ညင်းမော်ညောင်ရေသွန်းပွဲ မြင်ကွင်း

0
1329

ထားဝယ်ဒေသတွင် နာမည်ကြီးသည့် ကဆုန်ညောင်ရေသွန်း ပွဲတော်များအနက် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ကျင်းပသည့် ညောင်ရေသွန်းပွဲတော်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ညင်းမော်‌ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပသည့် ဒေသအခေါ် “ပွဲဇံ” မှာ လူသိများ ထင်ရှားသည်။

ပွဲဇံဆိုသည်မှာ ခေတ်စနစ်၏အလွဲအမှားများကို ဟာသသရုပ်ဖော်ဖြင့် သရော်တော်တော်တင်ဆက်ဖျော်ဖြေခြင်း၊ ဗုဒ္ဓဝင်ဇာတ်တော်များကို သရုပ်ဖော်တင်ဆက်ခြင်း စသည်တို့ကို ခေါ်ဆိုခြင်းဖြစ်သည်။

ကိုဗစ်နှင့်အာဏာသိမ်းမှုနောက်ပိုင်း ညင်းမော်ညောင်ရေသွန်းပွဲတော်ကို စည်စည်ကားကားမကျင်းပတော့ဘဲ ‌အကျဉ်းချုံးသာ ကျင်းပကြတော့သည်။

ယနေ့ ကဆုန်လပြည့်ညောင်ရေသွန်းပွဲကိုလည်း အကျဉ်းချုံးသာကျင်းပခဲ့သည်။

ဝါသနာရှင်တစ်စုကမူ “ပွဲဇံ” တစ်ခုကိုစီစဉ်ပြီး ညောင်ရေသွန်းပွဲတွင် ဖျော်ဖြေခဲ့သည်ကို တွေ့ရသည်။

ညင်းမော်ကျေးရွာနှင့် အနီးအနားကျေးရွာအချို့တွင်လည်း ညောင်ရေသွန်းပွဲကို အကျဉ်းချုံးကျင်းပခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလနှင့် အာဏာသိမ်းမှုဖြစ်စဉ် မတိုင်ခင်ကမူ ထားဝယ်ဒေသတွင် ‌‌ကဆုန်‌ညောင်ရေသွန်းပွဲတော်ကို အလွန်စည်ကားစွာ ကျင်းပလေ့ရှိကြသည်။