သောက်ရေသန့်ဈေးမြင့်လာပြီးနောက် ရောင်းအားကျဆင်း

မြိတ်မြို့အတွင်း ဖြန့်ဝေနေသည့် သောက်ရေသန့်များ ဈေးမြင့်တက်ခဲ့ပြီးနောက် ရောင်းအားလျော့ကျလာကြောင်း ရေသန့်ဖြန့်ဝေနေသူများထံမှ သိရသည်။ လီတာ ၂၀ ဝင် သောက်ရေသန့်တစ်ဘူးကို ပြီးခဲ့သည့်နှစ်က ကျပ် ၅၀၀ သာရှိခဲ့ပြီး ယခုနှစ် မတ်လမှစတင်ကာ တဖြေးဖြေး ဈေးတက်လာပြီးနောက်...

မြိတ်တွင် ဝက်တချို့ သေဆုံးမှု အာဖရိကအပြင်းဖျားရောဂါမဟုတ်ဟုဆို

မိတ်တွင် ပြီးခဲ့သည့်အပတ်က ဝက်အချို့သေဆုံးခဲ့ရာ ယင်းမှာ လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် မဟုတ်ကြောင်း မြိတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြိတ်တွင် သေဆုံးနေသည့် ဝက်အချို့ ချောင်းမြောင်းများအတွင်း စွန့်ပစ်ထားသည်ကို ဇူလိုင်လ ၁၀...

မယ့်သမီးခီးစက်မှုဇုန် အစီရင်ခံစာ လာမည့် တနင်္သာရီတိုင်းလွှတ်တော် အစည်းအဝေးတွင် တင်မည်

ထိုင်း-မြန်မာနယ်စပ်ရှိ မယ့်သမီး ခီး(ထီးခီး)စက်မှုဇုန် လေ့လာတွေ့ရှိချက် အစီရင်ခံစာကို လာမည့် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း မယ့်သမီးခီးစက် မှုဇုန် လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးတိုးလွင်က ပြောသည်။ အဖွဲ့ဝင် ၁၄ ဦးရှိသည့် ကော်မရှင် က ဇွန်လ ၁၀...

ပက်ထရိုကုမ္ပဏီ လျှပ်စစ်မီး စပေးရန် ပြင်ဆင်

မြိတ်မြို့အား လက်ရှိလျှပ်စစ်ဓာတ် ဖြန့်ဖြူးနေသည့် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီထံမှ လွှဲပြောင်းကာ ဇူလိုင်လ ၁၉ ရက်နေ့တွင် လျှပ်စစ်မီးပေးနိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း Petro & Trans ကုမ္ပဏီထံမှသိရသည်။ တိုင်းဒေသကြီးအစိုးရနှင့် ချုပ်ဆိုထားသည့် စာချုပ်အရ...

တနင်္သာရီတိုင်းတွင် မွန်လုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

တနင်္သာရီတိုင်းတွင် မွန်လုပ်ငန်းရှင်များအသင်းအား စတင်ဖွဲ့စည်းလိုက်သည်။ တိုင်းအတွင်း မွန်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ နစ်နာမှု မရှိစေရန်၊ အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ တစ်စုတစ်စည်းတည်း ဖြစ်အောင် ယခုကဲ့သို့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း အဆိုပါအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမင်းမြင့်အောင်ထံမှ သိရသည်။

ကျွန်းစု ရေကန်တောင်ရွာ ပျုစောထီးခေါင်းဆောင် စက်လှေပေါက်ကွဲပြီးသေဆုံး

ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာအုပ်စုမှ ပျုစောထီးခေါင်းဆောင်တစ်ဦး စက်လှေမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မအိုင်ကျေးရွာအုပ်စု မအိုင်ကျေးရွာအနီးရှိ ဖိနပ်ကျွန်းတွင် စက်လှေပေါက်ကွဲမှုဖြစ်ပြီး လှေပေါ်လိုက်ပါလာသည့်...

မြိတ်အနာဂတ်ဖွံ့ ဖြိုးတိုးတက်ရေး ကုမ္ပဏီအိမ်ရာမြေများ အရစ်ကျ ရောင်းမည်

မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ အိမ်ရာမြေများကို အရစ်ကျ ရောင်းချ မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန် ရှိသူ ဦးအောင်မျိုးလတ်ထံမှ သိရသည်။ ရွှေဒူးကျေးရွာရှိ အနာဂတ်စိန်ပွင့် အိမ်ရာမြေစီမံကိန်းနှင့် ကလွင်ကျေးရွာ ရှိ ငွေပုလဲရပ်ကွက် အနာဂတ်ကြယ်စင် အိမ်ရာမြေ စီမံကိန်းအတွင်း စုစုပေါင်း မြေဧက ၁၆၀...

ထိန်းသိမ်းဧရိယာအတွင်း ငါးခိုးဖမ်းနေဆဲ

ဒေသခံများအားထိန်းသိမ်းခွင့်ပေး ထားသည့် ရေပြင်အတွင်း ငါးဖမ်းလှေ တချို့မှ ဝင်ရောက်ငါးခိုးဆွဲနေမှုများရှိနေဆဲဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာ ဒေသခံအစုအဖွဲ့ပိုင်ထိန်း သိမ်းရေး တာဝန်ခံဦးမြင့်လွင်က ပြော သည်။ ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာ တွင် ရေပြင်ဧက ၁၁၀၀၀ ခန့်နှင့်ကျွန်းစု...

သရဘွင်အရှေ့ကမ်းတွင် တိုက်ပွဲဖြစ်၊ တကူတွင် ဒေသခံအချို့ ဖမ်းဆီးခံရဟုဆို

တနင်္သာရီမြို့နယ်၊ သရဘွင်အရှေ့ကမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (မေ ၂၀) နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံက် ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများ...

မြိတ် လူမှုငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကွန်ရက် စဖွဲ့

မြိတ်တွင် လူမှုငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကွန်ရက်တစ်ခုကို မေလ ၇ ရက်နေ့က စတင်ဖွဲ့စည်း ခဲ့ကြောင်း မြိတ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် မေတ္တာလက်ကမ်းအဖွဲ့မှ သိရသည်။ မြိတ်ဒေသအတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်အား မေလ ၇ ရက်နေ့က...