ချူလာမှာ ၁၀ရက်ကြာ

0
136

ချူလာလောင်ကွန် တက္ကသိုလ် ဆိုတာ ထိုင်းနိုင်ငံရဲ့ ရှေးအကျဆုံး တက္ကသိုလ် ဖြစ်တယ်။ မကြာမီမှာ နှစ် ၁၀၀ ပြည့် ကျင်းပတော့မှာဖြစ်တဲ့အတွက် ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ ၁၉၉၅ ခုနစ်လောက်က အာရှဖွံ့ဖြိုးရေး ဘဏ် ကပေးတဲ့ ပညာသင်ဆုအတွက် ချူလာ မှာ တက်ချင်ကြောင်း လျှောက် ထားခဲ့ ပေမယ့် ရွေးချယ်မခံခဲ့ရပါဘူး။ နှစ် ပေါင်း ၂၀ ကြာတဲ့အခါ ဒီတက္ကသိုလ် ကြီးမှာ ခြေချခွင့် ရခဲ့ပါတယ်။

” ၄၀ ကျော်မှ ကံပေါ်တယ်” လို့ ပြောရမယ် ထင်တယ်။ ဘ၀မှာ ပညာ ဘယ်လောက်ပဲ သင်ချင်ချင် အခက်အခဲ များစွာ တွေ့ခဲ့ရတယ်။ ဒုက္ခတွေ ကြား ကနေ အပင်ပန်းခံနိုင်လွန်း၊ ကြိုးစား နိုင်လွန်းလို့ ရပ်တည်နိုင်ခဲ့တာပါ။ ဒီ အတွက် ဆရာတစ်ယောက်က ကျွန်တော့် အကြောင်းကိုသိလို့ ချူလာလောင်ကွန် တက္ကသိုလ်ကို မိတ်ဆက်ပေးပါတယ်။ ဒါနဲ့ ချူလာရဲ့ ၂၀၁၅ အာဆီယံနိုင်ငံများ သတင်းအချက်အလက် ပေါင်းစည်းမှု ဆိုင်ရာ လက်တွေ့ဖော်ဆောင်ခြင်း ပညာ ရေး အစီအစဉ် (AIMS – ASEAN Integrated Media Practice Scholarship ကို ဘာသာပြန်ကြည့် တာပါ) မှ ဖိတ်ကြားခံရပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံ ၁၀ နိုင်ငံလုံး ပါဝင်ပြီး တစ်နိုင်ငံ အတွက် လူ ၄ ဦး လျာထားပါတယ်။ ပထမပိုင်း သိရသလောက် မြန်မာနိုင်ငံ အတွက် ရန်ကုန်တက္ကသိုလ်က ၂ ယောက်၊ ထားဝယ်က ၂ ယောက် ဖြစ် တယ်။ ဘယ်လိုဖြစ်တယ်တော့ မသိပါ ဘူး.. နောက်တာ့ မီဒီယာပိုင်း;( The Voice) က ဆရာမ တစ်ယောက် ဖိတ် ကြားခြင်း ခံရတယ်။ ရန်ကုန်တက္ကသိုလ် က မပါတော့ဘူး။
sayazaw-article

