ဗထူးနေ့ အခမ်းအနားပြုလုပ်

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း ၇၈ နှစ်မြောက်အဖြစ် ‘ဗထူးနေ့’ အခမ်းအနားကို ယနေ့ ဇွန်လ ၂ရက်တွင် ကျင်းပကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ထုတ်ပြန်သည်။ ဗိုလ်မှူးကြီးဗထူး၏ မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊...

လာရောက်ဖူးမျှော်သူများစွာနှင့် ထားဝယ်မြို့က လောကမာရဇိန် ဘုရားကြီး

ကဆုန်လပြည့်နေ့(ယနေ့)တွင် ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီးသို့ လာရောက်ဖူးမျှော်သူများ၊ ကဆုန်ညောင်ရေသွန်းသူများနှင့် စည်ကားနေသည်ကို တွေ့မြင်ရစဉ်။

မြိတ် ကမ္ဘာလုံး‌စေတီရှိ ဗောဓိညောင်ပင်ကို ရေသွန်းလောင်း

ကဆုန်လပြည့်နေ့(ယနေ့)တွင် မြိတ်မြို့ကမ္ဘာလုံးစေတီရှိ ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းပွဲနှင့်အတူ စတုဒီတာများကျွေးမွေးခြင်းများလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။ မြိတ်မြို့တွင် လူသိများထင်ရှားသည့် ကမ္ဘာလုံးစေတီသည် မြိတ်-ကျွဲကူး ကားလမ်းမပေါ် မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာတွင် တည်ရှိသည်။

ညင်းမော်ညောင်ရေသွန်းပွဲ မြင်ကွင်း

ထားဝယ်ဒေသတွင် နာမည်ကြီးသည့် ကဆုန်ညောင်ရေသွန်း ပွဲတော်များအနက် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ကျင်းပသည့် ညောင်ရေသွန်းပွဲတော်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ညင်းမော်‌ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပသည့် ဒေသအခေါ် “ပွဲဇံ” မှာ လူသိများ ထင်ရှားသည်။

ကဆုန်ညောင်ရေသွန်းပွဲနေ့ ရှင်မုတ္ထီးဘုရားမြင်ကွင်း

ကဆုန်လပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် ကဆုန်ညောင်ရေသွန်းပွဲတော်မှာ ကိုဗစ်နှင့် အာဏာသိမ်းမှုနောက်ပိုင်း စည်ကားခြင်း မရှိတော့ပေ။ ထားဝယ်ဒေသတွင် နာမည်ကျော် ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီး‌‌ညောင်ရေသွန်းပွဲတော်မှာလည်း အလားတူပင်ဖြစ်သည်။ ရှင်မုတ္ထီးညောင်ရေသွန်းပွဲတော်က ကျွဲခတ်ပွဲမှာ ဒေသတွင်း လူစိတ်ဝင်စားမှု...

ကျွန်းစု ပျားရည်ဆွမ်းလောင်းလှူပွဲ

ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာ အောင်တော်မူသာသနာ့ရိပ်သာကျောင်းတွင် ကဆုန်လပြည့်နေ့ ယနေ့ မေလ ၃ ရက်နေ့ နံနက်ပိုင်းက ပျားရည်ဆွမ်းလောင်းလှူပွဲကျင်းပသည်။ ပျားရည်ဆွမ်းလောင်းပွဲတွင် သံဃာတော်များ၊ ရှင်သာမဏေ (ကိုရင်) များနှင့် သီလရှင် အပါးရေ နှစ်ရာကျော်တို့အား...

ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများကို တွေ့မြင်ရစဉ်။ အမျိုးသမီးအကျဉ်းသားများအတွက် ကားများစီစဉ်ပေးထားသည်ဟုလည်း ကနဦးသိရှိရသည်။ လွတ်မြောက်မည့် စာရင်းအရ ၃၆ ဦးရှိသော်လည်း ၂ ဦးမှာလွတ်ရန် မသေချာဖြစ်နေသဖြင့် ၃၄ ဦးသာလွတ်ဖွယ်ရှိကြောင်း...