Miss Universe Myeik 2015 ရွေးချယ်ပွဲပြုလုပ်မည်

0
582

Miss Universe Myeik  2015 ရွေးချယ်ပွဲအတွက် မြိတ်ကိုယ်စားပြုအလှမယ် တစ်ဦး ပေါ်ထွက်လာစေရန်ြMiss Universe Myeik  2015 ရွေးချယ်ပွဲကို ဇူလိုင်လ ၂၅ ရက်နေ့တွင် မြိတ်မြို့ပုလဲသန္တာဟိုတယ်တွင် ပထမဆုံး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း City Director ကိုချစ်ထိုက်ထံမှသိရသည်။


မြိတ်မြို့  Hotel Grand Jade တွင် ဇွန်လ ၁၆ ရက်နေ့ကပြုလုပ်သည့်စာနယ်ဇင်း ရှင်းလင်းပွဲနှင့် ပွဲဖြစ်မြောက်ရေး အစည်းအဝေးတွင် ကိုချစ်ထိုက်က ယင်းသို့ပြောခဲ့ခြင်း ဖြစ်သည်။ပြိုင်ပွဲဝင်ခွင့် လျှောက်ထားသူများ အနက် ၂၀ ဦးကိုစတင် ရွေးချယ်ပြီး အဆင့် ဆင့် ယှဉ်ပြိုင်ကာမြိတ်ကိုယ်စားပြုအလှမယ် ကို ရွေးချယ်မည်ဖြစ်ကြောင်း ယင်းအစည်းအဝေး မှ သိရသည်။
” မြိတ်သူတွေထဲက ကိုယ်စားပြု အလှမယ်တစ်ဦး ထွက်လာမယ်ဆိုရင် နောက်ပွဲတွေမှာ မြိတ်က ယှဉ်ပြိုင်ဖို့ စိတ်ဝင်စား လာနိုင်တယ်” ဟု မြို့သစ်ရပ်မှ အလှဖန်တီးရှင် တစ်ဦးက ထင်ကြေးပေးသည်။
လျှောက်လွှာများကို ကမ်းနားလမ်းရှိ ကိုဝင်းသူအောင်(မိတ်ကပ်ဝင်းသူအောင်)ဆိုင်တွင် ဇွန်လ ၁၆ ရက်နေ့မှဇူလိုင်လ ပထမ အပတ်အထိ အခမဲ့ထုတ်ယူနိုင်သည်ဟု သိရသည်။ဆန်ခါတင် ၂၀ ဦးမှပထမဆုရရှိသူ ကို Miss Universe Myeik  2015 သရဖူ၊ စလွယ်နှင့်ငွေကျပ်သိန်း ၂၀၊ ဒုတိယဆု ငွေကျပ်၁၀ သိန်းနှင့်တတိယဆုငွေကျပ် ၅ သိန်း အသီးသီး ချီးမြှင့်ပေးသွားမည်ဟု ယင်း အစည်းအဝေးမှ သိရသည်။
အောက်တိုဘာလတွင်ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပမည့် Miss Universe Myeik  2015 ရွေးချယ်ပွဲတွင် ပထမဆု ရသူက မြိတ်ကိုယ်စားပြုအလှမယ်တစ်ဦး အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသူသည် အနိမ့်ဆုံး အရပ် ၅ ပေ ၆ လက်မ၊အသက် ၁၈မှ ၂၅နှစ်အထိ၊ ဆယ်တန်းအောင်^ဘွဲ့ရ၊ ဗဟုသုတနှင့် ပြည့်စုံရမည့်သူ ဖြစ်ကြောင်း သိရသည်။