ထားဝယ် ၂ ယောက်မှာ ကျွန် တော်ရယ်၊ ချူလာရဲ့ လိုအပ်ချက်အရ ထားဝယ်တက္ကသိုလ်က နောက် ၁ ယောက် ရပါတယ်။ ထားဝယ်သား၊ ဒေါက်တာ ဘွဲ့ရ၊ သုတေသနတွေ အများကြီးလုပ်ဖူး တဲ့သူ။ အခွင့်အရေးသမားမဟုတ်တဲ့ ပညာရှင်ဖြစ်ကြောင်း ကျွန်တော်က ထောက်ခံတဲ့အခါ ချူလာက သဘောတူ ပါတယ်။ ဖိတ်စာကို ၁ လလောက် ကြိုပို့ပေးပါတယ်။ မည်သို့ ပင်ဆိုစေကာ မူပေါ့ဗျာ.. နောက်ဆုံးတော့လည်း ခွင့်ပြု ချက်မရလို့ ကျွန်တော့် ရဲဘော်ကြီး ကျန်ခဲ့ပါတယ်။
ဒီအစီအစဉ်ကို ချူလာက လုပ်ပေ မယ့် ထိုင်းအစိုးရရဲ့ အာဆီယံ လေ့လာ ရေးဌာနကနေ ငွေကြေး ထောက်ပံ့ပါ တယ်။ ပထမနေ့မှာ ညွှန်ကြားရေးမှူး ကိုယ်တိုင်တက်ပြီး မိတ်ဆက်စကားပြော ပါတယ်။ အာဆီယံနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ပြောတယ်။ ပြီးတော့ အခုတက်လာတဲ့ အဖွဲ့တွေကိုလည်း ဝိုင်းဝန်းဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ပြောပါတယ်။ ညနေပိုင်းမှာ အဖွဲ့လိုက် လေ့လာရပါ တယ်။ ကျွန်တော်က Graphic Design ခေါင်းစဉ်နဲ့။ အရောင်တွေ၊ ပုံတွေရဲ့ အရေးပါမှုကို သင်ပါတယ်။ ပြီးတော့ တစ်ခါတည်း ကိုယ်ပိုင်ဒီဇိုင်းလုပ်ရတယ်။ ထိုင်း၊ လာအိုအဖွဲ့တွေ သူတို့နိုင်ငံ အကြောင်းပြောပါတယ်။

ဒုတိယနေ့မှာတော့ မနေ့ကလိုပဲ အဖွဲ့တွေခွဲပြီး လေ့လာရပါတယ်။ ဒီနေ့ အတွက် ကျွန်တော်က Sound can change the picture ဆိုတဲ့ ခေါင်းစဉ်ကို လေ့လာပါတယ်။ ဂီတအကြောင်း အသေးစိတ် သင်တယ်။ နောက်ခံ တေး ဂီတရဲ့ အရေးပါပုံကို ဆွေးနွေးကြပါ တယ်။ ရုပ်ရှင် ဇာတ်ကားတစ်ခုကို ပြပြီး မူရင်း နောက်ခံတေး၊ ပြီးတော့ နောက်ခံ ဂီတ အမျိုးမျိုး ပြောင်းပြီး ရှင်းပြတာ အလွန်ကောင်းပါတယ်။ ပုံပြင်တစ်ပုဒ် ကို ဇာတ်ကောင်တွေအလိုက် အသံနဲ့ သရုပ်ဆောင်ရတယ်။ နောက်ဆုံး အစီ အစဉ်အရ စင်္ကာပူ၊ ဘရူနိုင်း၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီယားတွေ သက်ဆိုင်ရာ နိုင်ငံအလိုက် ဆွေးနွေးရကြတယ်။

တတိယနေ့ကျတော့ တက္ကသိုလ် ထဲကနေထွက်ပြီး လေ့လာရေး သွားရ ပါတယ်။ မွန်ဘုန်းကြီးကျောင်း၊ ဟိန္ဒူ ဘုရားကျောင်း၊ ဂျာဗားဗလီ၊ တရုတ် သင်္ချိုင်း၊ ဘုရင့်နန်းတော်နားက လျောင်း တော်မူဘုရားကြီး၊ ယိုးဒယားပြတိုက် တွေကို လေ့လာရပါတယ်။ ဘန်ကောက် မြို့၊ အထူးသဖြင့် ထိုင်းမှာ ဘာသာမတူ သူတွေ၊ လူမျိုးမတူသူတွေ၊ အတူယှဉ် တွဲနေထိုင်ပုံကို လေ့လာစေပါတယ်။

