တနင်္သာရီတွင် အားကစား ဘတ်ဂျက်ယခင်နှစ်ထက် ၃ဆ နီးပါး ပိုသုံးမည်

0
485

တနင်္သာရီတိုင်းဒေသကြီးတွင် အားကစားကဏ္ဍအတွက် ယခင်နှစ်ထက် ဘတ်ဂျက် ၃ ဆ နီးပါး ပိုသုံးကာ တည်ဆောက် ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံ မှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်က တိုင်းအတွင်း အားကစားကွင်း၊ ခန်းမနှင့် ရုံး ခန်းများ တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများအတွက် ကျပ် သိန်းပေါင်း ၆၁၄၆ ဒဿမ ၂၂ သိန်း အသုံးပြုခဲ့ပြီး ယခုနှစ်တွင် အားကစားခန်းမနှင့် အားကစားကွင်းများ တည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၁၇၉၆၅ ဒဿ        မ ၃၈ သိန်း အသုံးပြုသွားမည် ဖြစ်ကြောင်း တိုင်း အား^ကာမှ တိုင်းဦးစီးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
” မနှစ်ကထက် သုံးဆ လောက်ပိုများ တယ်။ အားကစားရုံ အသစ် ၅ ရုံပါတယ်”  ဟု ဦးစိုးမိုးနိုင်က ပြောသည်။
လောင်းလုံး၊ ရေဖြူ၊ ပုလော၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့တွင် အားကစားရုံ အသစ်များ တည်ဆောက် ခြင်းအပါအဝင် မြို့နယ်အလိုက် အားကစားခန်းမများ ပြင်ဆင်ခြင်း၊ အားကစားကွင်းများတွင် Inner Fence(ကစားကွင်းပတ်လည် ခြံစည်း ရိုး) ကာရံခြင်း၊ ကွင်းပြုပြင်ခြင်း၊ ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းများပါ ဝင်ကြောင်း တိုင်း အား^ကာ ထံမှ သိရသည်။
” ကိုယ့်ဒေသရဲ့ လိုအပ်ချက်တွေကို ကြည့်ပြီး တင်ပြတောင်းဆိုခဲ့တာပါ။ ကိုယ့် တိုင်းကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ရတဲ့ အခါကျတော့ လုပ်စရာတွေက အများကြီးဖြစ် နေတယ်” ဟု ၎င်းက ဆိုသည်။
အားကစားကဏ္ဍအတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်လိုက် ဦးစားပေးလုပ်ဆောင် နေပြီး နောက်နှစ်များတွင် ကျေးရွာအုပ်စ kကွင်း ကဲ့သို့သော ဘောလုံးကွင်းများအထိ ပြုပြင် တည်ဆောက်ပေးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။
အားကစားကွင်းများ ပြင် ဆင်ရာတွင် အခက်အခဲ တချို့တွေ့ရပြီး တချို့မြို့နယ်များ တွင် ဒေသခံများ အဓိကထားကစားနေကြသည့် ဘောလုံးကွင်းများကို ပြင်ဆင်ရာတွင် အထူး သဖြင့် မြက်စိုက်ပျိုးခြင်းအတွက် အချိန်ယူ လုပ်ဆောင်ရာတွင် ကွင်း ခေတ္တပိတ်ထားရ သည့်အတွက် ကစား ရန်နေရာမရှိသည့် အခက်အခဲများ ကြုံရကြောင်း တိုင်းအား^ကာ ထံမှ သိရသည်။
ယခုနှစ်အတွက် လုပ်ငန်းများကို တင်ဒါအောင်ကုမ္ပဏီ ၁၁ ခုတို့က စတင် လုပ်ဆောင်နေကြပြီဖြစ်ပြီး ဒီဇင်ဘာလ တွင် လုပ်ငန်းများကို အပြီးသတ်ရမည် ဖြစ်ကြောင်း တိုင်းအား^ကာထံမှ သိရသည်။