လောင်းလုံးမှ စစ်ရှောင်များကို အခြေခံစားသောက်ကုန်များ လှူဒါန်း

0
1168
ဓာတ်ပုံ - DDMSC

ထားဝယ်ခရိုင်‌၊ လောင်းလုံးမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများကို ဆန်၊ ဆီ၊ ကြက်သွန် အစရှိသည့် အခြေခံစားသောက်ကုန်များကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ပေးလှူခဲ့သည်။

လူမှုကူညီရေးဆပ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ကျပ်လေးဆယ့်လေးသိန်း တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။