စတုတ္ထနေ့ မနက်ပိုင်းမှာ အာဆီ ယံအိမ်နီးချင်းများ ဆိုပြီးခေါင်းစဉ်နဲ့ ဘရူနိုင်းက ဂျာနယ်လစ်တစ်ဦးရယ်၊ နိုင်ငံခြားသား ပညာရှင်တစ်ဦးရယ် ဟောပြောတယ်။ ဟောပြောသူနဲ့ တက် ရောက်သူတွေကြား အပြန်အလှန် ဆွေး နွေးတာ အရမ်းကောင်းပါတယ်။ အာဆီ ယံနိုင်ငံတွေကြား တစ်ခုတစ်စည်းတည်း ဒါမှမဟုတ် ASEAN – one family အာဆီယံ-မိသားစု ဘယ်တော့ဖြစ်မလဲ လို့ စင်္ကာပူက မေးတဲ့အခါ may be in next life နောက်ဘ၀မှ ဖြစ်လိမ့် မယ်လို့ နိုင်ငံခြားသား ပညာရှင်က ပြန်ဖြေတဲ့ အခါ အားလုံးဝိုင်းရယ် ကြရပါတယ်။ ကျွန်တော်ကလည်း အားကျမခံ မြန်မာ ပြည်ကြီး ဘယ်တော့ ဒီမိုကရေစီရမလဲလို့ မေးတဲ့အခါ အရင်အဖြေအတိုင်းပဲလို့ ပြောပါတယ်။
ပဉ္စမနေ့ အစီအစဉ်အရ မနက် ပိုင်းမှာ Body language ဆိုတဲ့ ကိုယ်၊ လက်၊ ခြေလှုပ်ရှားမှုတွေ သင်ရတယ်။ ထိုင်းရိုးရာ အကကိုလည်း သင်ရတယ်။ကိုယ်တိုင် ပြန်ကပြရတယ်။ ခေါင်းစဉ် တစ်ခုရွေးပြီး အဖွဲ့လိုက် သရုပ်ဆောင် ရတယ်။ ထိုင်းတွေရဲ့ ရာမယဏ ဇာတ်ကို အခြေခံပြီး ရှင်းပါတယ်။ စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားက နိုင်ငံအလိုက် ဆွေးနွေးပါတယ်။ ဗီယက် နမ် အဖွဲ့က မြန်မာနိုင်ငံအကြောင်း တင်ပြပေးသွား တဲ့အတွက် ကျေးဇူးတင်ရပါတယ်။

ဆဌမနေ့ရောက်တော့ ပြီးခဲ့တဲ့ ၅ ရက်တာကို ပြန်သုံးသပ်ခိုင်းတယ်။ ဘာတွေရလဲ၊ ဘာတွေသိသွားလဲ။ အဖွဲ့ လိုက် လုပ်ရတယ်။ ပြီးတော့ ရှင်းပြပေါ့။ နောက်ပိုင်း အာဆီယံနိုင်ငံတွေကြား ဘယ်လိုတွေ ပူးပေါင်းဆောင် ရွက်မလဲ၊ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ထပ်ဆွေး နွေး ရပါတယ်။ ဒီလိုလုပ်တဲ့အခါ ကျွန် တော်တို့အဖွဲ့ကOne for All : All for One ခေါင်းစဉ်တင်ပါတယ်။ ဒီ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး Docum -entary (မှတ်တမ်းရုပ်ရှင်) လုပ်ဖို့ တောင်းဆိုပါတယ်။

သတ္တမနေ့မှာတော့ ကျွန်တော်တို့ လုပ်ချင်တဲ့ မှတ်တမ်းရုပ်ရှင်ကို ဘယ်လို အကောင်အထည်ဖော်မလဲ စတင်ဆွေး နွေးပါတယ်။ အခန်းတွေ ခွဲတယ်။ ဘယ် သူတွေပါမလဲ။ ဘာတွေ ပြောမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာတွေ ဆွေးနွေး ပြီး ညနေမှ အားလုံး ပြန်ဆုံပြီး အဖွဲ့လိုက် လုပ်ချင်တာတွေကို ဆရာ^မ တွေနဲ့ပါ ပြန်ဆွေးနွေးကြပါတယ်။ လိုအပ်တာ တွေပြင်၊ မလိုတာတွေ ဖျက်လုပ်ခဲ့ရ တယ်။

