စစ်တလင်းဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ အခုတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို ခမ်းခမ်းနားနား ကျင်းပပေးနိုင်တဲ့အဆင့်ဆီ ရောက်သွားပါပြီ

0
1659

စစ်တလင်းမြေပြင်ဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ လက်ရှိမှာတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် ခမ်းခမ်းနားနား လက်ခံကျင်းပပေးနိုင်တဲ့နိုင်ငံအဆင့်ဆီကို ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အီရတ်ဟာ ၂၅ ကြိမ်မြောက် ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခွင့်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မနေ့တုန်းက ခမ်းခမ်းနားနားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားဓာတ်ပုံတွေကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေမှု များပြားနေပြီး စစ်မြေပြင်ဖြစ်ခဲ့တဲ့နိုင်ငံရဲ့ခမ်းနားလှတဲ့အပြောင်းအလဲအရွေ့သစ်လို့ ခေါင်းစဉ်တပ် ချီးကျူးမှုတွေလည်း ရှိနေပါတယ်။

၂၅ ကြိမ်မြောက် ပင်လယ်ကွေ့ဖလားပြိုင်ပွဲမှာ အုပ်စုနှစ်ခု ပါဝင်ပြီး အုပ်စု(က)မှာတော့ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်နဲ့ ယီမင်၊ အုပ်စု(ခ)မှာတော့ ကာတာ၊ ကူဝိတ်၊ ဘာရိန်းနဲ့ ယူအေအီးတို့ ကျရောက်နေပါတယ်။

ပြိုင်ပွဲဖွင့်ပွဲနေ့မှာ အုပ်စု(က)က ပွဲစဉ် နှစ်ပွဲကို ယှဉ်ပြိုင်စေခဲ့ပြီး အီရတ်နဲ့ အိုမန်တို့က ဂိုးမရှိ သရေကျကာ ဆော်ဒီအာရေဗျက ယီမင်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။