ကဆုန်ညောင်ရေသွန်းပွဲနေ့ ရှင်မုတ္ထီးဘုရားမြင်ကွင်း

0
1364

ကဆုန်လပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် ကဆုန်ညောင်ရေသွန်းပွဲတော်မှာ ကိုဗစ်နှင့် အာဏာသိမ်းမှုနောက်ပိုင်း စည်ကားခြင်း မရှိတော့ပေ။

ထားဝယ်ဒေသတွင် နာမည်ကျော် ရှင်ကိုးရှင်စာရင်းဝင် ရှင်မုတ္ထီး‌‌ညောင်ရေသွန်းပွဲတော်မှာလည်း အလားတူပင်ဖြစ်သည်။

ရှင်မုတ္ထီးညောင်ရေသွန်းပွဲတော်က ကျွဲခတ်ပွဲမှာ ဒေသတွင်း လူစိတ်ဝင်စားမှု များပြားလေ့ရှိပြီး ပွဲတော်ကာလတွင် တိုးမပေါက်အောင် လာရောက်အားပေးလေ့ရှိသည်။

ယခုနှစ်တွင်မူ ရွာနီးချုပ်စပ်မှ ဒေသခံအနည်းငယ်သာ ဘုရားသို့လာရောက် ရေသပ္ပါယ်နေကြသည်ကို မြင်တွေ့ရသည်။

ယနေ့ ရှင်မုတ္ထီးဘုရားမြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။