပိုင်ရှင်မိသားစု ဆီမှာ ခွင့်တောင်းကြည့်ပါတယ်။ ပျက်စီး လုလုဖြစ်နေတဲ့ ဆွမ်းအုပ်လေးကို ပြန် လည်ပြုပြင်လို့ ကျွန်တော့်အိမ်မှာ အလှ ပြထားပြီး ထိန်းသိမ်းခွင့်ပြုဖို့ပါ။

ကျွန်တော် ကံကောင်းပါတယ်။ ဆွမ်းအုပ်လေးကို ပြုပြင်ပြီး ထိန်းသိမ်း ခွင့်ရခဲ့လို့ပါ။ နောက်တစ်ခု ကံကောင်း တာရှိပါသေးတယ်။ ဦးမောင်နှင်း ဒေါ်ကြည်ပိုတို့ မိသားစုတို့က သူတို့ အဖိုးအဖွားပိုင် ပစ္စည်းဖြစ်တဲ့ ဒီဆွမ်း အုပ်လေးကို ကျွန်တော်နဲ့ တွေ့ခွင့်ရ အောင်အထိ ထိန်းသိမ်းထားခဲ့လို့ပါ။ တကယ်တော့ ပြီးခဲ့တဲ့ ဆယ်နှစ်အတော အတွင်းက ကျွန်တော်တို့ ထားဝယ်နယ်မှာ ဒီလို ဆွမ်းအုပ်လိုမျိုး ဘိုးဘွားအစဉ်ဆက် အသုံးပြုလာခဲ့တဲ့ ယဉ်ကျေးမှုပစ္စည်းတွေ တော်တော်များများ ရှိနေခဲ့သေးတာပါ။ ပစ္စည်းအဟောင်းတွေ ဝယ်တဲ့လူတန်း စားတစ်ရပ်က ရွာခံတစ်ယောက်ကို အပိုင် မွေးထားပါတယ်။ ပြီးတော့ အိမ်စေ့တန်း စေ့ လိုက်လံ မွှေနှောက်လို့ မဖြစ်စလောက် ငွေကြေးပေးပြီး ဘိုးဘွားအစဉ်အဆက် အသုံးပြုလာခဲ့တဲ့ ပစ္စည်းဟောင်းတွေကို လိုက်လံ ဝယ်ယူနေ ကြတာပဲတဲ့။ ဒါကြောင့် အခုအချိန်မှာ မိဘ ဘိုးဘွားပိုင် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ထားဝယ်ဒေသမှာ တော်တော်လေး ရှားပါးကုန်ပြီလို့ သိရပါတယ် ။ ဒီကနေ ဝယ်ယူသွားတဲ့ ပစ္စည်းတွေကိုလည်း တစ်ဘက်နိုင်ငံက ရှေးဟောင်းပစ္စည်း အရောင်းဆိုင်တွေမှာ မူရင်းပစ္စည်း ပိုင်ရှင်တွေ မကြားဖူးလောက်တဲ့ ဈေးတွေ နဲ့ ရောင်းဝယ်မှုတွေ ပြုလုပ်နေကြတယ် လို့ သိရပါတယ်။ ကြားရတဲ့ သတင်း စကားတွေက တကယ်ကို စိတ်မကောင်း စရာပါပဲ။

အခုဒီဆွမ်းအုပ်လေးကိုလည်း အိမ်တိုင်ရာရောက် လာပြီးတောင်း ဝယ် ဖူးတယ်လို့ ဆိုပါတယ်။ ပိုင်ရှင်က အဖိုးအဖွား ပစ္စည်းအဖြစ် အမှတ်တရ အဖြစ်ထားရှိပြီး မရောင်းပစ်ခဲ့လို့သာ အခုလို ကျွန်တော် တွေ့ခွင့်ရတာပါ။ ကျွန်တော့် အနေနဲ့တော့ ဒီရှေးဟောင်း ယွန်းထည်လေးကို ပြုပြင်ထိန်းသိမ်း ခွင့်ရတာ အတော်ပဲ ဝမ်းသာမိသလို တောက်လျှောက် ထိန်းသိမ်းလာပြီး ကျွန်တော့် လက်ကို လွှဲပြောင်းပေးခဲ့တဲ့ ပိုင်ရှင်မိသားစုကိုလည်း အထူးပဲ ကျေးဇူး တွေ တင်နေမိတယ်။

ကျွန်တော်တို့ မင်းရပ်ရွာက ရလာ ခဲ့တဲ့ ဆွမ်းအုပ်ကို မန္တလေးမြို့မှာ မြန်မာ မှု ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ မိတ် ဆွေတစ်ယောက်ဆီပို့ပြီး ပြုပြင်မှုတွေ ပြုလုပ်စေခဲ့ပါတယ်။ တကယ်တော့ ရှေး ဟောင်း ပစ္စည်းတန်းဝင်နေတဲ့ ဒီဆွမ်း အုပ်လေးကို သူ့မူရင်းအဟောင်း ပုံစံ အတိုင်း ထားသင့်တာပါ။ ဒါပေမယ့် လည်း ဆွမ်းအုပ်မှာတွေ့ရတဲ့ အပြစ်အနာ ဆာတွေလေးတွေက အခုလိုပြုပြင်မှုမျိုး လုပ်မှ အဆင်ပြေနိုင်မှာမို့ အသစ် ပုံစံအတိုင်းဖြစ်အောင် ပြုလုပ် လိုက်ရတာ ဖြစ်ပါတယ်။ ပြုပြင်ပြီး ဆွမ်းအုပ်ကိုတော့ ကျွန်တော့်အိမ် ဧည့်ခန်းထဲမှာ နဂါးသုံး ကောင် ဒေါင့်ထောက်ထားတဲ့ ကလပ် ပေါ်ထင်တားလိုက်ပါတယ်။ မြင်ရတာ တကယ်ကို ကျက်သရေရှိတာပါ။ အဲဒါကို လာကန်တော့တဲ့ ကျွန်တော့် ဝမ်းကွဲ တူလေးကမြင်ပြီး အထူးအဆန်း အနေနဲ့ မေးခဲ့တာ ဖြစ်ပါတယ်။

