မွန်ပြည်နယ်အတွက် လစ်လပ် လက်ထောက်ဆရာဝန်နေရာ ၅၉ ဦး ခန့်

0
769

မွန်ပြည်နယ်အတွင်း လစ်လပ် လျက်ရှိသော လက်ထောက်ဆရာဝန်များ နေရာတွင် တာဝန်ထမ်းဆောင်ရန် ဆရာဝန် ၅၉ ဦး ရွေးချယ်ခန့်အပ်ထား လိုက်ပြီးဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောသည်။


မွန်ပြည်နယ်၏ ဆရာဝန်လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ ၂ ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ ၂ ဦးတို့ပါဝင်သည့် ဘုတ်အဖွဲ့နှင့် မွန်ပြည်နယ် အစိုးရ၏ မူချမှတ်ချက်များဖြင့် ဆရာဝန် များကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
]]ရွေးချယ်တဲ့နေရာမှာ မွန်ပြည်နယ် ကို ဦးစားပေးပြီး ရွေးပေးပါ၊ နောက်ပြီး တော့ အရင်က ကျန်နေတဲ့လူတွေရှိတယ် အဲဒီလူတွေကိုလည်း ဦးစားပေးပါ၊ လစ်လပ်တဲ့ နေရာအပေါ်မှာ အမှတ်လိုက် လဲရှိမှာပေါ့ နှစ်အလိုက်လဲရှိမှာပေါ့ ဒါကိုလဲ စဉ်းစားပြီးမှ ရွေးချယ်ပေးပါ၊ ရွေးချယ်တဲ့အခါမှာလဲ တိုင်းရင်းသားတွေ ကို ဦးစားပေးပြီးတော့ ရွေးချယ်ပေးပါ}} ဟု  ဦးအုန်းမြင့်က ပြောသည်။
မွန်ပြည်နယ်အတွင်း တာဝန်ထမ်း ဆောင်ရန် ရွေးချယ်ခန့်အပ်ထားသည့် လက်ထောက်ဆရာဝန် ၅၉ ဦးသည် မွန်ပြည်နယ်မှ ၄၈ ဦးနှင့် အခြားတိုင်းနှင့် ပြည်နယ်တို့မှ ၁၁ ဦး ပါဝင်သည်။
ရွေးချယ်ခံရသော ဆရာဝန်များအား မေလ ၁၂ ရက်နေ့မှစ၍ ၁၄ ပတ်ကြာ ဖွင့်လှစ်မည့် အရာထမ်းလောင်းအခြေခံ သင်တန်း အမှတ်စဉ် ၄၁ သို့ တက်ရောက် ရမည်ဖြစ်ပြီး သင်တန်းပြီးပါက မွန်ပြည်နယ် အတွင်း မြို့နယ်များ၏ လိုအပ်ချက်များ အပေါ် မူတည်ပြီး နေရာချပေးသွားမည် ဖြစ်သည်။