အဋ္ဌမနေ့နဲ့ န၀မနေ့တွေမှာတော့ အဖွဲ့လိုက် ကိုယ့်အစီအစဉ်ကိုယ် အကောင် အထည်ဖော်ပါတယ်။ လိုအပ်တာ ပြော လိုက်ရင် အားလုံး ထုတ်ပေးတယ်။ ရိုက် ကူးရေးအတွက် လိုအပ်တာတွေ၊ တည်း ဖြတ်ဖို့ လိုအပ်တာတွေ အကုန်ပေးတယ်။ ကြီးကြပ်သူ ဆရာ^မ တွေကလည်း ဝင်ကူကြတယ်။ ဒါပေမယ့် ဘာမှ ဆရာဝင် မလုပ်ကြဘူး။ အခက် အခဲကို ဝင်ကူရုံပဲ။ အဖွဲ့ ၅ ခု အပြိုင် အဆိုင်ပေါ့ ဗျာ။

နောက်ဆုံးနေ့မှာတော့ အဖွဲ့ ၅ ခု လုပ်ထားတဲ့ မှတ်တမ်း ရုပ်ရှင်တွေ ပြပါတယ်။ အခမ်းအနားပိတ်ပွဲလည်း ဖြစ်လို့အားလုံးသက်ဆိုင်ရာ နိုင်ငံဝတ်စုံ များနဲ့ပါ။ မီဒီယာတွေလည်း တက်ပါ တယ်။ နောင်ဆက်လုပ်မယ့် နိုဝင်ဘာလ အစီအစဉ်ကိုလည်း ပြောပါတယ်။

ဒီအစီအစဉ်ကို ပြန်တွေးကြည့်တဲ့ အခါ ထိုင်းတွေရဲ့ အတွေးအခေါ် ရှေ့တန်း ကျတာ တွေ့ရတယ်။ အာဆီယံ နိုင်ငံတွေ ထဲမှာ ထိုင်း၊ စင်္ကာပူ၊ မလေးရှားက အတော် နေရာယူထားတယ်။ အင်ဒိုနဲ့ ဗီယက်နမ်က နောက်ကလိုက်တယ်။ ဘရူနိုင်း၊ ကမ္ဘောဒီယား၊ လာအိုနဲ့ ဖိလစ်ပိုင်က နောက်လိုက်ပဲ။ မြန်မာ ကတော့ သိတဲ့အတိုင်းပဲ မင်းသားကြီး လေ။ လာတက်တဲ့သူတွေ အတော်များများ က မြန်မာကို ကြားဖူးရုံပဲ ရှိတယ်။ သတင်းအမှားတွေ အများကြီးရထား ပုံရတယ်။ အတော်လည်း ရှင်းယူရတယ်။ ပြန်ခါနီးမှ အတော်နားလည် သွားကြ တယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေက တက္ကသိုလ်တွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသားလူငယ် တွေကို ဖိတ်ပြီး ဒီအစီအစဉ်လို မျိုးလုပ်ဖို့ ကောင်းတယ်။ ကိုယ်က မလုပ်နိုင်ရင်လည်း သူများတိုင်းပြည်တွေ လုပ်တဲ့အခါ သွားနိုင်အောင် ထောက်ပံ့ပေးပြီး ကူညီသင့်တယ်။ ဝါးလုံး ခေါင်းထဲ လမသာသင့်တော့ပါဘူး။ နီးစပ်ရာ လက်တို့တာလည်း မလုပ်ပါနဲ့တော့ဗျာ။