ဆွမ်းအုပ်ကိုကြည့်ပြီး စိတ်ဝင် တစားနဲ့ မေးလာတဲ့ကလေးကို ဆွမ်း အုပ်နဲ့ ပက်သက်ပြီး အရင်က တို့မြန်မာ လူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဘုန်းကြီး ကျောင်းကို ဆွမ်းပို့တဲ့အခါ ဆွမ်းတွေ ထည့်ယူသွားရတဲ့ ဆွမ်းတော်အုပ်ဖြစ်တဲ့ အကြောင်း၊ ယောနယ်ဘက်မှာ အခုချိန် ထိ ဒီလိုဆွမ်းအုပ်တွေ သုံးနေသေးတဲ့ အကြောင်းနဲ့ ဒီဒေသမှာ ဆွမ်းအုပ်ကို မသုံးကြတော့ပေမယ့်လည်း ရှေးဟောင်း အမွေအနှစ်ပစ္စည်း အဖြစ်နဲ့ရော အိမ်ကျက်သရေဆောင် အဖြစ်နဲ့ပါ ထားရှိကြတာ ဖြစ်ကြောင်း ရှင်းပြလိုက် ပါတယ်။ နောက်ပြီး ဒီလို ဆွမ်းအုပ်တွေကို နှီး၊ ဝါး၊ ကြိမ်၊ သစ်သားစတဲ့ ကုန်ကြမ်း တွေနဲ့ ပုံဖော်ထွင်းထု ရက်လုပ်ရတာ ဖြစ်ပြီး သားရိုးကိုင်၊ သစ်စေးသုတ်၊ ရွှေချ တာတွေလုပ်ပြီး အချောသပ်ပြုလုပ်ရတယ် ဆိုတာကိုပါ အကျဉ်းရုံးပြီး ပြောပြလိုက် ရပါတယ်။

ရှေးဟောင်းပစ္စည်းတန်ဖိုးထားသူတွေနဲ့ မြန်မာ့ယဉ်ကျေးမှုအမွေနှစ်ပစ္စည်း တွေကို ချစ်ခင်မြတ်နိုးသူ ကျွန်တော့် မိတ်ဆွေတချို့က ကျွန်တော် ဆွမ်းအုပ် လေးကိုမြင်ပြီး သဘောကျကြတော့ အတော်သင့်များတဲ့ တန်ဖိုးတွေချမှတ်ပြီး တောင်းဝယ်ကြ ပါတယ်။ တချို့ကလည်း ဒီဆွမ်းအုပ်လေးရဲ့တန်ဖိုးဟာ ဘယ် လောက် ဘယ်မျှတန်တယ် ဆိုပြီးတော့ လည်း တန်ဖိုးတွေ လာဖြတ်နေတတ်ကြ ပါတယ်။ ကျွန်တော်အနေနဲ့တော့ သူတို့ပြောတဲ့ တန်ဖိုးတွေအပေါ် စိတ်ဝင် စားမှု မဖြစ်သလို သာယာမှု တွေလည်း မဖြစ်ခဲ့ပါဘူး။ ဘာလို့ လည်းဆိုတော့ အရင်နှစ် ပေါင်း တစ်ရာ ကျော်လောက်က ကိုယ့် ထားဝယ်ဒေသမှာ အသုံးပြုခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတစ်ခုကို ရေရှည် တည်တန့်နေစေဖို့ ကိုယ်နဲ့မကွာ ထိန်းသိမ်း စောင့်ရှောက်သွားရမှာမို့ ဖြစ်ပါတယ်။

နောက်ပြီး ကျွန်တော့်မှာ တာဝန် တစ်ခု ကျန်နေပါသေးတယ်။ ဒီဆွမ်း အုပ်ပိုင်ရှင် ဦးမောင်နှင်းနဲ့ ဒေါ်ကြည်ပို တို့ရဲ့ မြေးရင်းခေါက်ခေါက်တွေလည်း ဖြစ်၊ ကျွန်တော့် အစ်မရင်းက မွေးထားတဲ့ ကျွန်တော့်တူနဲ့ တူမ နှစ်ယောက်လည်း ဖြစ်တဲ့ မျိုးဆက်သစ်လေး နှစ်ယောက်ကို ကျွန်တော့် လက်ရှိယူထားတဲ့ တာဝန်တွေ လွှဲပြောင်းပေးဖို့ပါ။ အဲဒီအခါကျရင် ကိုယ့်ယဉ်ကျေးမှု အမွေနှစ်ပစ္စည်းတွေကို ချစ်မြတ်နိုးတတ်လာအောင် ပြောပြပြီး သူတို့ ဘိုးဘွားပိုင် ဒီဆွမ်းအုပ်လေးကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ သူတို့ လေးတွေ ဘိုးဘွားအမွေကို မြတ်နိုး တန်ဖိုးထားကြမှာပါ။ ကျွန် တော့်တူ တူမတွေလိုပဲ နောင်လာမယ့် မျိုးဆက် သစ်လေးတွေလည်း ဘိုးဘွားပိုင် ပစ္စည်း များကို တန်ဖိုးထားတတ်ကြပါစေ ကြောင်း ဆန္ဒပြုလိုက်ရပါတယ် ခင်ဗျာ။