စူပါမင်းသား ဖြစ်ချင်မိတော့သည်

ငယ်ငယ်က စူပါမင်းရုပ်ရှင်ကား ကြည့်ပြီး စူပါမင်းလို လေထဲမှာ ပျံသန်း ချင်စိတ်မျိုး ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်း အရွယ်လေး ရလာတော့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားရင်းဖြင့် ငယ် ငယ်က ဖြစ်ဖူးခဲ့သည့် စူပါမင်းလို လေထဲ တွင် ပျံချင်စိတ်က မေ့မေ့ပျောက်ပျောက် ပင်။ အခုမှ...

” ကျွန်မတို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့ကတော့ အစိုးရ မလုပ်တတ်ပါဘူး ” – တစ်နှစ်သားတိုင်းအစိုးရအတွက် ပြည်သူ့ ရီပို့ကတ်

၂၀၁၆ခုနှစ်ဧပြီလတွင် စတင် တာဝန်ယူခဲ့သော တနင်္သာရီတိုင်း ဒေသကြီး အစိုးရသစ် သက်တမ်းတစ်နှစ် ပြည့်ပြီ ဖြစ်သည်။ တိုင်းအစိုးရအဖွဲ့၏ ခေါင်းဆောင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တစ်နှစ်သားတိုင်းအစိုးရ အမှားများစွာ ကြုံခဲ့ကြောင်း ပြောသည်။ " ကျွန်မတို့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ကတော့ အစိုးရမလုပ်တတ်ပါဘူး၊ ကျွန်မ အမှန်တိုင်းပဲ ပြောတယ်။...

အသံချဲ့စက် ကိစ္စ ပညာပေးရမည့်သူ

အသံချဲ့စက်နှင့် ပတ်သက်ပြီး ညည်းတွားကြ ပေါက်ကွဲကြသည်ကို  အခါမလပ်ကြားနေရသည်။ မင်္ဂလာဆောင်များတွင်လည်း မင်္ဂလာဆောင်အလျှောက်၊ အသုဘတွင်လည်း အသုဘအလျှောက်၊ ကထိန်တွင်လည်း ကထိန်အလျှောက် ဆူညံ ပွက်လောရိုက်အောင် ဖွင့်ကြသည်။ အိမ်တံခါးတွေ တဒီးဒီးတုန်ခါသွားသည်အထိ ဖွင့်ကြသည်။

ခွင့်ပြုချက်မရှိဘဲ ဒီရေတောတွေ အပြောင်ရှင်းခွင့် ရှိသလား

ခွင့်ပြုချက်မရှိဘဲ ဒီရေတော ဧက ထောင်ချီ အပြောင်ရှင်းနေသည်ကို မည်သည့်အချိန်တွင် တားမြစ်ပြီး  အမြန်ဆုံး အရေးယူသွားမည်နည်းဟု ဦးဇော်ဟိန်းက အမျိုးသားလွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။ မတ်လ ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးအား ဆက်သွယ်မေးမြန်းခြင်း

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်၊ GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေး၊ အထွေထွေမန်နေဂျာ ဦးသူရအုံနှင့် ဒါရိုက်တာ ဦးအောင်မြတ် တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှုဖြင့် မတ်လ ၁၀ ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ဒေသခံတို့၏ တိုင်ကြားချက်များအရ ကော်မရှင်အနေဖြင့်...

ဘယ်လိုဆုံးမကြမလဲ

“ဆုံးမ”ဆိုသည့်စကားလုံးကို အသေ အချာဆန်းစစ်ကြည့်သောအခါ အဓိပ္ပာယ် သတ်မှတ်ချက်က နှစ်ပိုင်းရှိနေသည်ကို တွေ့ရသည်။ ပထမပိုင်းကတော့ လိမ္မာ ယဉ်ကျေးအောင် သွန်သင်သည်တဲ့။ ဒုတိယအပိုင်းကတော့ အပြစ်ဒဏ်ပေးသည်။ စီရင်သည်တဲ့။ ဆိုတော့ ကျွန်တော် တို့အနေဖြင့် ဆုံးမသည်ဟု ဆိုလိုက်သည်နှင့် ရည်ရွယ်ချက်နှစ်ခုရှိသည်ကို သတိပြု ရပေမည်။ လိမ္မာယဉ်ကျေးလာအောင် သွန်သင်သည့်အပိုင်းနှင့် အပြစ်ဒဏ်ပေး သည့်အပိုင်းတို့ ဖြစ်သည်။...

