တပ်မတော် အရာရှိဟောင်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၃ ဦး မဲဆန္ဒနယ် အပြောင်း အလဲလုပ်

0
447

တနင်္သာရီတိုင်း ဒေသကြီးတွင် လာမည့်ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ က ဝင်ပြိုင်မည့် တပ်မတော်အရာရှိ ဟောင်း ကိုယ်စားလှယ်လောင်း ၃ ဦး မဲဆန္ဒနယ်အပြောင်းအလဲပြု လုပ်လိုက် ကြောင်း ပြည်ခိုင်ဖြိုး ပါတီထံမှ သိရ သည်။

နောက်ဆုံး ထုတ်ပြန်ချက်အရ ဒုတိ ယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)ကို တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး၊ ဗိုလ်ချုပ်ခင်မောင်ဌေး(ငြိမ်း)က ကျွန်းစု မြို့နယ် အမျိုးသားလွှတ်တော် အမှတ်(၈)နှင့် ဗိုလ်မှူးဝင်းကြူက မြိတ် မြို့နယ်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ် (၁) တွင် ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။

တနင်္သာရီ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)သည် ယခင်က ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ထောက် ချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်ကာ ပြီးခဲ့သည့် ရက်ပိုင်းကမှ တပ်မတော်မှ အငြိမ်းစား ယူခဲ့သူများဖြစ် ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ကူးပြောင်းလာသူများအနက် တစ်ဦး အပါအဝင် ဖြစ်သည်။
ကျွန်းစုမြို့နယ်၊ အမျိုးသားလွှတ် တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ဗိုလ်ချုပ်ခင်မောင်ဌေး(ငြိမ်း) သည်လည်း ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်း ဆောင်နေရာမှ အငြိမ်းစားယူကာ ရွေး ကောက်ပွဲဝင်ရောက်လာခြင်း ဖြစ် သည်။

ကြံ့ခိုင်ရေးပါတီ၏ ကနဦးထုတ် ပြန်ချက်အရ တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ဗိုလ်ချုပ် ခင်မောင်ဌေး(ငြိမ်း)၊ ကျွန်း စုမြို့နယ် အမျိုးသားလွှတ်တော် အမှတ်(၈)တွင် ဗိုလ်မှူးဝင်း ကြူ(ငြိမ်း)နှင့် မြိတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၁)တွင် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)တို့ ဝင်ပြိုင်မည်ဖြစ်သည်