မဲစာရင်းပြင်ဆင်ရန် ရက် အကန့်အသတ်မရှိ တိုးမြင့်

0
542

အခြေခံ မဲစာရင်းပြင်ဆင်ရန် ရက် အကန့်အသတ်မရှိ တိုးမြှင့်ထားကြောင်း မြိတ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဘွားထံမှ သိရသည်။

ကနဦးက မဲစာရင်းကြေညာ သည့် နေ့မှစပြီး ၁၄ ရက်အတွင်း ပြန်လည် ပြင်ဆင်လျှောက်ထားရန် သတ်မှတ်ခဲ့ သော်လည်း ရက်အကန့် အသတ်မရှိ ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

” ဘယ်နေ့ နောက်ဆုံးလုပ်မလဲ ဆိုတာ မသတ်မှတ်ရသေးပါဘူး ရပ်^ကျေးကော်မရှင်ခွဲများမှ တစ်ပတ် တစ်ကြိမ်တင်ပြလာတဲ့ စာရင်းတွေကို လည်း အတည်ယူ သွားပါမယ်” ဟု လက်ထောက်ညွှန် ကြားရေးမှူး ဦးလှိုင်ဘွား က ပြော သည်။
မဲစာရင်းများကိုဆက်ပြီး ကပ်ထား ရန် ရပ်^ကျေး ကော်မရှင် အဖွဲ့ခွဲများ အကြောင်းကြားထားကြောင်း အထက်ပါ ကော်မရှင်က ပြောသည်။
” ပြည်သူတွေ မဲစာရင်း ကြည့် လို့ရအောင် အခုအချိန်ထိ ကြေညာ ထားပါတယ်” ဟု ကွမ်းသီးချောင်း ကျေးရွာ ရှိ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မဲစာရင်းတွင် မိမိ နာမည် မပါလျှင် ပုံစံ(၃)၊ အချက် အလက် များ မမှန်လျှင် ပုံစံ(၄-ဂ) ဖြင့် ပြန်လည်လျှောက် ထားရမည် ဖြစ်ပြီး ကွယ်လွန်ပြီးသူများနှင့် မဲ ပေးပိုင်ခွင့် မရှိသူများ ပါဝင်နေလျှင် အထောက်အထားနှင့်အတူ ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်း ခရိုင်ကော်မရှင်မှ သိရသည်။
မဲစာရင်းများကို လာရောက် ကြည့်ရှုရန် စိတ်ဝင်စားမှု နည်းပါးပြီး ပုံစံ အသီးသီးဖြင့် ပြန်လည် လျှောက်ထားသူ အရေအတွက် အနည်းငယ် သာရှိကြောင်း မြိတ် တောင်နယ်မြေ ရပ်ကွက်ရှိ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မဲဆန္ဒရှင်စာရင်းများကို ပြန်လည် စာရင်းသွင်း ပြင်ဆင်ခြင်း လုပ်ငန်းများ အတွက် နည်းပညာများနှင့် ဆော့လဲဝဲများ အသုံးပြုမည့် သင်တန်းကို INGO အဖွဲ့ တစ်ခုဖြစ် သည့် IFES မှ ဇူလိုင်လအတွင်း မြိတ်မြို့မှ ကော်မရှင်အဖွဲ့ခွဲကို လာ ရောက်ပို့ချပေးသွားဖြစ်ပြီး သင်တန်း ပြီးဆုံးပြီး နောက်ပိုင်းကာလများအထိ မဲစာရင်းများကို ကွန်ပျူတာများတွင် ဆော့လ်ဝဲများထည့်သွင်းကာ မဲစာရင်း ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆက်လုပ် သွားမည်ဟု ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။