မြိတ်တွင် ကြံခိုင်ရေးပါတီမှ ရွေးကောက်ပွဲ မန်နေဂျာ သင်တန်း စပေး

0
455

မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွေးကောက်ပွဲ မန်နေဂျာ လုပ်ငန်း ခွင် သင်တန်းများကို သင်ကြားပို့ချ လျက်ရှိကြောင်း ယင်းပါတီ မြို့နယ် အတွင်းရေးမှူး ဦးကိုကိုကြီးထံမှ သိရ သည်။

အဆိုပါ တစ်ရက်တာ သင်တန်းကို မြို့နယ်တာဝန်ခံများက ပို့ချပေးပြီး ပါတီရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းများ၏ မဲရုံကိုယ်စားလှယ်များ အဖြစ် တာဝန်ထမ်းဆောင်မည့် ပါတီဝင် များကို သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် နေရာ ၆ ခု တွင် ကျင်းပမည်ဟု သိရသည်။

“ရွေးကောက်ပွဲမှာ မဲရုံအတွင်း အပြင်နဲ့သက်ဆိုင်တဲ့ဥပဒေ၊ နည်းဥပဒေ တွေ၊ မဲပေးတာ စနစ်တကျ ဟုတ်မဟုတ် သိနိုင်ဖို့ သင်တန်းတွေ ပို့ချတာပါ” ဟု ဦးကိုကိုကြီးက ဆိုသည်။အဆိုပါ သင်တန်းကို တစ်နိုင်ငံ လုံးအတိုင်းအတာ စီမံချက်ဖြင့် ပို့ချ ပေးနေခြင်းဖြစ်ကာ မြိတ်ခရိုင် အတွင်းရှိ ပုလောမြို့နယ်မှ နေရာ ၃ ခုရှိ ပါတီ ဝင်များကို ဇူလိုင်လ အတွင်းက သင်တန်း များ ပို့ချပေးထားပြီးဖြစ်သည့် ကျွန်းစု၊ တနင်္သာရီ မြို့နယ်များကိုလည်း ပြုလုပ် သွားမည်ဟု မြိတ်မြို့နယ် ကြံခိုင်ရေး ပါတီမှ သိရသည်။

အင်န်အယ်လ်ဒီ မဲရုံအတွင်း ကိုယ်စားလှယ်လောင်းများ၏ မဲရုံ ကိုယ်စားလှယ်များကို တစ်ပါတီလျှင် ၂ ဦးမှ ၃ ဦးအထိ ထားရှိသွားမည်ဖြစ် ကြောင်း ပါတီအသိုင်းအဝိုင်းမှ သိရ သည်။

ယင်းသင်တန်းကို မြိတ်မြို့နယ် မြိတ်တောင်နယ်မြေနှင့် စန္ဒဝတ် ကျေးရွာ တို့တွင် ဩဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရ သည်။