ထားဝယ်အထူးစီးပွားရေးဇုန် ခြောက်အိပ်မက်

ရွာပြန်လာတိုင်း ရေနက်ဆိပ်ကမ်း ဘယ်တော့စမလဲလို့ အမေးခံရတယ်။ မေးတဲ့ လူအုပ်စု နှစ်စုရှိတယ်။ အလုပ် လိုချင်လို့ဆိုတဲ့ လူငယ်အုပ်စုနဲ့ အဲဒီ ဘက်မှာ မြေတွေဝယ်ထားပြီး လျော်ကြေး မျှော်နေကြတဲ့အုပ်စု။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...

မီတာခကိစ္စ အပေါင်း /အနှုတ် / အမြောက် / အစား

အားလုံးသိထားပြီးသားပါ။ ပြည်မနဲ့ ဆယ်ဆတစ်ဆကွာတဲ့ တနင်္သာရီတိုင်းရဲ့ လျှပ်စစ်မီတာခ အကြောင်းကို။ ထားဝယ်မှာ တစ်ယူနစ် ၂၀၀ကျပ် မြိတ်မှာ ကျပ် ၄၀၀ ကျော်၊ ကော့သောင်း မှာ ကျပ် ၃၇၀ ပေးနေရပါတယ်။ ဆိုရရင် ပြည်မမှာ တစ်လ မီတာခ ကျပ်ရှစ်ထောင် ကျတဲ့အချိန်မှာ တနင်္သာရီတိုင်းမှာ ကျပ်...

ဆယ်(လ်)မွန် သီချင်းသီဆိုရင်း ငါးဇင်ရိုင်း ဥနှိုက်

ဆယ်(လ်)မွန်ငါးတွေအကြောင်း တွေးကာ၊ ရေးကာနေတုန်း ကိုယ့်နံဘေး တစ်လံကွာက သဘာဝကို တစ်ခါတလေ မေ့ပစ်လိုက်ကြတယ်။ သိပ်အံ့ဩစရာတော့ မဟုတ်ပါဘူး၊၊ လူတွေက အနုပညာဖန်တီးမှုအောက် ရောက်မှာမှ သနားစရာကို သနားစရာလို့ မြင်လာတတ်ကြတယ်၊၊ ဆယ်(လ်)မွန် ငါးလေးတွေ သစ္စာ ရှိကြတယ်၊၊ သတ္တဝါတွေထဲမှာ ထူးထူး ခြားခြား သတ္တဝါတစ်မျိုးဆိုတာ မှန်ပါ တယ်၊၊...

ရေဒီယိုနေ့များနဲ့ ချောကလက် ရောင် တိပ်သား

အိမ်အောက်မှာ ကလေးနှစ်ယောက် အရုပ်လုရင်း ရန်ဖြစ်နေတယ်။ မီးဖိုချောင်ထဲ ချက်ပြုတ်နေရာက သူ့မိန်းမထွက်လာပြီး ကလေးတွေကို နားရင်းအုပ်၊ တိတ်ဖို့ ပြောတယ်။ အဲဒီ ပူညံ ဆူညံတွေအားလုံး သူနဲ့ဘာမှမပတ် သက်သလိုပုံစံနဲ့ ပက်လက်ကုလားထိုင် ပေါ်မှာ ဦးလေးဟာ ငြိမ့်လို့။ သူ့ဘေးမှာ ရေဒီယို။ "မာယာပရိယာယ် နှစ်သွယ်ယှက် လို့ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ...