ဆိုင်ကယ်ရှောင်ရာက ခရီးသည် ယာဉ်တိမ်းမှောက်

0
617

ကော့သောင်း-ဘုတ်ပြင်း အဝေးပြေး လမ်းမပေါ်တွင် အရှိန်နှင့် မောင်းနှင် လာသော ဆိုင်ကယ်နှစ်စီးအား ရှောင်ရာက ခရီးသည်နှင့် ပစ္စည်းပို့ရန် မောင်းနှင်လာသည့် ထရပ် ၆ဘီးကား တစ်စီး လမ်းနံဘေးကျကာ အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက် ခဲ့ကြောင်း ကော့သောင်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ ထံမှ သိရသည်။


မေလ ၂၀ ရက်နေ့က ကော့ သောင်းမြို့မှ ၇ မိုင်အကွာ ချောင်းဖျား ကြီးကျေးရွာမှ ကော့သောင်းမြို့ တွင်း ဘက်သို့ မောင်းနှင်လာစဉ် ယင်းသို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ပြော သည်။
ကားပေါ်တွင် ခရီးသည် ၇ ဦး၊ သံဃာတစ်ပါး၊ ယာဉ်မောင်းနှင့် နောက်လိုက် စုစုပေါင်း ၁၀ ဦး လိုက် ပါလာခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်း အကျဉ်းသာ ရရှိခဲ့သည်ဟု ယင်းယာဉ် ထိန်းရဲ တပ်ဖွဲ့ထံမှ သိရသည်။