ညံ့သူမရှိ

0
430

တက္ကသိုလ်ဝင်တန်း အောင်စာရင်း တွေ ထွက်တော့၊ အောင်သူတွေ သက် ပြင်းချ၊ ရှုံးသူတွေကတော့ စိတ်ဓာတ် ကျပေါ့လေ။ အောင်လည်း အောင်ပြီးရော သာမန်ပဲ ကြိုးစားခဲ့ကြသူတွေအတွက် နောက်တစ်မျိုး ပူရပြန်တယ်။ ဒါကတော့ ဘာဆက် တက်ရမလဲပေါ့။

ဘာဆက်တက်ရမလဲဆိုတာ သိဖို့ ဆယ်တန်း အမှတ်စာရင်းတွေ မြန်မြန် ထုတ်ကြပြန်ရော။
သိပါပြီတဲ့။ ဘာဆက် တက်ကြ မလဲ။ အမှတ်နဲ့ တက္ကသိုလ်ဝင်ခွင့်ကို ဆုံးဖြတ်နေဆဲ မြန်မာပြည် အဆင့်မြင့် ပညာရေး စနစ်အရတော်ရုံ အမှတ် ၂၄၀ ကနေ ၄၀၀ ကြားလောက် ရတဲ့သူတွေက ဘာတက်လို့ တက်ရမယ်မှန်း မဆုံးဖြတ် နိုင်တော့။ ဒီထဲမှာဒီနှစ်ထဲ အောင်တဲ့ ကျွန်မဝမ်းကွဲမောင်လေး တယောက် လည်း ပါတယ်။ အမှတ်က ၃၅၀ နီးပါး။ ကျောင်းဆရာဆိုလည်းမမီ၊ ကွန်ပြူတာ လည်း မမီ၊ နယ်စပ်စည်ပင် လည်း မမီ။
ဘာစိတ်ဝင်စားလဲ ဆိုတော့ ရေရေ ရာရာ မသိသေး။

ဒီလိုလမ်းမျိုး ဖြတ်သန်းဖူးသူ တစ်ယောက်၊ ဆယ်တန်းကို သူလိုကိုယ် လို အမှတ်နဲ့ အောင်မြင်ခဲ့ဖူးသူတစ် ယောက်အနေနဲ့ ဒီနှစ် ဆယ်တန်းအောင်တဲ့ မောင်လေး၊ ညီမလေးတွေရဲ့ ရှေ့ရေး အနာဂတ်ဆီကို စိတ်တွေက ပြေးလွှား သွားတယ်။
ကံမကောင်း အကြောင်းမလှစွာပဲ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကျွန်မ မျက်မှောက် ၁၅ နှစ်အတွင်း ဘာမှ မပြောင်းလဲလာတာကို မြင်ရ တုန်းပဲ။ အဲဒီပညာရေးက လူငယ်တွေကို ကိုယ်ပိုင် စဉ်းစားဆင်ခြင်နိုင်ပြီး၊ လွတ်လပ်စွာ တွေးခေါ် ဆုံးဖြတ်ချက်ချသူတွေ ဖြစ် အောင် လုပ်ပေးဖို့ ခက်တုန်းပဲ။ ဒါကြောင့် ဆယ်တန်းက ဆုံးဖြတ်ပေးလိုက်တဲ့ အမှတ်ပေါ်မှာပဲ ရရာမေဂျာတက်၊ ဘ၀ကို အရှုံးပေးလိုက်တဲ့ လူငယ်တွေ မဖြစ်စေ ချင်ဘူး။
no_one_stupid
အမှတ်စာရင်းတွေ ထွက်လာလို့ ဘာဆက်တက်ရမလဲဆိုတဲ့ မေးခွန်း အစား ” ငါဘာဆက်တက်ချင်သလဲ” ဆို တဲ့ မေးခွန်းမေးကြည့်ပါ။ အဖြေမရှိဘူး လား။ အဖြေရှာပါ။ အရင်ဆုံး ကိုယ့်ကို ကိုယ် နောင်ငါးနှစ်၊ ဆယ်နှစ်အတွင်း ဘာအလုပ်လုပ်တာမျိုး မြင်ချင်လဲ၊ ဘယ် လို အလုပ်မျိုးဆို ပျော်မလဲဆိုတာက စမေးကြည့်။ ဒါလည်း အဖြေ မထွက်သေး ဘူးဆိုရင် စာအုပ်တွေဖတ်၊ အနား ပတ်ဝန်းကျင်က သိလောက်မယ် ထင်တဲ့ သူမေး။
မရှိသေးဘူးလား။ ကိစ္စမရှိ။ အခု လောလောလတ်လတ် ဆယ်တန်းအောင် ထားသူတွေ လုပ်နိုင်တာက ကိုယ့်နယ် မှာရှိတဲ့ အင်္ဂလိပ်စာ၊ ကွန်ပြူတာ သင် တန်းတွေ တက်ထားဖို့။ တက်ရင်းနဲ့ ဆရာသမားတွေနဲ့ ပြောဆို မေးမြန်းပေါ့။

