ထားဝယ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကြည့်ရှုသူနည်းပါး

တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို တစ်နိုင်ငံလုံးတွင် ယနေ့ ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ထားဝယ်မြို့တွင်မူ အောင်စာရင်းလာရောက်ကြည့်ရှူသူများ မရှိသလောက်ပင်ဖြစ်သည်။ Dawei Watch က ယနေ့ နံနက် ၅...

ထားဝယ်ဒေသမှ ဘုရားမီးဖုန်းပွဲ

တပို့တွဲလပြည့်ညက ထာားဝယ်မြို့နယ် ရှင်မုတ်္ထီးကျေးရွာ ရှင်မုတ်္ထီးဘုရားနှင့် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ၀ံတွင်းကျေးရွာ မင်္ဂလာသိမ်တော်ကြီးစေတီတွင် ဘုရားမီးဖုန်းပွဲ(ဖျားမီးကန်ပွဲ)ပြုလုပ်ခဲ့ကြသည်။    ဓာတ်ပုံ - ကိုဇော်၊ ကျော်သူစိုး ရှင်မုတ်္ထီးကျေးရွာမှ ရွာသားများ ယူဆောင်လာသည့် ဘုရားမီးဖုန်းရန် မီးလှုံစာများ။...

ထားဝယ်မြို့က ဆောက်လုပ်ရေးမဏ္ဍပ်တွင် ရေကစားကြသူများ

မဟာသင်္ကြန်ပွဲရောက်ပြီဆိုလျှင် တခုတ်တရ ရေကစားလေ့ရှိကြသည့် ထားဝယ်မြို့ပေါ်တွင် ယခုနှစ်တွင်တော့ ရေကစားသူ အနည်းငယ်သာ ရှိကြသည်။ ထားဝယ်မြို့က ဆောက်လုပ်ရေးမဏ္ဍပ်တွင် ရေကစားနေသည့် မြင်ကွင်းကို ၂၀၁၅ ခုနှစ်ကပုံနှင့် ယခုနှစ် သင်္ကြန်အကြိုနေ့ မြင်ကွင်းတို့ကို တွဲယှဉ်ဖော်ပြလိုက်ပါသည်။

မြိတ်အသံတိတ်သပိတ် မြင်ကွင်း

မြိတ်မြို့တွင် ယနေ့ အသံတိတ်သပိတ်ဆင်နွှဲနေသည်ကို နံနက်ပိုင်းတွင်တွေ့ရခြင်းဖြစ်သည်။ အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ဆင်နွှဲနေကြသည်။

စစ်တလင်းဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ အခုတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို ခမ်းခမ်းနားနား ကျင်းပပေးနိုင်တဲ့အဆင့်ဆီ ရောက်သွားပါပြီ

စစ်တလင်းမြေပြင်ဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ လက်ရှိမှာတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် ခမ်းခမ်းနားနား လက်ခံကျင်းပပေးနိုင်တဲ့နိုင်ငံအဆင့်ဆီကို ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အီရတ်ဟာ ၂၅ ကြိမ်မြောက် ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခွင့်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မနေ့တုန်းက ခမ်းခမ်းနားနားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်တွင် ပြည်သူနှင့် PDF ပူးပေါင်းသပိတ်ဆင်နွှဲ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အာဏာသိမ်း ၂နှစ်ပြည့် နွေဦးတော်လှန်ရေးသပိတ်ကို ယနေ့ ဖေဖော်ဝါရီလ ၂ရက်တွင် ပြုလုပ်သည်။ အဆိုပါ နွေဦးတော်လှန်းရေးသပိတ်တွင် လူရာနှင့်ချီပါဝင်ခဲ့ပြီး PDF ၊ ပကဖ အဖွဲ့များက ဝန်းရံကာ ဆန္ဒပြခြင်းဖြစ်ပြီး စစ်အာဏာရှင်...

ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် လောင်းလုံးတွင် ဆန္ဒပြလှုပ်ရှားမှုပြုလုပ်

စစ်ကောင်စီက ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဆန္ဒပြလှုပ်ရှားမှု ယနေ့ပြုလုပ်ခဲ့ကြသည်။

ရေဖြူတွင် စစ်ကြောင်းထိုးချိန် နေအိမ်၁၇လုံးမီးရှို့ခံရပြီး ရဟန်းတစ်ပါးနှင့် အရပ်သားခုနစ်ဦးပစ်ခတ်ခံရ

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်သည့် ၁၂ရက်တာ အတွင်း နေအိမ် ၁၇လုံးမီးရှို့ခံရပြီး ဘုန်းကြီးတစ်ပါးနှင့် အရပ်သားခုနစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံထံမှသိရသည်။ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့မှ ၁၉ ရက်အထိ လဲရှောင်၊...