ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ

0
2074

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများကို တွေ့မြင်ရစဉ်။ အမျိုးသမီးအကျဉ်းသားများအတွက် ကားများစီစဉ်ပေးထားသည်ဟုလည်း ကနဦးသိရှိရသည်။

လွတ်မြောက်မည့် စာရင်းအရ ၃၆ ဦးရှိသော်လည်း ၂ ဦးမှာလွတ်ရန် မသေချာဖြစ်နေသဖြင့် ၃၄ ဦးသာလွတ်ဖွယ်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဟု စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာထားသည်။

ယနေ့လွတ်ငြိမ်းမှာ ပုဒ်မ ၄၀၁ အရ လွှတ်ပေးခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံ ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဆိုသော စည်းကမ်းချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။