ကြွပ်ကြွပ်အိတ် လိုလို့လား

ပါချန်မြစ်ကမ်းက မြန်မာရွာလေး နှစ်ရွာရဲ့ လမ်းမတွေနဲ့ မြစ်ကမ်းစပ်တွေမှာ အမှိုက်တွေ မတွေ့ရသလောက် ရှင်းသန့်နေပါတယ်။ အောင်မေတ္တာ(ဝဲကြီး)ရွာနဲ့ ဝဲငယ်ရွာမှာပါ။

စစ်အာဏာရှင်ကျဆုံးရေးအတွက် ဘန်ကောက်ရှိ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင် ကျဆုံးရေးအတွက် ယနေ့ မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်၏ မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင်...

မြန်မာပြည်အတွက် လူထုတေးသံ

စစ်အာဏာသိမ်းမှု ၃ နှစ်ရှိလာသော်လည်း မြန်မာပြည်သားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံသားများက မြန်မာနိုင်ငံသားများနှင့်အတူ မြန်မာပြည်အတွက် လူထုတေးသံ အစီအစဉ်ကို ကျင်းပခဲ့သည်။ ယင်းအစီအစဉ်ကို ဘန်ကောက်မြို့ lido connect ခန်းမတွင် ယနေ့ညနေ ၄...

ကော့သောင်းအကျဉ်းထောင်မှ အယောက် ၄၀ ပြန်လွတ်

စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ကော့သောင်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း အယောက် ၄၀ ပြန်လွတ်လာကြောင်း သိရှိရသည်။

လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ယင်းသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ခဲ့ပြီး ဒေသခံ လူငယ်များနှင့် အမျိုးသမီးများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

လောင်းလုံး LGBT များ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခြင်း ခွဲခြားဆက်ဆံခြင်းများကို ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇွန် ၂၉) နေ့လယ်က ပြုလုပ်ခဲ့သည်။ ယင်း LGBT...

မြိတ်အသံတိတ်သပိတ် မြင်ကွင်း

မြိတ်မြို့တွင် ယနေ့ အသံတိတ်သပိတ်ဆင်နွှဲနေသည်ကို နံနက်ပိုင်းတွင်တွေ့ရခြင်းဖြစ်သည်။ အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲနေကြသည်။

မြိတ်က လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မုန့်ကိုက်၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲတို့အား မြိတ်မြို့ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၄) ကျင်းပသည်။ ယင်းပြိုင်ပွဲကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ မြိတ်မြို့...

သောင်တင်ခြင်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ လူပေါင်း နှစ်သန်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးပါပြီ။ တောတောင်တွေထဲမှာ၊ ဒုက္ခသည်စခန်းတွေမှာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ အိမ်လည်း မပြန်နိုင်ကြပါဘူး။ တခြားနေရာသစ်ကို ဘ၀သစ်စဖို့လည်း ထွက်သွားလို့...

မြိတ်သင်္ကြန်အကျနေ့ မဏ္ဍပ်များတွင်သာ ရေကစားသူရှိ

သင်္ကြန်အကျနေ့တွင် မြိတ်မြို့၏ လမ်းမများပေါ် ကလေးအချို့မှလွဲ၍ ရေကစားကြသူမရှိဘဲ ခြောက်ကပ်နေပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက် မဏ္ဍပ်များရှေ့တွင်သာ ရေပက်နေကြသူများရှိကြောင်း ဒေသခံများ ထံမှသိရသည်။ လူငယ်အချို့သာ ရေပက်ခြင်း ရေပက်ခံထွက်ခြင်းများ ရှိသည်ဟု မြို့ခံများကပြောသည်။