မြိတ်က လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ

0
324

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မုန့်ကိုက်၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲတို့အား မြိတ်မြို့ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၄) ကျင်းပသည်။ ယင်းပြိုင်ပွဲကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

မြိတ်မြို့ အခြားနေရာအချို့တွင်လည်း အားကစားပြိုင်ပွဲအချို့ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပကြပြီး ဝင်ပြိုင်သူ နည်းပါးကာ လာရောက်အားပေးသူလည်း အလွန်နည်းကြောင်း မြို့ခံများထံမှ သိရသည်။