ဒီလိုချုံ့ပြောဖို့ လွယ်ပေမယ့် ” ပြောတော့သာ အလွယ်လေးပါ၊ ငါဆို မဖြစ်နိုင်ပါဘူး” လို့ တွေးမိကောင်း တွေး မိနေပါလိမ့်မယ်။ ကျွန်မကတော့ ဆယ် တန်းအောင်စက ဖတ်ခဲ့ရတဲ့ ဆရာဖေမြင့် ရဲ့ ဘာသာပြန် စာအုပ်ခေါင်းစဉ် အတိုင်း ပဲ ပြန်ပြောချင်တယ်။
” မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား” လို့။
ကြိုးစားပြီးပြီလားလို့ မေးချင်တယ်။

(၂)
နောက်တစ်ချက်က အရေးတကြီး အကြံပေးချင်တာက စာဖတ်ကြဖို့ပါ။ စိတ်မကောင်းစွာပဲ မိဘ တော်တော် များများက သားသမီးကို စာကျက်ဖို့သာ တစ်သက်လုံး တိုက်တွန်းလာပေမယ့် စာဖတ်ဖို့ မပျိုးထောင်တာကို တွေ့နေ ရတယ်။ သားသမီးကို ဖတ်စရာ၊ သုတ၊ ရသ စာအုပ်များ ဝယ်ပေးပါ။ စာဖတ် ကျင့်ရှိပါစေ။ ဆယ်တန်း အောင်ပြီးသူ တွေကလဲ ဆေးလိပ်သောက်၊ ကွမ်းစား လမ်းသလား နေမယ့်အစား စာဖတ်ကျင့် လေး လုပ်ကျင့်ပါ။ ခုနေခါ မသိသာ ပေမယ့် လက်ရှိ ဘ၀ကနေ ပိုကောင်းတဲ့ ဘ၀ကို စာဖတ်ခြင်းက ပို့ပေးနိုင်ပါတယ်။ အနည်းဆုံး စာအုပ်မဝယ်နိုင်ဘူး ဆိုရင် တောင် ကိုယ့်အနီးအနား စာကြည့်တိုက် တွေက ငှားဖတ်တာတို့၊ စာဖတ်သူ တွေဆီက စာအုပ်ငှားဖတ်တာတို့ကနေ စနိုင်ပါတယ်။

တက္တသိုလ် မတက်ခင်စပ်ကြား မှာတော့ ကိုယ်ဝါသနာပါတဲ့ နောင်မှာလဲ ကိုယ့်အတွက် အကျိုးရှိမယ့် ပညာရပ် တစ်ခုကို သိအောင်လုပ်ပါ။ ဆိုပါစို့။ ကျောင်းဆရာ ဖြစ်ချင်တယ်။ သာမန် အမှတ်ကလဲ မမီဘူး။ ဘာလုပ်မလဲ။ ရွေးချယ်စရာတစ်ခုရှိပါတယ်။ အဝေး သင်လျှောက်ပြီး အင်္ဂလိပ်စာကို အထိုက် အလျှောက်ရအောင် သင်ပါ။ ကိုယ့်နယ် မှာ သင်ကြားရေးနဲ့ ပတ်သက်တဲ့ သင် တန်းတွေ ရှိသလား၊ ပညာရေး ဝန်ကြီး ဌာနကခေါ်တဲ့ ဒီပလိုမာတန်းတွေ ရှိလား စုံစမ်းပါ။ မရှိရင် ရန်ကုန်လိုမျိုး မြို့ကြီး မှာ အစိုးရကျောင်းမှာ မဟုတ်ပေမယ့် အပြင်ပုဂ္ဂလိက ကျောင်းတွေမှာ သင်လို့ ရတဲ့ ခေတ်မီနည်းစနစ်တွေနဲ့ သင်ကြား ရေးတွေကို သင်တဲ့ သင်တန်းတွေ အများ ကြီးပါ။ စုံစမ်းဖို့တော့ လိုတာပေါ့လေ။

နောက်တစ်ချက်က ဝါသနာပါတဲ့ တက္ကသိုလ် တက်သူဆိုလည်း တက္ကသိုလ် ပညာရေးကိုချည်း အားမကိုး ဖို့ပါ။ တက္ကသိုလ်တက်ရင်း တစ်ခါတည်း အလုပ်ဝင်ရင် လိုအပ်နိုင်မယ့် ပညာရပ် တွေပါ ဆည်းပူးထားပါ။ ဥပမာ စီးပွား ရေး တက္ကသိုလ်တက်သူဆိုပါစို့။ ကျောင်း ချည်း အားကိုးတာမျိုးမဟုတ်ဘဲ ကျောင်း ပိတ်ရက် ကွန်ပြူတာ တက်ထား တာမျိုး၊ စီးပွားရေးနဲ့ ဆိုင်တဲ့ ဒီပလိုမာ တက်ထား တာမျိုးနဲ့ ကိုယ့်အရည်အချင်း ဖြည့်ထား မယ်ဆိုရင် ကျောင်းပြီးတာနဲ့ အလုပ်ဝင်တဲ့ အခါ အဆင်သင့်မှာပေါ့။

