ရေဘေး ဒုက္ခသည်များအတွက် မြိတ် ၈၈ ကူ

0
419

မြန်မာနိုင်ငံ အနှံ့အပြားတွင် လက် တလော ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံ မှုများကြောင့် ရေဘေးဒုက္ခများ ခံစားနေရ သူများအတွက် မြိတ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း မှ ဩဂုတ်လ ၁၀ ရက်နေ့တွင် လိုအပ် သည်များကို သွားရောက် လှူဒါန်း သွားမည်ဟု မြိတ် ၈၈ အဖွဲ့ဝင် ဦးအောင် နိုင်ဦးထံမှ သိရသည်။

ယင်းသို့ သွားရောက် လှူဒါန်း နိုင်ရန်အတွက် မြိတ်ခရိုင်အတွင်းရှိ စေတနာရှင်များမှ ဇူလိုင်လ ၂၉ ရက် နေ့မှစပြီး ဩဂုတ်လ ၉ ရက်နေ့ နောက်ဆုံးထားကာ ငွေနှင့် မည်သည့် ပစ္စည်းမဆို မြိတ် ၈၈ အဖွဲ့သို့ ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။
လက်ရှိတွင် သွားရောက် လှူဒါန်း မည့် နေရာများကို မသတ်မှတ်ရသေးဟု ဦးအောင်နိုင်ဦးက ပြောသည်။

“လက်ရှိအချိန်ထိတော့ မာမား ခြောက်ထုပ်တွေ ရထားပြီးပါပြီ” ဟု ဇူလိုင်လ ၃၀ ရက်နေ့တွင် ဦးအောင်နိုင် ဦးက ဆိုသည်။
လာရောက် လှူဒါန်းကြသည့် ပစ္စည်း အနည်းအများအပေါ်မူတည်ပြီး ပစ္စည်း နည်းပါက ရန်ကုန် ၈၈ မှ တစ်ဆင့် လှူဒါန်းမည်ဖြစ်ပြီး ပစ္စည်းများပါက အဖွဲ့မှ ကိုယ်တိုင်သွားပြီး လှူဒါန်းပေး မည်ဟု ဦးအောင်နိုင်ဦးက ပြောပြသည်။

မြန်မာပြည် အနှံ့အပြားတွင် မိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး စစ် ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့အပြင် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ရေဘေး ဒုက္ခများ ခံစားနေကြရကြောင်း သိရ သည်။
ပါဝင် လှူဒါန်းမည့် စေတနာ ရှင်များအနေဖြင့် ဦးလှမော် ဖုန်း-၀၉၄၉၈၇၉၆၁၄၊ ဦးအောင်နိုင်ဦး ဖုန်း-၀၉၄၂၂၂၁၁၂၁၂ နှင့် ဦးမိုးသူအောင် ၀၉၄၂၂၂၂၅၈၃၆ သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။