ပြီးတော့ ချူလာလောင်ကွန် တက္ကသိုလ်ကြီးဗျာ။ နှစ် ၂၀ လောက် ပြန်ငယ်သွားတယ်။ အဆောင်ကျောင်း သားဘ၀ ပြန်ရောက်သွားတယ်။ ကျောင်းသား ကျောင်းသူတွေ အားလုံး တက်ကြွနေတယ်။ မဟာဌာန ကြီးတွေ အလိုက် အနည်းဆုံး ၁၀ ထပ် အဆောက်အဦတွေ၊ သင်တန်း ခန်းမတွေ၊ လက်တွေ့ခန်းတွေ၊ ဆွေးနွေးခန်းတွေ အပြည့်ဗျာ။ မဟာ ဌာနတိုင်းမှာ စားသောက်ဆိုင်နဲ့။ ဘတ်၅၀ (မြန်မာငွေ ၁၅၀၀ လောက် ဆိုရင်) မနက်၊ နေ့လည် ကျောင်းတက်နေလို့ ရတယ်။ အင်တာနက် ကောင်းတာကတော့ ပြော မနေနဲ့။ စိတ်ကြိုက်ရှာလို့ ရတယ်။
ကျွန်တော်ရောက်ခဲ့တဲ့ Faculty of Communication Arts ဆိုရင် ၁၂ ထပ် အဆောက်အဦကြီးပါ။ ၁၀ ထပ်မှာ ကျွန်တော်တို့အတွက် ဆွေးနွေးခန်း ပေးထားတယ်။ လက်တွေ့သင်ဖို့ Studio ခန်းတွေရှိတဲ့ ၂ထပ်၊ ၃ထပ်ကို သွားရတယ်။ ကွန်ပြူတာခန်းတွေ ဆိုရင် Inter ရော၊ Intra ရော ကြိုက်သလို သုံးလို့ရတယ်။ ရုံးခန်းတို့၊ စာကြည့် တိုက်တို့က အောက်ဆုံးထပ်မှာ၊ မီးပျက် ဖို့ နေနေသာသာ၊ အဲယား ကွန်းက အေးလို့ ပိတ်ထားရတယ်။

ချူလာလောင်ကွန် တက္ကသိုလ်က အကျယ်ကြီးမို့ အစုံမရောက် ခဲ့ပါဘူး။ ရောက်သမျှနေရာတွေမှာ ပိတောက်ပင်ကြီးတွေ၊ ကုက္ကိုပင် ကြီးတွေ၊ ညောင်မုတ် ဆိတ်ပင်ကြီးတွေ အများကြီးပါ။ ငှက်ဆိုတာ လည်း ဟိုပျံ ဒီပျံနဲ့။ ညနေဆိုရင် အတန်းလိုက်၊ အဆောင်လိုက် ဗုံတွေတီးပြီး အဖွဲ့လိုက်ကနေကြတာလည်း နေ့တိုင်းပါဘဲ။ ဘောလုံး ကွင်း၊ ၆ ထပ် အားကစားရုံ၊ အခြား အားကစားကွင်းတွေ၊ တူရိယာ ပစ္စည်းတွေနဲ့ တီးမှုတ်နေတာ တွေ၊ တက္ကသိုလ်စာအုပ်ဆိုင်မှာ ကျောင်း သား/သူတွေစည်ကားနေတာတွေ၊ ပြောစရာများလှပါတယ်။
အစားကောင်းစားရင် ချစ်တဲ့သူကို သတိရတယ်ဆိုသလိုဘဲ ချူ လာမှာ ပျော်နေတုန်း7 July ကို တွေးလိုက် မိတယ်။ မြန်မာပြည်ရဲ့ ကျောင်းသား^သူတွေ လမ်းပေါ်မှာ တောင်းဆို နေကြတယ်။ အနှစ် ၅၀ ကျော်ခဲ့ပါပြီ။ သေတဲ့ သူလည်းသေ၊ ကြေတဲ့သူလည်း ကြေ၊ ထမ်းတဲ့သူလည်း ထမ်းနေတုန်းပါဘဲ။ ထားဝယ်ကို လှမ်းကြည့် တော့လည်း သမိုင်းပေးတာဝန် ထမ်းနေကြတုန်းပါဘဲ။ ထားဝယ် ကျောင်းသားခေါင်း ဆောင်တွေ ဒဏ်ငွေနဲ့ပြီးဆုံးသွားတယ်လို့ သိရလို့ ဝမ်းသာမိတယ်။
ကျွန်တော်တို့ မြန်မာပြည်က လူငယ်မျိုးဆက်တွေ ဘယ်တော့မှများ အေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံ ၊ ဂုဏ်သိက္ခာရှိရှိ ပညာသင်ခွင့် ရပါ့မလဲဗျာ။

LEAVE A REPLY

Please enter your comment!
Please enter your name here