အက်ဖ်အေဖလားပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ခြင်း

0
2601

ဒီနေ့မှာတော့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့တတိယအဆင့်ပွဲစဉ်တွေကို ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာတော့ မန်ယူက အဲဗာတန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားခဲ့ပါပြီ။ ဆက်လက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေထဲမှာလည်း မန်စီးတီးနဲ့ ချယ်လ်ဆီး၊ လီဗာပူးနဲ့ ဝုလ်ဗာဟမ်တန်တို့လို အသင်းတွေ ထိပ်တိုက်တွေ့နေကြတဲ့အတွက် ပွဲကောင်းတွေကို မြင်တွေ့ရဦးမှာပါ။ ရင်ခုန်စိတ်လှုပ်ရှားစရာ အားပြိုင်ပွဲတွေ ပါဝင်နေတဲ့အတွက် အက်ဖ်အေဖလားပြိုင်ပွဲကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုရသ အပြည့်အဝ ပေးစွမ်းပါလိမ့်မယ်။ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးနုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။