ပညာရေးနဲ့ ပတ်သက်ရင် ကျွန်မ ကတော့ ကြည့်ခဲ့ဖူးပြီး အမြဲကို သဘော ကျနေတဲ့ ၃ Idငသအျ အိန္ဒိယ ဇာတ်ကား ကိုပဲ ပြန်သတိရမိပါတယ်။
မိဘတွေရဲ့ တွန်းအားနဲ့ အင်ဂျင်နီ ယာ ကောလိပ်ကို ရောက်လာတဲ့ ကျောင်းသားလေးတွေရဲ့ ဇာတ်လမ်းပါ။ ကျောင်းကတစ်သွေး၊ တစ်သံတစ်မိန့် ပုံသေနည်းအတိုင်း ပုံတူလောင်းခံရ ပေ မယ့် မအောင်မြင်ဘဲ၊ ဥာဏ်ရည်ချင်း မတူသူ သူငယ်ချင်းတွေကြားက လွတ် လပ်စွာ ကြီးပြင်းခွင့်ရသူ၊ ဝါသနာ ပါရာကို လုပ်ခွင့်ရသူကသာ အားလုံး ထက် ပိုအောင်မြင်သွားတဲ့ ဇာတ်လမ်း ထဲက သူငယ်ချင်း သုံးယောက် အကြောင်းပါ။
ဒီနေရာမှာ မိဘတွေရဲ့ ပံ့ပိုးမှုလဲ အများကြီး လိုပါတယ်။ ကိုယ့် သား သမီးက ဆေးကျောင်း မဝင်တိုင်း၊ သူနာ ပြု မမီတိုင်း၊ ကျောင်းဆရာ မဖြစ်တိုင်း လူရာ မဝင်တော့တာ မဟုတ်။ ဆရာဝန် ချည်းရှိနေရင် ကျွန်မတို့ တိုင်းပြည်ဖွံ့ဖြိုး ရေးလုပ်မယ့် အုပ်ချုပ်သူအစိုးရ (နိုင်ငံ ရေး သမားတွေ)၊ လမ်းတံတား ဆောက် မယ့် အင်ဂျင်နီယာ၊ ကုန်သည်၊ စွန့်ဦး တီထွင် စီးပွားရေးလုပ်ငန်း ရှင်တွေ စသဖြင့် ဘယ်ရှိပါတော့မလဲ။

ငါ့သားသမီးက နဂိုညံ့ပါတယ်။ ကိုယ်တွေကလည်း သိပ်ထောက်ပံ့ပေးနိုင် တာမဟုတ်ဆိုတဲ့ မိဘတွေလည်း ရှိကောင်း ရှိမှာပါ။ ဒါပေမယ့် ဒီ အကြောင်းပြချက်နဲ့ ကိုယ့်သားသမီး တွေရဲ့ အနာဂတ်ကိုတော့ လမ်းမပိတ် စေချင်ဘူး။
အလွတ်ကျက်မှတ်နိုင်မှ တော်တဲ့ ဆိုတဲ့ ပညာရေးစနစ်ထဲ အလွတ်မကျက် နိုင်လို့ မတော်ဘူးလို့ ကိုယ့်သားသမီး တွေကို သတ်မှတ်တာကို ခံမလား။ သူ့ကို နောက်ထပ် ကြိုးစားခွင့်ပေးမလား။

နောက်ထပ် ကြိုးစားခွင့်လေး ပေး ကြည့်ပါ။ မှန်ကန်တဲ့ ထိန်းကျောင်း မှုလေးပါ ပေးပါ။ လူငယ်တွေကို စိတ် မပျက်စေရပါဘူး။
လူငယ်တွေမှာ ညံ့သူမရှိပါဘူး။ စိတ်ပါဝင်စားရာနဲ့ သင်ယူလေ့လာစရာ ကိုက်ဖို့သာ လိုတာပါ။ စိတ်ဝင်စား တာလည်း လေ့လာရမယ်၊ သင်ယူလေ့ လာစရာ ဝန်းကျင်ကောင်းနဲ့လည်း တွေ့ မယ်၊ ကိုယ်တိုင်လည်း အားစိုက် မယ်ဆို ရင် အားလုံးဟာ အနာဂတ် လင်းလက် ကြယ်တွေ ဖြစ်လာမှာပါ။
ဆယ်တန်းက ဆုံးဖြတ်ပေးလိုက်တဲ့ အမှတ်ပေါ်မှာပဲရရာ မေဂျာတက်၊ ဘ၀ကို အရှုံးပေးလိုက်တဲ့ လူငယ်တွေ မဖြစ်စေ ချင်ဘူး။
တကယ်တော့ ဆယ်တန်း အမှတ် ဟာ ဘ၀အဆုံးအဖြတ် မဟုတ်ပါဘူး။

စာရေးသူသည် ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုမှ မီဒီယာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး လက်ရှိ ရန်ကုန်အခြေစိုက် အင်္ဂလိပ် သတင်းဌာနတစ်ခုတွင် သတင်း စာဆရာမအဖြစ် အလုပ်လုပ်ကိုင် လျက်ရှိသည်။